တိုင်းစ်
တိုင်းစ် (အင်္ဂလိပ်: The Times, /သ တိုင်းမ်ဇ်/) သည် ဗြိတိသျှနေ့စဉ်သတင်းစာဖြစ်၍ လန်ဒန်တွင် အခြေစိုက်သည်။ "The Daily Universal Register" အမည်ဖြင့် ၁၇၈၅ တွင် စတင်ခဲ့၍ ၁၇၈၈ တွင် လက်ရှိအမည်ဖြင့် ပြောင်းလဲထုတ်ဝေခဲ့သည်။ တိုင်းစ်နှင့် ညီမသတင်းစာဖြစ်သော "The Sunday Times" ကို ၁၈၂၁ တွင် တည်ထောင်ခဲ့ပြီး "တိုင်းစ်သတင်းစာများ"အုပ်စုခွဲကပိုင်ဆိုင်ပြီး ယင်းအုပ်စုသည် "နယူးစ် ယူကေ"လုပ်ငန်း၏ အခွဲဖြစ်သည်။ "နယူးစ် ယူကေ"ကို ထပ်မံ၍ "နယူးစ် ကော်ပိုရေးရှင်" (News Corp) က ပိုင်ဆိုင်လေသည်။ "တိုင်းစ်" နှင့် "ဆန်းဒေးတိုင်းစ်" တို့ကို တသီးတခြား တည်ထောင်ခဲ့ကြကာ တည်းဖြတ်သူများလည်း မတူကြပေ။ ၁၉၆၆ နောက်ပိုင်းတွင် ပိုင်ရှင်တစ်ဦးတည်းဖြစ်လာခဲ့လေသည်။[၄]
အမျိုးအစား | နေ့စဉ်သတင်းစာ |
---|---|
ပုံစံအချိုးအစား | ဆိုက်သေး |
ပိုင်ဆိုင်သူ | နယူးစ် ယူကေ |
အယ်ဒီတာ | John Witherow[၁] |
တည်ထောင်ခြင်း | ၁ ဇန်နဝါရီ ၁၇၈၅ | (as The Daily Universal Register)
Political alignment | ကွန်ဆာဗေးတစ်ပါတီ လေဘာပါတီ (၂၀၀၁–၂၀၁၀) |
ဌာနချုပ်များ | The News Building, London, 1 London Bridge Place, SE1 9GF |
စောင်ရေ | ၃၅၉,၉၆၀ (ပုံနှိပ်, ၂၀၂၀ ဖေဖော်ဝါရီ) ၃၀၄,၀၀၀ (ဒီဂျစ်တယ်, ၂၀၁၉ ဇွန်)[၂][၃] |
ညီအစ်မ သတင်းစာများ | The Sunday Times |
ISSN | 0140-0460 |
ဝက်ဘ်ဆိုဒ် | thetimes.co.uk |
နိုင်ငံ | ယူနိုက်တက်ကင်းဒမ်း |
"တိုင်းစ်"သတင်းစာသည် "Times" ဟူသော ဝေါဟာရကို သုံးစွဲခဲ့သည့် ပထမဆုံးသတင်းဖြစ်၍ အခြားသော ယင်းဝေါဟာရပါ သတင်းစာများ (ဥပမာ-နယူးယောက်တိုင်းစ်၊ အိန္ဒိယတိုင်းစ် ) ၏ ဦးဆောင်ရှေ့ပြေးလည်းဖြစ်၏ ။ ဤဝေါဟာရပါသော သတင်းစာများသည် တိုင်းပြည်အများ၌ ဤစကားလုံးပါသော သတင်းစာများသည် ထင်ပေါ်ကျော်ကြားကြရာ "တိုင်းစ်"သတင်းစာကို များသောအားဖြင့် "လန်ဒန်တိုင်းစ်" (The London Times or The Times of London) ဟု ရည်ညွှန်ခြင်းလည်းရှိသည်။[၅][၆][၇] ထိုသို့ရည်ညွှန်းသော်လည်း သတင်းစာမှာ တစ်နိုင်ငံလုံးကို ခြုံငုံရေးသားဖော်ပြ၍ ဖြန့်ချိကြသည်။ ရည်ညွှန်းကိုးကားမှုများခိုင်လုံသော (မှတ်တမ်းပြုနိုင်သော) သတင်းစာအဖြစ် ယူနိုက်တက်ကင်းဒမ်းတွင် ယူဆကြ၏ ။[၈]
၂၀၁၉ ဇန်နဝါရီမှစ၍ "တိုင်းစ်"ကို နေ့စဉ်စောင်ရေ လေးသိန်းကျော်ကို ထုတ်ဝေကာ[၉] ယင်းကာလတွင် ဆန်းဒေးတိုင်းစ်သည် အပတ်စဉ်စောင်ရေအား ခုနစ်သိန်းကျော်ရှိခဲ့သည်။ [၉] "တိုင်းစ်"သတင်းစာအား အမေရိက၌ ထုတ်ဝေခြင်းကို ၂၀၀၆ ဇွန် ၆ မှစတင်ခဲ့သည်။[၁၀]
"တိုင်းစ်"သတင်းစာသည် စာကြည့်တိုက်များတွင် ကျယ်ပြန့်စွာ ရရှိနိုင်မှု၊ အသေးစိတ် အညွှန်းများကြောင့် ပညာရှင်၊ သုတေသနပြုလုပ်သူများက သုံးစွဲမှုများ၏ ။ ၂၀၁၀ အထိ ဒီဂျစ်တယ်အသွင်ပြောင်း သတင်းစာများစုစည်းထားမှု အပြည့်အစုံဖိုင်တစ်ခုကို ဂေးဘ်ဆန်ဂေ့ဂျ် (Gale Cengage) ပညာရေးဆိုင်ရာအဖွဲ့အစည်းထံမှ အွန်လိုင်းတွင် ရရှိနိုင်သည်။[၁၁][၁၂] တိုင်းစ်နယူးစ်ရိုမန် (Times News Roman) ဟုခေါ်သော (ယခင်ခေတ်)ခဲစာလုံး၊ ကွန်ပျူတာစာလုံးများသည် "တိုင်းစ်" သတင်းစာမှ ပေါက်ဖွားလာသော စာလုံးပုံစံဖြစ်သည်။[၁၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Katherine Rushton "John Witherow named acting editor of The Times as News International eyes merger", telegraph.co.uk, 18 January 2013
- ↑ The Times - Data - ABC | Audit Bureau of Circulations။
- ↑ The Times & The Sunday Times surpass 300,000 digital-only subscribers | News UK။
- ↑ Full History of the Times Newspaper (13 November 2019)။
- ↑ London Times: "Caster Semenya and the middle sex" | OII Australia – Intersex Australia။ Oii.org.au (20 November 2009)။ 8 April 2014 တွင် ပြန်စစ်ပြီး။
- ↑ London Times posts digital subs rise။ AdNews (4 July 2011)။ 8 April 2014 တွင် ပြန်စစ်ပြီး။
- ↑ "Times' editorial page calls for intervention to save Winehouse | Toronto Star"၊ Thestar.com၊ 26 January 2008။
- ↑ The UK's 'other paper of record' (19 January 2004)။
- ↑ ၉.၀ ၉.၁ National newspaper ABCs (14 February 2019)။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2019 တွင် ပြန်စစ်ပြီး။
- ↑ Pfanner၊ Eric။ "Times of London to Print Daily U.S. Edition"၊ 27 May 2006။
- ↑ The Times Digital Archive။ Gale Cengage Learning။ 11 February 2019 တွင် ပြန်စစ်ပြီး။
- ↑ Bingham, Adrian. "The Times Digital Archive, 1785–2006 (Gale Cengage)," English Historical Review (2013) 128#533 pp: 1037–1040. doi:10.1093/ehr/cet144
- ↑ TYPOlis: Times New Roman။ Typolis.de (3 October 1932)။ 8 April 2014 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |