တိဗက်

အာရှတိုက်မှကုန်းမြင့်ဒေသ

ကိုဩဒိနိတ်: 31°N 89°E / 31°N 89°E / 31; 89

တိဗက်ပြည်သည် အာရှတိုက်အလယ်ပိုင်းရှိ အလွန်မြင့်မားသောကုန်းမြေပြင်ပေါ်၌ တည်ရှိသည်။ တောင်ဘက်၌ ဟိမဝန္တာတောင်တန်းသည် တိဗက်ပြည်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပိုင်းခြားထားသည်။ တောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး မသာယာသဖြင့် နိုင်ငံခြားသားများ အရောက်အပေါက်နည်းသည်။ တိဗက်လူမျိုးတို့ ကိုယ်တိုင်ကလည်း ရှေးထုံးတမ်းစဉ်လာကို စွဲမြဲယုံကြည်သူများ ဖြစ်သည့်အားလျော်စွာ နှစ်ပေါင်းများစွာပင် ပြင်ပနိုင်ငံများနှင့် ဆက်သွယ်မှုကင်းကွာခဲ့လေ သည်။

Cultural/historical, (highlighted) depicted with various competing territorial claims

              တိဗက်အစိုးရမှ နယ်နမိတ်သတ်ထားသော နေရာများ
  တရုတ်မှစီမံထားသော တိဗက်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေရာဒေသများ
  တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
တရုတ်မှအုပ်ချုပ်သော်လည်း အိန္ဒိယနိုင်ငံမှ လာတက်၏‌ဒေသဟု သတ်မှတ်သောနေရာ
အိန္ဒိယမှအုပ်ချုပ်သော်လည်း တရုတ်မှ "တောင်တိဗက်" ဟူ၍ သတ်မှတ်သောနေရာ
တိဗက်၏ယဉ်ကျေးမှု လွှမ်းမိုးရာဒေသများ
တိဗက်
"တိဗက်" ကို တိဗက်ဘာသာ (အပေါ်) နှင့် တရုတ်ဘာသာ (အောက်) တို့ဖြင့်ရေးသားပုံ
တရုတ်အမည်
တရုတ်西藏
ဆိုလိုရင်း"Western Tsang"
တိဘက်အမည်
Tibetanတမ်းပလိတ်:Bo-textonly
တိဗက်အလံ

တိဗက်ပြည်သည် အာရှတိုက် အလယ်ပိုင်း၊ ဟိမဝန္တာနှင့် ကွန်းလွန်းတောင်တန်းကြီးများအကြား၊ အနောက်ဘက် ပြည်နယ်မှ အရှေ့ဘက် တရုတ်နိုင်ငံအထိ ရှည်လျားသော ကုန်းမြေမြင့်ပေါ်တွင် တည်ရှိသည်။ တောင်ဘက်တွင် အာသံ၊ ဘူတန်၊ ဆစ်ကင်နှင့် နီပေါပြည်တို့ရှိ၍၊ မြောက်ဘက်တွင် ဆင်ကျန်နယ်နှင့် အရှေ့ဘက်တွင် တရုတ်ပြည်နယ်များဖြစ်သော ကိုကိုးနော်(ချင်ဟိုင်း)နှင့် ဆီ ကန်နယ်တို့ ရှိကြသည်။ အကျယ်အဝန်းမှာ ၄၇ဝဝဝဝ စတု ရန်းမိုင်ခန့်ဖြစ်၍၊ အရှေ့နှင့်အနောက် မိုင်ပေါင်း ၈ဝဝ၊ တောင် နှင့်မြောက် မိုင်ပေါင်း ၆ဝဝ ရှိလေသည်။ လူဦးရေ ၃ သန်းခန့် ရှိသည်။ မြို့တော်မှာ လာဆာမြို့ ဖြစ်သည်။

တိဗက်ပြည်သည် ပေပေါင်း ၁၆ဝဝဝ ကျော်မြင့်သော လွင်ပြင်များနှင့် ပေပေါင်း ၂ဝဝဝဝ ကျော်မြင့်သော တောင် တန်းများဖြတ်သန်းလျက်ရှိသည့် ကုန်းမြေမြင့်ကြီးတစ်ခု ဖြစ် သည်။ ယန်ဆီမြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ် ဟူသော အာရှတိုက်ရှိ မြစ်ကြီးများ မြစ်ဖျားခံရာ အရပ်လည်း ဖြစ်သည်။ တိဗက်ပြည်သည် ဆီးနှင်းအစဉ်မပြတ် ကျ၍၊ ခြောက်သွေ့အေးမြသော တိုင်းပြည်ဖြစ်၏။ တိဗက်ပြည် မြောက်ပိုင်းသည် တောင်ပိုင်းထက် အထူးသဖြင့် အေး၍ ခြောက်သွေ့သဖြင့် သစ်ပင်ဝါးပင် ရှားပါး၏။ အတွင်းကျသော ချိုင့်ဝှမ်းများ၌ ဆားငန်အိုင်များစွာရှိသည်။ တောင်ပိုင်းရှိချိုင့်ဝှမ်း အရပ်ဒေသ များတွင်ကား ထွန်ယက်စိုက်ပျိုးနိုင်သည်။ တိဗက် ပြည်တွင် မကြာခဏလိုပင် နှင်းများသည်းထန်စွာကျ၍၊ လေပြင်းတိုက်တတ်သည်။ ထိုအခါ နှင်းမုန်တိုင်းသဖွယ်ဖြစ်တတ်၏။ အများအားဖြင့် နွေရာသီတွင် မိုးရွာသွန်း၍၊ တစ်နှစ်လျှင် မိုးရေချိန် ၈ လက်မမှ ၁ဝ လက်မအထိရွာသည်။ မြောက်ပိုင်းတွင် စာမရီနှင့် သိုးဆိတ်တို့စားသုံးရန်အတွက်ဖြစ်သော မြက်ပင်၊ ချုံဖုတ်များသာ ပေါက်ရောက်သည်။ တောင်ပိုင်းတွင်ကား စာမရီနှင့် သိုးဆိတ်များမွေးမြူခြင်းအပြင် မုယော၊ အုတ်ဂျုံ၊ ဂျုံစသည်တို့နှင့် ခါးဥဖြူ၊ အာလူး၊ ပဲအမျိုးမျိုး၊ ရာသီဥတုဒဏ် ခံနိုင်သော ဟင်းသီးဟင်းရွက် တို့ကိုလည်း စိုက်ပျိုးကြသည်။ အများအားဖြင့် တိဗက်လူမျိုးတို့သည် နေထိုင်ရာအတည်တကျ ဟူ၍မရှိဘဲ၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်း သွားလာ နေထိုင်သူများဖြစ်ကြသည်။ အုပ်စုအလိုက် စခန်းသာသောနေရာတို့သို့လှည့်ပတ်သွားလာကာ စာမရီအမွေးများဖြင့် ပြုလုပ်ထားသောတဲများ ထိုး၍ နေထိုင်တတ်ကြ၏။ အစားအသောက်မှာလည်း များသောအားဖြင့် စာမရီမှရသော နို့နှင့် မုယောတို့ဖြစ် ၏။ စာမရီ၏ချေးကို အခြောက်ပြုလုပ်၍၊ ထင်းဆိုက်ကြသည်။

တိဗက်လူမျိုးများသည် တစ်နေရာမှ တစ်နေရာသို့ စာမရီငှက်များ၊ မြည်းများ၊ ကုလားအုပ်များဖြင့် လှည့်လည်သွားလာ လေ့ရှိကြသည်။ တရုတ်နိုင်ငံဖက်သို့၎င်း၊ အိန္ဒိယနိုင်ငံဖက်သို့ ၎င်း မြင့်မားမတ်စောက်သော တောင်ကြားလမ်းများကိုဖြတ်၍ ကူးသန်းသွားလာကြရ၏။ လမ်းမကြီးများ၊ မီးရထားလမ်းများ ဟူ၍ မရှိသည့်ပြင် ဘီးတပ်ယာဉ်ဟူ၍လည်း မရှိသလောက်ပင် ဖြစ်၏။ ကုန်တင်လား၊ မြည်း၊ စာမရီနှင့် မြစ်ချောင်း တွင်း၌ ဖောင်များဖြင့်သာ စာပို့ခြင်း၊ ကူးသန်းသွားလာခြင်း ပြုလုပ်နိုင် ကြလေသည်။ လာဆာမြို့တွင်ကား ယခုအခါတွင် လှိုင်းတိုအသံ ဖမ်းစက်ဖြင့် ကာလကျွှားမြို့နှင့် ဆက်သွယ်၍၊ ကြေးနန်း သတင်းများကို ပို့ယူနေကြ၏။

အိုးလုပ်ခြင်း၊ သိုးမွေးထည်နှင့် ကော်ဇော်များ ရက်လုပ် ခြင်းအစရှိသော အိမ်တွင်းလုပ်ငန်းများ ရှိသော်လည်း၊ မပြော ပလောက်ချေ။ သားမွေး၊ ဆား၊ ရွှေ၊ သားရေစိမ်းနှင့် လက်ချား အစရှိသည်တို့ကို အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ၏။ တရုတ်နိုင်ငံမှ လက်ဖက်ခြောက်၊ ချည်ထည်၊ ပိုးချည်နှင့် အိန္ဒိယနိုင်ငံမှ ဆန်၊ ချည်ထည်နှင့် အခြားထုတ်လုပ်ပြီး ကုန်ပစ္စည်းတို့ကို ဝယ်ယူလေသည်။

တိဗက်ပြည်၏ ရှေ့ဦးသမိုင်းမှာ မရေရာလှချေ။ သေချာ ရေရာသောသမိုင်းဖြစ်စဉ်မှာ တရုတ်ခရီးသည်တစ်စု လာရောက် လည်ပတ်ခဲ့သည့် ခရစ် ၆၅ဝ ပြည့်နှစ်တွင်မှ အစပြုသည်ဟု ဆိုလေသည်။ ၁၃ ရာစုနှစ်ဦးလောက် တွင်ကား မွန်ဂိုဘုရင် ဂျင်ဂစ်ခန်က တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရ၏။ သူ၏မြေး တော် ပထမတရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်သည် လာမာဝါဒီတစ်ဦးဖြစ်လာလေသည်။ ဤသို့ လာမာအယူကို ယူခြင်းကား၊ နိုင်ငံရေးအရ တိဗက်ပြည်ကို သိမ်းသွင်းရန် ရည်ရွယ်ရင်းဖြစ်သည်။ ထိုကြောင့် ခရစ် ၁၂၇ဝ ပြည့်နှစ်တွင် ကူဗလိုင်ခန်သည် လာမာဘုရင်ကို သူ၏နန်းတော်သို့ဖိတ်ခေါ်၍၊ တရုတ်နိုင်ငံသို့ လက်ဆောင်ဆက်သရာ လက်အောက်ခံ တိဗက်ပြည်၏ ဘုရင်အဖြစ်ဖြင့် လက်ခံလိုက်လေသည်။ ထို လာမာဘုရင်ကား သကျအနွယ် ဖြစ်၏။ ခရစ် ၁၃၆ဝ ပြည့်နှစ် တွင် ထိုသကျအနွယ် လာမာဘုရင်တို့ အဆက်ပြတ်၍၊ သိကျ အနွယ် လာမာဘုရင်နန်းတက်၍ အုပ်စိုးရာ၊ သိကျလာမာဘုရင် နန်းဆက်တို့သည် နှစ်ပေါင်း ၃ဝဝ မျှ တိဗက်ပြည်ကို အုပ်စိုး နိုင်ခဲ့သည်။ ၁၅ ရာစု၏အစလောက်တွင် သိကျလာမာဘုရင်၏ တူတော်သည် ယခုခေတ်အများသိကြသော ဒလိုင်းလာမာဟူ သောအမည်ဖြင့် ထင်ရှားလာပြီးလျှင်၊ သူ၏အဆက်အနွယ်တို့ကို ဒလိုင်းလာမာဟု ခေါ်လာကြသည်။ ဒလိုင်းလာမာ၏ ခေတ်တွင် ဒလိုင်းလာမာကို အကြံဉာဏ်ပေးသော တာရှိလာမာ ကို ခန့်အပ်လေရာ၊ ဒလိုင်းလာမာမင်းဆက်နှင့်အတူ တာရှိ လာမာမင်းဆက်တို့လည်း ပေါ်ပေါက်လာလေသည်။ နောင်အခါ တွင် တိဗက်ပြည်သည် တရုတ်တို့လက်အောက်သို့ ကျရောက်ခဲ့ သော်လည်း၊ ၁၉၁၁ ခုနှစ် တရုတ် ပြည်တော်လှန်ရေး ဖြစ်ပွား စဉ် တရုတ်တို့အား တိုက်ထုတ်ခဲ့ကြသဖြင့်၊ ၁၉၁၃ ခုနှစ်မှစ၍ လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့ပြန်၏။

၁၉၂၅ ခုနှစ်တွင် လာမာဂိုဏ်း နှစ်ဂိုဏ်းကွဲ၍၊ ဒလိုင်း လာမာနှင့် ပန်ချင်လာမာဂိုဏ်းဟု ဖြစ်ပေါ်လာသဖြင့်၊ တိဗက် ပြည်သူပြည်သားများက ဒလိုင်းလာမာကို တိုင်းပြည် အုပ်ချုပ် ရေးအတွက်၎င်း၊ ပန်ချင်လာမာ ကို သာသနာရေးအတွက်၎င်း အာဏာပိုင်များဟူ၍ ခွဲခြားကာ အသိအမှတ်ပြုခဲ့ကြလေသည်။ တရုတ်တို့သည် တိဗက်ပြည်တွင် ပြန်လည်၍ ဩဇာလွှမ်း မိုးရန် ကြိုးစားခဲ့သော်လည်း၊ မအောင်မြင်ခဲ့ချေ။ သို့သော် ၁၉၃၉ ခုနှစ်မှစ၍ တိဗက်နိုင်ငံ၌ တရုတ်ကိုယ်စားလှယ်တစ်ဦး ကို ထားခွင့်ရလာလေသည်။

ပညာရေးတွင် သာသနာရေးလွှမ်းမိုးနေသဖြင့် ဘုန်းကြီး ကျောင်းများ၌သာ ရဟန်းအဖြစ်ခံယူရန် သင်ကြားကြလေသည်။ သာသနာရေးအရာရှိများနှင့် အစိုးရအရာရှိများအတွက် လာဆာ တွင် ကျောင်းတော်ကြီး နှစ်ကျောင်းရှိသည်။ သာမန်အားဖြင့် ကား ကလေးသူငယ်များသည် ရွာဘုန်းကြီးကျောင်းတွင် စာသင် ကြရ၏။ အနောက်နိုင်ငံပညာရေး ပို့ချပေးရန်အတွက် သာသနာ ပြုကျောင်းများ တည်ထောင်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း၊ မအောင်မြင်ကြချေ။

တိဗက်ပြည်သူပြည်သားတို့၏ အယူဝါဒ၌ ရဟန်းမင်းကြီး အား ဘုရားလောင်းဝင်စားသူဟူ၍ ယူဆကြ၏။ ရဟန်းမင်းကြီး ပျံလွန်လျှင် သူ၏ဝိညာဉ်သည် တိဗက်ပြည်၌ပင် ဝင်စားသည့် အတွက်၊ ရဟန်းမင်းကြီးဟောင်း ဝင်စားသည်ဟု ယုံကြည်ရ သော မွေးစကလေးငယ်တစ်ယောက်ကို စုံစမ်းရှာဖွေပြီးနောက် လာဆာမြို့သို့ ခေါ်ဆောင်၍၊ ရဟန်းမင်းကြီးအဖြစ် တင် ကာ ရင်ခွင်ပိုက်အဖွဲ့ဖြင့် အုပ်ချုပ်စေလေသည်။ ထိုနောက် ထို သူငယ်သည် ၁၈ နှစ်သားအရွယ်သို့ရောက်သော်၊ တိဗက်ပြည် အလုံးကို စိုးမိုးအုပ်ချုပ်ရသော အာဏာပိုင်မင်းအဖြစ်ကို ခံယူရ လေသည်။

၁၉၃၃ ခုနှစ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလာမာပျံလွန် ခဲ့ပြီးနောက်၊ အသက် ၅ နှစ်မျှသာရှိသေးသော ဒလိုင်းလာမာ ငယ်ကလေးကို တောရွာတစ်ရွာမှတွေ့ရှိခဲ့၍၊ ၁၉၃၉ ခုနှစ်တွင် လာဆာသို့ခေါ်ဆောင်ကာ ၁၉၄ဝ ပြည့်နှစ် ဖေ‌ဖော်ဝါရီလတွင် ရင်ခွင်ပိုက်အဖွဲ့ဖြင့် အုပ်စိုးစေလျက် ၁၉၅ဝ ပြည့်နှစ် နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင်ကား ၁၄ ဆက်မြောက် ဒလိုင်းလာမာအဖြစ်ဖြင့် လုံးဝအာဏာလွှဲအပ်ပေးလိုက်လေသည်။ ၁၉၅ဝ ပြည့်နှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုး ရ၏ တပ်များသည် တိဗက်ပြည်တွင်းသို့ ဝင်ရောက်လာလေသည်။ ထိုနောက် ၁၉၅၁ ခုနှစ်တွင် တိဗက်ပြည်နှင့် တရုတ် နိုင်ငံတို့ နှစ်ဦးသဘောတူ စာချုပ်တစ်ရပ်ကို ပီကင်းမြို့တွင် ချုပ်ဆိုခဲ့လေသည်။

စာချုပ်အရ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကို တရုတ် အစိုးရက ကြိုးကိုင်၍၊ တိဗက်ပြည်ကမူ ပြည်တွင်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့လေသည်။ ၁၉၅၁ခုနှစ်တွင် တိဗက်ပြည်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်လာပြီးဟူသောသဘောဖြင့် ဒလိုင်းလာမာနှင့် ပန်ချင်လာမာတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတိုင်ပင်ခံအဖွဲ့တွင် ပါဝင်စေခဲ့သည်။ ယခုခေတ် တိဗက်ပြည်ကို တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ပြည်နယ်အဖြစ် တည်ထောင်ရန်အတွက် ပြင်ဆင် ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့တွင် ဒလိုင်းလာမာသည် သဘာပတိအဖြစ်ဖြင့်၎င်း၊ ပန်ချင်လာမာနှင့် တရုတ်ကွန်မျူနစ် ဗိုလ်ချုပ်ချန်ကူအိုဟူအာ(လက်ရှိတိဗက်ပြည် ၏ တပ်မတော်ဗိုလ်ချုပ်ကြီး)တို့သည် ဒုတိယသဘာပတိများ အဖြစ်ဖြင့်၎င်း ဆောင်ရွက်ရမည်ဖြစ်၏။ အဖွဲ့တွင် အခြားအဖွဲ့ ဝင် ၅၁ ဦးပါဝင်ရာ၊ တိဗက်ပြည်နယ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦး၊ ပန်ချင်လာမာ၏ သာသနာရေးအဖွဲ့မှ ကိုယ်စားလှယ် ၁ဝ ဦး၊ ချမ်ဒိုဒေသ၏ ပြည်သူ့ လွတ်မြောက်ရေး ကော်မတီအဖွဲ့မှ ကိုယ်စားလှယ် ၁ဝ ဦး၊ တိဗက်ပြည်ပိုင်အစိုးရ၏ အစိုးရကိုယ်စားလှယ် ၅ ဦးနှင့် ထင် ရှားသော ဘုန်းတော်ကြီးကျောင်းများ၊ သာသနာဂိုဏ်းများနှင့် လူထုအဖွဲ့များမှ ကိုယ်စားလှယ် ၁၁ ဦးတို့ ပါဝင်မည်ဖြစ်လေ သည်။ ထို့ပြင် ထိုအဖွဲ့ကြီးလက်အောက်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေးရာအဖွဲ့၊ သာသနာရေးအဖွဲ့ဟူ၍ အဖွဲ့ငယ်နှစ်ခုရှိမည့်အပြင်၊ ပြည်သူ့ရေးရာ၊ ဘဏ္ဍာရေး၊ တည်ဆောက်ရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့လုံခြုံမှု၊ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောများထူထောင်ရေး၊ စက်မှုလက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး တည်းဟူသော ဌာနခွဲ ၁ဝ ခုရှိမည်ဖြစ်လေသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ခေတ်သစ်တိဗက်ပြည်ကို ခေတ်မှီလာအောင်၊ လျှပ်စစ်ဓာတ်အားပေးရုံနှင့် လေယာဉ်ကွင်းဆောက်လုပ်လျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးကိုလည်း တိုးချဲ့လျက်ရှိသည်။

မှတ်ချက်

ပြင်ဆင်ရန်

အထက်ဖော်ပြပါ အချက်အလက်များသည် ထပ်မံဖြည့်စွက်ရန်၊ ဆန်းစစ်ရန် လိုအပ်နိုင်သည်။ ပြည့်စုံသည်ဟု မဆိုနိုင်ပါ။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)