[၁] တိဿဘူတိ-အမည်ရှိသော ထေရ်သည် ပိဋကတ်တော်၌ မှတ်တမ်းတင်ထားသော သီဟိုဠ်ကျွန်းသား ရဟန်းတော်တစ်ပါး ဖြစ်သည်။

ယင်းသည် သီဟိုဠ်ကျွန်း အနုရာဓပူရမြို့ မဟာဝိဟာရကျောင်းတိုက်၌ ဂန္ထဓုရ “ကျမ်းဂန်ကို သင်ယူမှု”ဖြင့် ကြာမြင့်စွာသည် ကိလေသာကို ပယ်ခွါထားခဲ့လေရာ အခါတစ်ပါး ဆွမ်းခံဝင် ခိုက် ဝိသဘာဂ မာတုဂါမ အာရုံကို ကြည့်မိ၍ ကာမဝိတက် ဖြစ်ပေါ်လာသဖြင့် သပိတ်၌ ရပြီး ယာဂု ဆွမ်းကို နောက်လိုက် တပည့်အား စွန့်ခဲ့၍ ကမ္မဋ္ဌာန်းဆရာ့အထံသို့ ချဉ်းကပ်လျက် အသုဘကမ္မဋ္ဌာန်းကို တောင်းယူ၍ ရဟန်းကိစ္စမပြီးလျှင် ဆရာ့အထံပြန်မရောက် နိုင်ပါ”ဟု လျှောက်ကာ ရိုသေစ္စာ ရှိခိုးဦးချ ထွက်သွားပြီးလျှင် ကိုယ်နှင့်အသက်ကို မငဲ့တော့ပဲ ရဟန်းတရားပွါးများ အားထုတ်လေရာ နံနက်မလင်းမီ ရဟန်းကိစ္စ ပြီးမြောက်၍ နောက်တစ်နေ့ သင်ယူမြဲ ကျမ်းဂန်ကို ဆက်လက် သင်ယူနိုင်သော စာသင်သား မထေရ် တစ်ပါး ဖြစ်၏ [၂], သီဟိုဠ်ကျွန်း ကာလကရွာ မဏ္ဍလာရာမ ကျောင်းတိုက်၌ သံဃထေရ် ဖြစ်၏ [၃], B. E.-၄၅၀-တွင် ဒုတိယအကြိမ် နန်းတက်သော ဝဋ္ဋဂါမဏိ “ဝလဂမ္ဗာ” မင်း လက်ထက်၌ ထင်ရှားသော မထေရ် ဖြစ်၏ [၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. တိဿဘူတိတ္ထေရ (ပု) [တိဿဘူတိ+ထေရ]
  2. (အံ၊ဋ္ဌ၊၁၊၃၀-၁)
  3. (အဘိ၊ဋ္ဌ၊၁၊၃၁။ ယင်း ၂။ ၄၂၉)
  4. (သီဟိုဠ် အဋ္ဌကထာ၊ ကထာဝတ္ထု။ ၁၀၀)။ တိဿဘူတိတ္ထေရော... အာဟ။ အဘိ၊ဋ္ဌ၊၂၊၄၃၀။ (အံ၊ဋီ၊၁၊၈၁။)
  5. တိပိဋကအဘိဓာန် အတွဲ-၉