တို့တိုင်းပြည် (ကဗျာ)
တို့တိုင်းပြည်ကဗျာကို အမျိုးသားစာဆို ဆရာ ဇော်ဂျီ ရေးသားပြီး၊ ၁၉၃၅ ခုနှစ် ဩဂုတ်လထုတ် ကြီးပွားရေးမဂ္ဂဇင်း အတွဲ (၃) အမှတ် (၁၀) တွင် ပုံနှိပ်ဖော်ပြခဲ့သည်။ မြန်မာတို့အား မျိုးချစ်စိတ်ဓာတ် နိုးကြားတက်ကြွေစေလိုသည့် စေတနာဖြင့် ရေးဖွဲ့ထားကြောင်း ထင်ရှားစွာ တွေ့မြင်ရသည်။
ကဗျာစာသား
ပြင်ဆင်ရန်- ထလော့မြန်မာ အိုမြန်မာတို့
- တို့ရွာတို့မြေ တို့ရွာမြေဝယ်
- စေတီစပါး များလည်းများ၏
- များပါလေလဲ တမွဲမွဲနှင့်
- ဆင်းရဲကာသာ ကာလကြာလျှင်
- ယာစကာမျိုး တညှိုးညှိုးနှင့်
- ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
- လှည့်လည်သွားလျက်
- မစားလေရ ဝမ်းမဝ၍
- ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
- ထလော့မြန်မာ အိုမြန်မာတို့
- တို့ရွာတို့မြေ တို့ရွာမြေဝယ်
- ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
- သီးနှံချိုပျား များလည်းများ၏
- များပါလေလဲ တမွဲမွဲနှင့်
- ဆင်းရဲကာသာ ကာလကြာလျှင်
- မြင်သာမြင်ရ မစားရ၍
- တောကပြိတ္တာ ဖြစ်မည်တည်း။
- ထလော့မြန်မာ မြန်မာထလော့
- အားမပျော့နှင့် မလျော့လုံ့လ
- သူကစ၍ ငါကအားလုံး
- လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
- စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
- ဤမြေဤရွာ ဘယ်သူ့ရွာလဲ
- ဤယာစပါး ဘယ်သူ့စပါးလဲ
- ထားလော့တာဝန် ပွန်လော့လုပ်ငန်း
- ဉာဏ်ရှေ့ပန်း၍
- တစ်ဝမ်းတစ်စိတ် ညီစေသတည်း။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဇော်ဂျီ (ဇွန် ၁၉၉၈)။ ဇော်ဂျီ ကဗျာပေါင်းချုပ်။ ရန်ကုန်: စာပေလောကစာအုပ်တိုက်။ p. ၁၀၃။