တိုကျိုဗုံးကြဲမှု
၁၉၄၅ခုနှစ် မတ်လ ၉-၁၀ ညတစ်ညတွင်ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အား အမေရိကန်တပ်မတော်လေတပ် ဦးဆောင်သည့် လေတပ်မှ တိုကျိုအားဖွတ်ဖွတ်ညပ်ညပ်ကြေစေသောအောင်မီးလောင်ဗုံးကြဲတိုက်ခိုက်သည့်စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ခဲ့လေသည်။ ဤတိုက်ခိုက်မှုကြီးကို Operation Meetinghouse ဟု အမေရိကန် လေတပ်မှလျှို့ဝှက်အမည်ပေးခဲ့ပြီး ဂျပန်နိုင်ငံတွင် မဟာတိုကျိုလေကြောင်းစစ်ဆင်ရေးကြီးဟု အများသိကြသည်။ ဘိုးရင်း B-29 Superfortressအမျိုးအစား ဗုံးကြဲလေယာဉ်ပေါင်း ၂၇၉စင်းမှ အကြီးစားမီးလောင်းဗုံးကြီးများ ကြဲချခဲ့ပြီး တိုကျိုအရှေ့ပိုင်း နေရာတော်တော်များများအား မီးလောင်ကြွမ်းစေခဲ့သည်။ ဂျပန်လူမျိုးပေါင်း ၉၀၀၀၀ ကျော်နှင့် ၁၀၀၀၀၀ အားသေစေခဲ့ပြီး အများစုမှာ ပြည်သူများဖြစ်ကာ လူတစ်သန်းခန့် အိုးအိမ်မဲ့ဖြစ်စေခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်၏ လေကြောင်းတိုက်ခိုက်မှုတခုအတွင်းဖျက်ဆီးနိုင်မှုအများဆုံး မှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။ အမေရိကန်ရိကန်တို့ဘက်မှ လေယာဉ် ၁၄ စင်းနှင့် လေသူရဲ ၉၆ ယောက်အား ဆုံးရှုံးစေသော်လည်း ဂျပန်လေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး၏ ကြီးမားကျယ်ပြန့်သော လိုအပ်ချက်များအား သက်သေပြခဲ့သည်။ ဂျပန်အားလေကြောင်းတိုက်ခိုက်မှုများကို ၁၉၄၄ခုနှစ် ဇွန်လတွင်စတင်ခဲ့ပြီး တိုကျိုတိုက်ခိုက်မှုသည် အပြင်းထန်ဆုံးတစ်ခုဖြစ်သည်။ ဤစစ်ဆင်ရေးမတိုင်မီက USAAF သည်ဂျပန်စက်မှုဇုန်များအားတိကျသောဗုံးဖောက်ခွဲမှုလှုပ်ရှားမှုကိုအာရုံစိုက်ခဲ့သည်။ သို့သော်လည်း ယင်းတိုက်ခိုက်မှုများသည် မအောင်မြင်သောကြောင့် မီးလောင်ဗုံးကြဲခြင်းသို့ ပြောင်းလဲရန်ဆုံးဖြတ်ချက်အား တွန်းအားပေးခဲ့သည်။ မတ်လ ၁၀ရက်၏ အစောပိုင်းအချိန်များအတွင်း စစ်ဆင်းရေးအား ဂျပန်မြို့တော်အား အဓိကမီးလောင်ဗုံးကြဲခြင်းသည် ပထမဖြစ်ပြီး အမေရိကန်လေတပ်သည် တိကျသောစစ်ဆင်မှုများတွင် အသုံးပြုခဲ့သည် ညအချိန်တွင် လေယာဉ်များအား အနိမ့်ပျံသန်းကာ ဗုံးကြဲခြင်းကဲ့သို့သော မတူညီသည့် နည်းဗျူဟာများအသုံးချစေခဲ့သည်။ ဝင်ရောက်စီးနင်းမှုကြောင့်အကြီးအကျယ်ပျက်စီးခြင်း နည်းဗျူဟာများကို စစ်အပြီးအထိ USAAF ၏ B-29 များအတွက်စံဖြစ်လာသည်။ ထို မတ်လ၁၀ရက်နေ့ တိုကျိုဗုံးကြဲခြင်း၏ အကျင့်သိက္ခာအား ငြင်းခုံချက်သည် ကာလကြာရှည်နေပြီးဖြစ်သည်။ စစ်ဆင်မှုသည် မဟာမိတ်တို့၏ မဟာဗျူဟာမြောက် ဗုံးကြဲလှုပ်ရှားမှုများ၏ ဝေဖန်စရာများတွင် အဓိက သောချက်အဖြစ် မကြာခဏတိုက်ရိုက်ကိုကားပြီး မြောက်မြားစွာသော သမိုင်းပညာရှင်များနှင့် သုံးသပ်ချက်ပေးသူများက ငြင်းခုံနေကြသည်မှာ အမေရိကန်လေတပ်၏ ပြည်သူများအပေါ် ပစ်မှတ်ထားမှုသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် အခြားသမိုင်းပညာရှင်များက အမေရိကန်တို့အနေဖြင့် တိကျသောဗုံးကြဲမှုသာမအောင်မြင်ခဲ့လျှင် ဧရိယာဗုံးကြဲမှုနည်းဗျူဟာအားအသုံးပြုရမည့်ရွေးချယ်မှုအားပြောင်းလဲရန် ရွေးစရာမရှိသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ေယဘူယျအားဖြင့် တိုကျိုအားစစ်ဆင်ခဲ့သည် နည်းဗျူဟာနှင့် အခြားဆင်တူ ဗျူဟာများသည် စစ်ရေးအရအောင်မြင်မှုများဖြစ်သည်ဟု အသိအမှတ်ပြုရပေလိမ့်မည်။ ဤတိုက်ခိုက်မှုအား အထင်ကရအထိမ်းအမှတ်နှစ်ခု၊အခြား အထိမ်းအမှတ်အငယ်များနှင့် ပုဂ္ဂလိကပြတိုက်တစ်ခုတွင် အထိမ်းအမှတ်ပွဲများကျင်းပပေးသည်။
Bombing of Tokyo | |||||||
---|---|---|---|---|---|---|---|
the Bombing of Tokyo and Air raids on Japan during World War II၏ တစ်စိတ်တစ်ပိုင်း | |||||||
မတ်လ ၁၀ရက် ၁၉၄၅ခုနှစ်အတွက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တိုကျိုမြို့တစ်နေရာရှိ လမ်းမပေါ်မှ ဖြတ်သန်းလာပုံ | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
အမေရိကန် | ဂျပန် | ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
Curtis LeMay Thomas S. Power | Shizuichi Tanaka | ||||||
ပါဝင်သည့် တပ်ဖွဲ့များ | |||||||
XXI Bomber Command |
1st Antiaircraft Division 10th Air Division | ||||||
စစ်အင်အား | |||||||
325 bombers (279 bombers over target) |
Approximately 638 antiaircraft guns 90 fighter aircraft Professional and civilian firefighters | ||||||
အသေအပျောက် | |||||||
14 aircraft destroyed 96 aircrew killed or missing |
90,000 to 100,000 killed (most common estimates) Over one million homeless 267,171 buildings destroyed |