[၁] မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ ပါဝါတိုင်းသား အာရညိကင်္ဂ ပိဏ္ဍပါတိက ပံသုကူလိက တေစီဝရိကဓုတင်ဆောင် ရဟန်းတော်များအား “အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော”အစရှိသော ဒေသနာတော်ဖြင့် အဝိဇ္ဇာဖြင့် ဖုံးကွယ်၍ ချုပ်တည်းနှောင်ဖွဲ့ထားသဖြင့် တစ်ဘဝမှ တစ်ဘဝသို့ တစ်ပြောင်းပြန်ပြန် သံသရာ၌ လှည့်လည်နေကြသော ဦးခေါင်းဖြတ်ခံခဲ့ရသော သင်တို့၏ဦးခေါင်းမှ ယိုစီးထွက်ကျသော သွေးကြည်ရည်သည် မဟာသမုဒ္ဒရာလေးစင်းရှိ ရေမကများပြားလှပုံ၊ နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဂါမဃာတကခိုးသူ ပရဒါရိကခိုးသူဖြစ်ပြီး ဦးခေါင်းဖြတ်ခံရသော သင်တို့၏ ဦးခေါင်းမှထွက်ကျသော သွေးရည်များ မဟာသမုဒ္ဒရာလေးစင်းရှိ ရေထက်များပြားခဲ့ပုံသည် သံသရာအစ မရှိခဲ့သောကြောင့် ဖြစ်သည်။ အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်၊ တပ်မက်ခြင်းကင်းမှု ဝိရာဂဉာဏ်၊ လွတ်မြောက်မှု ဝိမုစ္စနဉာဏ်ဖြစ်အောင် အားထုတ်သင့်ပေ၏-ဟု ဟောကြားတော်မူရာ ထိုရဟန်းတော်သုံးကျိပ်တို့ အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ကြပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၉၄-၅။ သံ၊မြန်၊၁၊၃၈၁-၂။ သံ၊ဋ္ဌ၊၂၊၁၄၈။ သံ၊ဋီ၊၂၊၁၅၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၄-အမတဝဂ္ဂသံယုတ္တ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ