တိုရှည်

တောင်အိန္ဒိယမှအစပြုသောပန်ကိတ်။

တိုရှည် (ဟင်ဒီ: हिन्दी) သည် ဆန်နှစ်ပါးပါးကို ဆီနည်းနည်းနှင့် ကျော်ထားသော အိန္ဒိယ အစားအစာဖြစ်သည်။ ယခင်က အိန္ဒိယတောင်ပိုင်းနှင့် သီရိလင်္ကာတို့၏ နေ့စဉ်စား စာရင်းတွင်သာ ပါသော်လည်း ယခုအခါ အိန္ဒိယတိုက်ငယ်တခုလုံးတွင် စားနေကြပြီ ဖြစ်သည်။ နှမ်းဖတ်ချဉ်၊ ပဲဟင်းတို့နှင့် ပူနေခိုက် စားရသည်။ အလီပူဒီ (ခေါ်) စပ်ဆားမှုန့်ဖြင့်လည်း စားတတ်သေးသည်။

မဆလာနှစ်၊ နှမ်းဖတ်ချဉ်၊ ပဲဟင်းတို့ဖြင့် ခင်းထားသော တိုရှည်ဗန်း