တိုကျို အမျိုးသားအားကစားကွင်း
တိုကျို အမျိုးသားအားကစားကွင်း သည် ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် တည်ရှိခဲ့သော ဘက်စုံသုံးအားကစားကွင်းတစ်ခုဖြစ်သည်။ ပရိသတ် ၄၈၀၀၀ဝင်ဆံ့ကာ ၁၉၅၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။၂၀၁၄ခုနှစ်တွင် ပိတ်သိမ်းကာ ၂၀၁၅ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ထိုနေရာ၌ အမျိုးသားအားကစားကွင်းအသစ်ကို တည်ဆောက်ခဲ့သည်။
Kokuritsu Kyōgijō | |
၂၀၀၄ခုနှစ်ကတွေ့ရစဉ် | |
တည်နေရာ | တိုကျိုမြို့၊ ဂျပန်နိုင်ငံ |
---|---|
ပိုင်ဆိုင်သူ | ဂျပန်အားကစားကောင်စီ |
ဝင်ဆံ့ပမာဏ | ၄၈၀၀၀ |
ကွင်းအရွယ် | ၁၀၅ m × ၆၈ m (၃၄၄ ft × ၂၂၃ ft) |
မျက်နှာပြင် | မြက် |
တည်ဆောက်ခြင်း | |
ဖွင့်လှစ် | မတ် ၁၉၅၈ |
ပိတ်သိမ်း | ၃၁ မေ ၂၀၁၄ |
ဖြိုဖျက် | မေ ၂၀၁၅ |
ဗိသုကာ | Mitsuo Katayama |
သမိုင်းကြောင်း
ပြင်ဆင်ရန်ယခင်အားကစားကွင်းဟောင်းနေရာတွင် တည်ဆောက်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ပြီးစီးခဲ့သည်။ဤအားကစားကွင်းတွင် ၁၉၅၈ အာရှအားကစားပြိုင်ပွဲနှင့် ၁၉၆၄ တိုကျိုအိုလံပစ်အပါအဝင် အားကစားပွဲများစွာကို လက်ခံကျင်းပခဲ့လေသည်။[၁] ၂၀၂၀ တိုကျိုအိုလံပစ်အတွက် ယခုအားကစားကွင်းအား ပြုပြင်မွမ်းမံရန် စီစဉ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် အလုံးစုံဖျက်သိမ်း၍ အသစ်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။၂၀၁၅ခုနှစ်တွင် စတင်ဖျက်သိမ်းခဲ့ကာ အားကစားကွင်းအသစ်ကို ၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ 1964 Summer Olympics official report. Archived 7 July 2010 at the Wayback Machine. Volume 1. Part 1. pp. 118–120.
- ↑ Demolition of Tokyo's old Olympic stadium completed, clearing way for new 2020 Olympic venue။ ESPN (2015-05-13)။