မဂ်ဖိုလ်မှ ဖီလာကန့်လန့်စကားရပ်ဟူသမျှသည် တိရစ္ဆာနကထာ ချည်းမည်၏၊ အနေက ဝိဟိတံ တိရစ္ဆာန ကထံဟု သီလက္ခန်ပေါဋ္ဌပါဒသုတ်၌ လာရှိသောကြောင့်လည်း တိရစ္ဆာနကထာကို ၃၂ ပါးဟု အတိအကျ သင်္ချာတပ်ရန်မလို။ သို့သော် ထို ပေါဋ္ဌပါဒသုတ် ပါဠိတော်မှပင် ၂၈ ပါးယူ၍ အခြားကျမ်းမှ ၄ ပါးနှင့် ၃၂ ပါးပြည့်အောင် ဖော်ပြနိုင်သည်။

တိရစ္ဆာန ကထာ ၃၂-ပါး ပြင်ဆင်ရန်

  1. ရာဇကထံ- မင်းနှင့်စပ်သောစကား၊
  2. စောရကထံသူခိုးနှင့်၎င်း၊
  3. မဟာမတ္ထကထံ- အမတ်ကြီး နှင့်၎င်း၊
  4. သေနာကထံစစ်သည်နှင့်၎င်း၊
  5. ဘယကထံ- ကြောက်မက်ဖွယ် နှင့်၎င်း၊
  6. ယုဒ္ဓကထံစစ်တိုက်ခြင်းနှင့်၎င်း၊
  7. အန္နကထံ- စားဖွယ်နှင့်၎င်း၊
  8. ပါနကထံသောက်ဖွယ် နှင့်၎င်း၊
  9. ဝတ္ထကထံ- အဝတ် နှင့်၎င်း၊
  10. သယနကထံအိပ်ရာနှင့် ၎င်း၊
  11. မာလာကထံ- ပန်း နှင့်၎င်း၊
  12. ဂန္ဓကထံနံ့သာမွှေးထုံနှင့် ၎င်း၊
  13. ညာတိကထံ-ဆွေမျိုးနှင၎င်း၊
  14. ယာနကထံ-ယာဉ်နှင့်၎င်း၊
  15. ဂါမကထံ- ရွာနှင့်၎င်း၊
  16. နိဂမကထံနိဂုံးနှင့်၎င်း၊
  17. နဂရကထံ- မြို့နှင့်၎င်း၊
  18. ဇနပဒကထံ- နယ်နှင့်၎င်း၊
  19. ဣတ္ထိကထံ- မိန်းမနှင့် ၎င်း၊
  20. ပုရိသကထံ- ယောက်ျားနှင့်၎င်း၊
  21. သူရကထံ- သူရဲကောင်းနှင့် ၎င်း၊
  22. ဝိသိခါကထံမြို့တွင်း လမ်းနှင့်၎င်း၊
  23. ကုမ္ဘ ဌာနကထံ- ရေခပ်ဆိပ်နှင့်၎င်း၊
  24. ပုပ္ဗေတကထံ- သေလွန်သူနှင့်၎င်း၊
  25. နာနတ္တကထံ- အထွေထွေနှင့်၎င်း၊
  26. လောကက္ခာယိကံ- လောကကြောင့်နှင့် ၎င်း၊
  27. သမုဒ္ဒက္ခာယိကံသမုဒ္ဒရာပင်လယ်နှင့်၎င်း၊
  28. ဣတိဘဝါဘဝကထံ- ကြီးပွားဆုတ်ယုတ်ခြင်း နှင့်၎င်း၊
  29. ဂမိကကထံ- ခရီးသည် နှင့်၎င်း၊
  30. ကုမာရကထံ လူပျိုနှင့် ၎င်း၊
  31. ကုမာရီကထံ- အပျို နှင့်၎င်း၊
  32. ကုမ္ဘဒါသီကထံရေရွက်ကျွန်မနှင့် စပ်သောစကား။

[၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. သုတေသန သရုပ်ပြ အဘိဓာန်
  2. ပေါဋ္ဌပါဒသုတ်၊ သီလက္ခန်