တိုက်ချင်းအမှတ် ၂၁ (တရုတ်: 大慶21號) သည် ၂၀၀၈ နိုဝင်ဘာ ၉ ရက်နေ့တွင် ကီရိဘာတီအနီး၌ မီးစွဲလောင်ပြီး အခွံသက်သက်သာတွေ့ရှိရသော ငါးဖမ်းသင်္ဘောဖြစ်သည်။ တန် ၅၀ အလေးချိန်ရှိ စွန့်ပစ်ခံ ထိုင်ဝမ်သင်္ဘောသည် ယခင်ရက်များအတွင်းက မီးစွဲလောင်မှုခံခဲ့ရပြီး သင်္ဘောပေါ်တွင် ပါရှိသော သက်ကယ်လှေနှင့် ဖောင် ၃ စင်း ပျောက်ဆုံးလျက်ရှိသည်။ မေဒေး (အကူအညီတောင်းခံမှု) ခေါ်ဆိုမှု မရှိခဲ့ပေ။ ၂၀၀၈ အောက်တိုဘာ ၂၈ တွင် ယင်းသင်္ဘောထံမှ နောက်ဆုံး ရေဒီယိုထုတ်လွှင့်ချက် ရရှိခဲ့သည်။ ယူအက်စ်လေတပ်မှ C-130 Hercules နှင့် နျူးဇီလန်လေတပ်မှ P-3 Orion တို့ဖြင့် ဖီဂျီကျွန်းမြောက်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ၂၁၀၀၀ စတုရန်းမိုင် (၅၄၀၀၀ စတုရန်းကီလိုမီတာ)အတွင်း ရှာဖွေခဲ့သော်လည်း ထိုင်ဝမ်သားကပ္ပတိန် (顏金港 ယန် ကျင်းကန်) နှင့် သင်္ဘောသားများ (တရုတ် ၁၈ ဦး ၊ အင်ဒိုနီးရှား ၆ ဦးနှင့် ဖီလစ်ပိုင် ၄ ဦး) ၏ အစအနကိုမျှမတွေ့ရှိရပေ။[၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. "Hopes dim for 29 Asian fishermen"၊ BBC Online၊ 25 November 2008။ 8 March 2011 တွင် ပြန်စစ်ပြီး 
  2. Liberty Times – Tai Ching 21 found. No signs of its crew members Archived 17 October 2012 at the Wayback Machine. (in Chinese)