တိမူး (Chagatay: تيمور ၊ ၁၃၃၆ ဧပြီ ၉ - ၁၄၀၅ ဖေဖော်ဝါရီ ၁၉) နောက် တိမူး ဂါခါနီ (Chagatay: تيمور کورگن) အမည်ဖြင့်လည်း ထင်ရှားသူသည် တာကို-မွန်ဂိုနယ်ကို သိမ်းပိုက်ခဲ့သူဖြစ်ပြီး တိမူရစ်အင်ပါယာကို ယနေ့ အာဖဂန်နစ္စတန်အီရန်နှင့် ဗဟိုအာရှဒေသဖြစ်လာမည့် မြေအဝန်းအဝိုင်းတွင် ထူထောင်ကာ တိမူရစ်မင်းဆက်၏ ပထမဆုံး မင်းဆက်ထောင်မင်း ဖြစ်လာသည်။ [၁] တကြိမ်မှမရှုံးဖူးသဖြင့် သူ့ကို အကြီးကျယ်ဆုံးသော စစ်ခေါင်းဆောင်၊ ဗျူဟာရှင်များအနက် တဦးအဝင်အပါအဖြစ် သတ်မှတ်ခံရသည်။ [၂] တိမူးသည် အနုပညာဘက်တွင်လည်း ထူးချွန်မည့်သူဟု ခန့်မှန်းကြသည်။ အကြောင်းမှာ အီဘင် ခါလဒွန် (ခါတွန်၏သား) နှင့် ဟာဖစ်ဇီ အာဘရူကဲ့သို့သော အသိပညာရှင်များနှင့် ပေါင်းသင်းကာ တိမူရစ်ရီနေဆန်းကို သူ၏အင်ပါယာအတွင်း မိတ်ဆက်ပေးခြင်းကြောင့်တည်း။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. Heissig, Walther; Sagaster, Klaus (1989). Gedanke und Wirkung: Festschrift zum 90. Geburtstag von Nikolaus Poppe. p. 115.
  2. Josef W. Meri (2005). Medieval Islamic Civilization. Routledge. p. 812.
  3. Marozzi, Justin (2004). Tamerlane: Sword of Islam, conqueror of the world. HarperCollins.