တိုင်းပင်သည် ‌မွှေးကြိုင်သည့် ဥယျဉ်သစ်နုပင်မျိုးဖြစ်သည်။ ထိုအပင်သည် ပူဒီနာအပင်မျိုးဖြစ်၏။ မျိုးစဉ်မှာ ‘လာဗီယတိ’ ဖြစ်သည်။ ဥယျဉ်များတွင်‌ပေါက်သည့် တိုင်းပင်မှာ ‘ဟိုင်းမတ်ဗာလဂါရစ်’ဖြစ်သည်။ တိုင်းပင်သည် အရွက်နှင့်ပင်စည်အတွင်း းရှိ ဆီ‌ကြောင့် ‌မွေးကြိုင်သည်။ မျိုးစိတ်တိုင်းတွင် ထိုဆီမျိုးရှိသည်။ အရွက်များသည် အလွန်‌သေးငယ်၏။ အပွင့်များသည် လည်း ‌သေးငယ်၍ အများအားဖြင့် စက်ဝိုင်းပတ်ပုံဖြင့် ပွင့်ကြသည်။

ပန်းပွင့်၏ အ‌ရောင်မှာ ခရမ်း‌ရောင်၊ အနီ‌ရောင် သို့မဟုတ် အဖြူ‌ရောင်ဖြစ်သည်။ ရိုးရိုးတိုင်းပင်သည် နွယ်၍ ပေါက်‌လေ့ရှိသည်။ ထိုအပင်မျိုးသည် ‌အေးသည့်ကမ္ဘာလုံးခြမ်းတွင် အလွန်‌ပေါများစွာ ‌ပေါက်သည်။ ‌ရှောက်နံ့ထွက်‌သော တိုင်းပင်တစ်မျိုးလည်းရှိသည်။ ဥယျာဉ်များတွင်‌ပေါက်‌သော တိုင်းပင်မျိုးသည် ရိုးရိုးတိုင်းပင်ထက် ပို၍မြင့်သည်။ ထိုအပင်၏ မူရင်း‌ဒေသမှာ ‌မြေထဲပင်လယ်‌ဒေသဖြစ်သည်။ တိုင်း‌မော‌ခေါ် ပိုးသတ်‌ဆေးတစ်မျိုးကို တိုင်းပင်၏ အရွက် နှင့် ပင်စည်တို့မှ ရသောဆီဖြင့် လုပ်ယူသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅