တိုင်ဖွန်း တန်ဘင် (၂၀၁၇)
ဖိလစ်ပိုင်တွင် တိုင်ဖွန်း ဗင်တာအဖြစ် သိကြသည့် တိုင်ဖွန်း တန်ဘင် (အင်္ဂလိပ်: Typhoon Tembin) သည် သေစေနိုင်သော အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကို ရိုက်ခတ်ခဲ့သည်။ တန်ဘင်ကို အားနည်းသော အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဒီဇင်ဘာလ ၁၆ရက်တွင် ကနဦး သတ်မှတ်ခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
တိုင်ဖွန်း (JMA စကေး) | |
---|---|
အဆင့် ၁ (Saffir–Simpson scale) | |
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းတွင် ပြင်းအားအမြင့်ဆုံးအဆင့် ရောက်ရှိနေသည့် တိုင်ဖွန်း တန်ဘင်ကို ဒီဇင်ဘာ ၂၄ တွင် တွေ့ရပုံ | |
ဖြစ်ပေါ်ခြင်း | ဒီဇင်ဘာ ၁၆၊ ၂၀၁၇ |
ကွယ်ပျောက်ခြင်း | ဒီဇင်ဘာ ၂၆၊ ၂၀၁၇ |
အမြင့်ဆုံးလေတိုက်နှုန်း | 10-minute sustained: တစ်နာရီ ၁၃၀ ကီလိုမီတာနှုန်း (တစ်နာရီ ၈၀ မိုင်နှုန်း) 1-minute sustained: ၁၅၀ ကီလိုမီတာနှုန်း (တစ်နာရီ ၉၀ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၇၅ mbar (hPa)၊ ၂၈.၇၉ inHg |
အသေအပျောက် | ၂၆၆ |
ပျက်စီးမှု | $၃၁.၁ သန်း (၂၀၁၇ USD) |
သက်ရောက်သည့် ဧရိယာ | Caroline Islands, ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ |
၂၀၁၂ ခုနှစ်က တိုင်ဖွန်း Bopha ဖြစ်ပွားပြီးနောက်ပိုင်း ယခုဖြစ်ပွားသော တိုင်ဖွန်းဘင်တန်သည် မင်ဒါနာအို ကျွန်းစုကို ရိုက်ခတ်သည့် အသေစေနိုင်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၅ ရက်မှစ၍ တိုင်ဖွန်းတန်ဘင်ကြောင့် ၂၇၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲမှ ၅ ဦးမှာ မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် ပင်လယ်ပြင် ကြမ်းတမ်းမှုကြောင့် ရေယာဉ်နစ်မြုပ် သေဆုံးခဲ့ခြင်းဖြစ်သည်။