တိရစ္ဆာန်အော်သံများ
သတ္တဝါတို့သည် အများအားဖြင့် မိမိတို့၏ အတွင်းစိတ်ဓာတ်ကို အသံဖြင့် ဖော်ထုတ်တတ်ကြသည်။ ယင်းသို့ဖော်ထုတ် ရာတွင် သတ္တဝါတစ်ခုနှင့်တစ်ခု မတူကြရုံမက အမျိုးတူသတ္တဝါ များ၌ပင် အကြီးနှင့်အငယ်လိုက်၍ အသံကွဲပြားမှု ရှိသေးသည်။ အသံများပြုကြသည်ကို သတ္တဝါအလိုက် အမျိုးမျိုးမှည့်ခေါ်ကြ ရာတွင် လူအသံပြုသည်ကို စကားပြောသည်၊ အော်သည်၊ ဟစ် သည် စသည်ဖြင့်ခေါ်၍၊ တိရစ္ဆာန်များ အသံပြုကြသည်ကို လည်း သူတို့က အောက်ပါအတိုင်း ခေါ်ဝေါ်မှတ်သားရပေ သည်။
ခွေး ဟောင်သည်။ ကျား ဟိန်းသည်။ ဆင် အော်သည်။ ခြသေ့င်္ ဟောက်သည်။ ချေ ဟောက်သည်။ သမင် တောက် သည်။ မြင်း ဟီသည်။ ဆိတ် မြည်သည်။ နွား တွန်သည်။ မျောက် အူသည်။ စိုင် အော်သည်။ ဆတ် ဟည်းသည်။ ကျီး အာသည်။ ခို ညည်းသည်။ ချိုး ကူသည်။ ကြက်၊ ဒေါင်း၊ က၇ဝိတ်၊ မြွေ တွန်သည်။ ရှင့် တုတ်သည်။ အိမ်မြှောင် စုတ်ထိုးသည်။
ဤကဲ့သို့ တိရစ္ဆာန်အော်သံများကို မြန်မာဂန္ထဝင်တောလား ရတုများ၌ အများအပြားတွေ့ရသည်။ အင်းဝ ခေတ်စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ‘အောင်ဇေယျတု’ချီ ရွှေစက်တော်သွား တောလားရတုလေးပိုဒ်၌ တောတိရစ္ဆာန်များ မြည်ကြပုံကို ‘မြိုင့်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှည် စုတ်စုတ်နှင့်၊ ဘုတ်က အိမ့်အိမ့်၊ တဖိမ့်ဖိမ့်လျှင်’ဟူ၍ ရေးသား ခဲ့သည်သာမက၊ တောင်ငူခေတ်တွင်လည်း ‘စစ်ကိုင်း ထောင် သင်း၊ စလင်းလင်္ကျာ၊ ပြည်မှာနဝဒေး’ဟူ၍ ဘွဲ့သုံးမည်ရရှိခဲ့ သော စာဆိုတော် ပြည်နဝဒေကြီး၏ ‘ထူးတလည်လျှင်’ချီ တောလားရတုသုံးပိုဒ်တွင် တိရစ္ဆာန်များအော်ကြပုံကို ‘သံမြွက် ထွေငေါ်၊ ကျားဟိန်းသော်ကား၊ ထိုရော်မြိုင်ခွင်၊ သမင်က တောက်၊ ဒေါင်းက ငေါက်၍၊ ဟောက်သည့် ချေငယ်၊ ဒရယ် ကပြူ၊ မျောက်ကအူလျက်၊ စိုင်မူဆော်သည်း၊ ဆတ်ကဟည်း၍၊ ဆင်လည်းကျည်ကျည်၊ နတ်ငြင်းသည်မူ’ဟူ၍ ဖော်ပြထားပြန် သည်။ ထိုမှတစ်ပါး ရှင်ဇယန္တာဘိဓဇ၏ တောလားရတုပိုဒ်စုံ၌ လည်း ‘ပြောင်ဆည်ဟည်း၍၊ ဝက်လည်း ရုတ်ရုတ်၊ ရှည့်က တုတ်လျက်’စသည်ဖြင့် အလားတူ အရေးအသားများကို တွေ့ရလေသည်။
ကိုးကား
ပြင်ဆင်ရန်မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)