တိုင်းရင်းဆေးရုံကြီး (မန္တလေး)
မန္တလေး တိုင်းရင်းဆေးရုံကြီး သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် တည်ရှိသည်။ တိုင်းရင်းဆေးတက္ကသိုလ်၏ အနောက်ဘက်တွင်တည်ရှိပြီး ကုတင်(၁၀၀)ဝင်ဆံ့ကာ သင်ကြားရေးဆေးရုံလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သင်ကြားရေးတိုင်းရင်းဆေးရုံကြီးဖြစ်သည်။ တိုင်းရင်းဆေးရုံ၏ အနောက်ဘက်တွင် တိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေးဝါးစက်ရုံများလည်းရှိသည်။[၁]
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၇၆ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းဆေးပညာသင်ကျောင်းဖြစ်သော တိုင်းရင်းဆေးသိပ္ပံကို မန္တလေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ထိုနှစ် အောက်တိုဘာ ၄ရက်နေ့တွင် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံကို မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကုတင် (၅၀)ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့တွင် တိုင်းရင်းဆေးရုံကြီး (ရန်ကုန်)နှင့်အတူ ကုတင် (၁၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၂]
ပြခန်း
ပြင်ဆင်ရန်-
ဆေးရုံဝင်ပေါက်
-
ဆေးကုသဆောင်များ
-
ဆေးရုံဝင်း
-
ပြင်ပလူနာဌာန
ကိုးကား
ပြင်ဆင်ရန်- ↑ 100 Bedded Traditional Medicine Teaching Hospital in Mandalay to be turned into COVID-19 facility။ 13 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2021 တွင် ပြန်စစ်ပြီး။
- ↑ milestones of traditional medicine in Myanmar။[လင့်ခ်သေ]