တိုဝဒကန် (十和田湖, Towada-ko) သည် ဂျပန်နိုင်ငံရှိ ကန်တစ်ခု ဖြစ်ပြီး ဟွန်းရှူးကျွန်းတွင် အကြီးဆုံးကန်လည်း ဖြစ်သည်။ အအိုမိုရိနှင့် အခိတစီရင်စုများ၏ နယ်နိမိတ်အကြားတွင် တည်ရှိသည်။ ကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀ မီတာ (၁၀၇၃ ပေ) ရှိပြီး ကန်၏ အနက်မှာ ၃၂၇ မီတာ (၁၀၇၃ ပေ) ရှိသည်။ ကန်၏ မျက်နှာပြင်ဧရိယာသည် ၆၁.၁ စတုရန်းကီလိုမီတာ ရှိသည်။ တိုဝဒကန်သည် ဂျပန်နိုင်ငံ၏ ၁၂ ခုမြောက် အကြီးဆုံးကန် ဖြစ်သည်။ ကန်သည် နက်သဖြင့် ရေပြင်အရောင်မှာ အပြာရောင် တောက်နေသည်။ ကန်၏ ပုံသဏ္ဌာန်သည် အကြမ်းအားဖြင့် လုံးဝန်းသည့်ပုံစံ ဖြစ်သည်။ ဤကန်သည် ခရီးသွားသူများအကြား ထင်ရှားသည့်နေရာတစ်ခု ဖြစ်သည်။

တိုဝဒကန်
十和田湖
Location of Lake Towada in Aomori Prefecture
Location of Lake Towada in Aomori Prefecture
တိုဝဒကန်
十和田湖
တည်နေရာHonshū, Japan
ကိုဩဒိနိတ်40°28′N 140°52′E / 40.467°N 140.867°E / 40.467; 140.867ကိုဩဒိနိတ်: 40°28′N 140°52′E / 40.467°N 140.867°E / 40.467; 140.867
အမျိုးအစားCrater lake
ပင်မ ရေထွက်စီးကြောင်းOirase River
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများJapan
မျက်နှာပြင် ဧရိယာ၆၁.၁ km2 (၂၃.၆ sq mi)
ပျမ်းမျှအနက်၇၁ m (၂၃၃ ft)
အနက်ဆုံး အနက်အရှိုင်း၃၂၇ m (၁,၀၇၃ ft)
ရေထုထည်၄.၁၉ km3 (၃,၄၀၀,၀၀၀ acre·ft)
ကမ်းခြေအလျား၄၆ km (၂၉ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၀၀ မီတာ (၁,၃၁၂ ပေ)
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။
Towada Caldera
Lake Towada

တည်နေရာ ပြင်ဆင်ရန်

တိုဝဒကန်သည် ခန့်မှန်းခြေအားဖြင့် တိုကျို၏ အရှေ့မြောက်ဘက် ၅၄၀ ကီလိုမီတာ (၃၄၀ မိုင်) အကွာတွင် တည်ရှိသည်။ ဤကန်သည် တိုဝဒမြို့၊ အအိုမိုရိနှင့် ခိုဆကမြို့များကို ခွဲခြားထားက တည်ရှိနေသည်။ ဤကန်သည် တိုဝဒ-ဟခိမန်တိုင်အမျိုးသားဥယျာဉ်၏ မြောက်ဘက်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။[၁]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Towada-Hachimantai National Park။ November 22, 2019 တွင် ပြန်စစ်ပြီး။