တားမတ် အန်ဒရူး
တားမတ်စ် ဟိရန် အန်ဒရူးဇ် (အင်္ဂလိပ်: Thomas Hiram Andrews)[မှတ်စု ၁] သည် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာအခြေနေများအတွက် အထူးကိုယ်စားလှယ်လည်း ဖြစ်၏ ။[၁]
တားမတ်စ် အန်ဒရူးဇ် Thomas Andrews | |
---|---|
Member of the U.S. House of Representatives from Maine's Maine's 1st congressional district district | |
တာဝန်သက်တမ်း ၁၉၉၁ ဇန် ၃ – ၁၉၉၅ ဇန် ၃ | |
ယခင်လူ | Joseph E. Brennan |
ဆက်ခံသူ | James B. Longley, Jr. |
Member of the Maine Senate from the 30th district | |
တာဝန်သက်တမ်း ၁၉၈၅–၁၉၉၀ | |
ယခင်လူ | Charles P. Pray |
ဆက်ခံသူ | Gerard Conley Jr. |
Member of the Maine House of Representatives from the 21st district | |
တာဝန်သက်တမ်း ၁၉၈၃–၁၉၈၅ | |
ယခင်လူ | David Brenerman |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တားမတ်စ် ဟိရန် အန်ဒရူးဇ် (Thomas Hiram Andrews) မတ် ၂၂၊ ၁၉၅၃ အမေရိကန်ပြည်ထောင်စု၊ မင်ဆာချူးဆက်ပြည်နယ်၊ ဘရာ့ခ်တန်မြို့ |
နိုင်ငံရေးပါတီ | ဒီမိုကရက်တစ်ပါတီ |
၁၉၇၆ တွင် ဘိုးဒင်ကောလိပ် (Bowdoin College) မှ ဘွဲ့ရရှိခဲ့ကာ အယ်လ်ဖာ ရိုး အပ်ဆိုင်းလန် (Alpha Rho Upsilon) ကျောင်း လူမှုရေးအသင်း၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ၁၉၈၃ မှ ၁၉၈၅ အထိ မိန်းပြည်နယ် အောက်လွှတ်တော် (Maine House of Representatives) ၊ ၁၉၈၅ မှ ၁၉၉၀ အထိ ယင်းပြည်နယ်၏ အထက်လွှတ်တော် (Senate ) တို့တွင် ဆောင်ရွက်ခဲ့၍ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် သက်တမ်းနှစ်ခုကြာ တာဝန်ထမ်းခဲ့သည်။
၁၉၉၄ တွင် အောက်လွှတ်တော်၌ ဝင်ရောက်အရွေးမခံတော့ဘဲ အထက်လွှတ်တော်တွင် ပါဝင်မည်ဟု ကြေညာခဲ့သည်။ သို့သော် ရစ်ပါဘလစ်ကန်ပါတီမှ ပြိုင်ဘက် Olympia Snowe ကို မဲအရေအတွက်သိသိသာသာဖြင့် ရှုံးနိမ့်ခဲ့၏ ။
အန်ဒရူးဇ်သည် ၂၀၀၁ ခုတွင် "အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထုအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှု" (The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma) ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဥရောပ-မြန်မာ ကွန်ရက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရတို့အတွက် အတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့ပေသည်။[၁] ထို့နောက် Win Without War ညွန့်ပေါင်းအဖွဲ့အစည်း ၏ အမျိုးသားညွှန်ကြားရေးမှူး (National Director) အဖြစ် တာဝန်ယူခဲ့သည်။[၂][၃] ထို့နောက်ဆောင်ရွက်ခဲ့သည်များမှာ Council for a Livable World အဖွဲ့၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုကော်မတီ (PeacePAC) တွင် ဥက္ကဋ္ဌ၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအုပ်စု Just Foreign Policy တွင်လည်း တာဝန်ယူခဲ့သည်။[၄]
၂၀၁၆ တွင် Unitarian Universalist Service Committee ၏ အမှူဆောင်အရာရှိချုပ် (CEO) ဖြစ်လာခဲ့သည်။[၅] အန်ဒရူးဇ်သည် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့နှင့်အတူတွဲ၍ နိုင်ငံတကာအရေးကိစ္စများနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ ခရိုအေးရှား၊ ဆားဘီးယား၊ ယူကရိန်း၊ ယီမင် (ယဲမင်) နှင့် မြန်မာနိုင်ငံတို့အပါအဝင် နိုင်ငံအချို့ရှိ နိုင်ငံရေးပါတီများ၊ NGO များ၊ လွှတ်တော်အဖွဲ့ဝင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ဖူးငည်။[၁]
မှတ်စု
ပြင်ဆင်ရန်- ↑ Thomas ကို /ˈtɒ.məs/ တော/ထောမတ်စ် ဟု အင်္ဂလိပ်တို့က အသံထွက်ရှိသော်လည်း အမေရိကန်များကမူ /ˈtɑ.məs/ တား/ထားမတ်စ် ဟူ၍သာ ထွက်ရှိကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ Tom Andrews။ Office of the High Commissioner , UN။ 8 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Tom Andrews။ TheHuffingtonPost.com, Inc.။ 23 July 2016 တွင် ပြန်စစ်ပြီး။
- ↑ Coalition Urges NO Vote on Revised Defense Bill။ Win Without War (November 4, 2015)။ 23 July 2016 တွင် ပြန်စစ်ပြီး။
- ↑ Board - Just Foreign Policy။ 2 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2021 တွင် ပြန်စစ်ပြီး။
- ↑ UUSC Names Tom Andrews as New President and CEO - Unitarian Universalist Service Committee။ 11 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2021 တွင် ပြန်စစ်ပြီး။