တိုးနိုင်မန်း (၂၉ ဇွန် ၁၉၇၈ မွေးဖွား[၁]) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။[၂] ဖခင်ဖြစ်သူမှာ စစ်ဖက်အရာရှိဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဖြစ်သည်။[၃]

တိုးနိုင်မန်း
မွေးဖွား (1978-06-29) ဇွန် ၂၉၊ ၁၉၇၈ (အသက် ၄၅)
မိခင်ကျောင်းစစ်တက္ကသိုလ်
အိမ်ထောင်ဖက်(များ)ဒေါ်ဇေဇင်လတ်
မိဘ(များ)ဦးရွှေမန်း (ဖခင်)
ဒေါ်ခင်လေးသက် (မိခင်)
ဆွေမျိုးသားချင်းအောင်သက်မန်း (အစ်ကို)

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၇၈ ခု၊ ဇွန်လ ၂၉ ရက်တွင် ဗိုလ်မှူး သူရ ရွှေမန်း (ယခု အငြိမ်းစား ဗိုလ်ချုပ်ကြီး) နှင့် ဒေါ်ခင်လေးသက်တို့မှ မွေးသည်။ အောင်သက်မန်းဟူသော အစ်ကို ၁ ယောက် ရှိသည်။

စစ်တက္ကသိုလ်မှ ဘွဲ့ရပြီး ဘူမိဗဒဘာသာဖြင့် ပါရဂူဘွဲ့ယူသည်။[၄]

သက်မွေးလမ်းကြောင်း ပြင်ဆင်ရန်

ပါရဂူဘွဲ့ရသည်နောက် တပ်မှထွက်ကာ တယ်လီကွန်းနယ်ပယ်သို့ ဝင်သည်။

Red Link ပြင်ဆင်ရန်

လင့်နီဆက်သွယ်ရေးကုမ္ပဏီ (Red Link Communications Co. Ltd.) ကို ၂၀၀၇ ခုတွင် သိန်းသန်းတိုး၊ ရှိန်းသူအောင်တို့နှင့်အတူ တည်ထောင်သည်။ WiMAX စနစ်သုံးသည့်အတွက် ထိုကာလ၌ မြန်မာပြည်၏ အင်တာနက်အမြန်ဆုံးလိုင်း ဖြစ်ခဲ့သည်။

၂၀၁၈ ခုတွင် ၎င်းကုမ္ပဏီမှ အသုံးပြုနေသော လှိုင်းစဉ် ၂.၆ မဂ္ဂါဟဇ်မှာ တရားဝင်ဝယ်မထားဘဲ သုံးစွဲနေကြောင်း တယ်လီနော မြန်မာ (Telenor Myanmar)၊ အူရီဒူး မြန်မာ (Ooredoo Myanmar) တို့က ထောက်ပြကန့်ကွက်သည့်အတွက် အဆိုပါလှိုင်းစဉ်ကို မဏ္ဍိုင်ပြုထားသည့် ကုမ္ပဏီကိုပါ ဖျက်ရသည်။ 5BB သို့ မပြောင်းလိုသူများအား ငွေပြန်မအမ်းသည့်အတွက် ဝေဖန်မှုများ ဆူညံခဲ့သည်။

5BB ပြင်ဆင်ရန်

လှိုင်းစဉ်မဝယ်တော့ဘဲ ဝိုင်ယာလက်အစား ကြိုးတပ်စနစ်ဖြစ်သော 5BB ကို ဂလိုဘယ်တက္ကနော်လော်ဂျီကုမ္ပဏီ (Global Technology Co. Ltd.) မှ မိတ်ဆက်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဇေကမ္ဘာ ခင်ရွှေ၊ဦး၏ သမီး ချယ်ရီအက်ဖံ (Cherry FM) ပိုင်ရှင် ဇေဇင်လတ်နှင့် လက်ထပ်သည်။[၁][၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Council Regulation (EC) No 817/2006 of 29 May 2006 renewing the restrictive measures in respect of Burma/Myanmar and repealing Regulation (EC) No 798/2004Official Journal of the European Union (29 May 2006)။ 11 July 2015 တွင် ပြန်စစ်ပြီး။
  2. "Speaker's Son Rejects Link"၊ Radio Free Asia၊ 28 January 2013။ 11 July 2015 တွင် ပြန်စစ်ပြီး 
  3. Shwe MannAlternative Asean Network on Burma။ 5 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2015 တွင် ပြန်စစ်ပြီး။
  4. McLaughlin၊ Tim။ "All the speaker’s men"၊ Myanmar Times၊ 10 April 2014။ 11 July 2015 တွင် ပြန်စစ်ပြီး 
  5. Biography: Shwe Mann, Burma's Dictator-in-Waiting။ American Embassy at Rangoon (16 March 2007)။ 6 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2012 တွင် ပြန်စစ်ပြီး။