အရှင်တိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အရှင်တိပုပ္ဖိယထေရ် သည် တော၌ မုဆိုးတစ်ဦး ဖြစ်၏။ ထိုမုဆိုးသည် ဝိပဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်ကို ဖူးမြင်ရ၍ ပန်းသုံးပွင့်တို့ဖြင့် ကြဲမြှောက်ကာ ပူဇော်ခဲ့၏။ ထို့နောက် ကြွေကျနေသော ဗောဓိရွက်တို့ကို ကောက်ယူကာ အပြင်၌ စွန့်ပစ်၏။ ထိုသို့ သခွတ်ဗောဓိပင်ကို ရှိခိုးပူဇော်မှု ပြုပြီးသောအခါ ထိုအပင်ရင်း၌ပင် သေဆုံးခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဗောဓိပင်ကို ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် သုံးဆယ့်သုံးကမ္ဘာထက်တွင်လည်း “သမန္တပါသာဒိက” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တိပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်