တိကျသော အချိုးအဆများ နိယာမ

ဓာတုဗေဒတိကျသော အချိုးအဆများ နိယာမ (law of definite proportion) ကို ရံခါတွင် ပရူးစ်တ်၏ နိယာမ ဟုခေါ်ဆိုကာ ကိန်းသေ ဖွဲ့စည်းမှု နိယာမ (law of constant composition) အဖြစ်လည်းသိရှိကြသည်။ နိယာမက ပေးထားသော ဓာတုဒြပ်ပေါင်းတစ်ခုတွင် (ဒြပ်ထုအားဖြင့်) ကိန်းသေအချိုးရှိသော ဖွဲ့စည်းထားသည့် ဒြပ်စင်များ အစဉ်အမြဲ ပါဝင်သည်၊ ရင်းမြစ်နှင့် စမ်းသပ်ပြင်ဆင်မှုနည်းလမ်းတို့ အပေါ်တွင် မှီခိုမှု မရှိဟု ဆိုထားသည်။ ဥပမာ အောက်ဆီဂျင်သည် သန့်စင်သောရေ နမူနာတစ်ခု၏ ဒြပ်ထု၌ 8/9 ဖြင့် ဖွဲ့စည်းတည်ရှိသည်။ တစ်ဖက်၌ ဟိုက်ဒရိုဂျင်သည် ထိုဒြပ်ထု၏ ကျန်သောအပိုင်းဖြစ်သည့် 1/9 ဖြင့် ဖွဲ့စည်းသည်။ ဆိုလိုသည်မှာ ဒြပ်ပေါင်းတွင် ပါဝင်နေသော ထိုဒြပ်စင်နှစ်ခု၏ ဒြပ်ထုသည် အမြဲတမ်း တူညီသော အချိုးဖြင့် ရှိနေမည်ဖြစ်သည်။ များပြားပြောင်းလဲသော အချိုးအဆများ နိယာမ (law of multiple proportions) နှင့်အတူ ဤတိကျသော အချိုးအဆများ နိယာမသည် stoichiometry ၏ အခြေခံပုံစံဖြစ်လာသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Zumdahl, S. S. “Chemistry” Heath, 1986: Lexington, MA. ISBN 0-669-04529-2.