တိုင်းနံဝဲ
တိုင်းနံဝဲ (အင်္ဂလိပ်: Tyne and Wear) သည် အင်္ဂလန်အရှေ့မြောက်ပိုင်းရှိ မြို့ပြစီရင်စုတခု ဖြစ်သည်။ တိုင်းမြစ်နှင့် ဝဲမြစ်တို့ ဆုံရာအရပ်တွင် ရှိ၏။ ၁၉၇၂ ဒေသအုပ်ချုပ်မှုဥပဒေအရ ၁၉၇၄ ခုတွင် မြို့အဖြစ် စတင်သတ်မှတ်သည်။ မြို့နယ်ခွဲ ၅ ခုဖြင့် ဖွဲ့ထားရာ ၎င်းတို့မှာ နယူးကာဆယ်အက်ပွန်တိုင်း (အတိုကောက် နယူးကာဆယ်)၊ ဂိတ်စဟတ်၊ နော့တိုင်းဆိုက်၊ ဆောက်တိုင်းဆိုက်နှင့် ဆန္ဒားလန်းတို့ ဖြစ်သည်။ မြောက်ဘက်တွင် နော့သမ္ဗလန်း၊ တောင်ဘက်တွင် ဒါဟမ်၊ အရှေ့ဘက်တွင် မြောက်ဘက်ပင်လယ်တို့ ရှိသည်။ နယ်မြေအရ အင်္ဂလန်အရှေ့မြောက်ပိုင်းတွင် အကျဉ်းဆုံးဖြစ်သော်လည်း လူဦးရေအရမူ အထူထပ်ဆုံးတည်း။