ဆရာ‌တော် ဘဒ္ဒန္တတိဿကို မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပိုင်ကမာရွာ၌ ခမည်း‌တော် ဦး‌ရွှေသင်၊ မယ်‌တော် ‌ဒေါ်လှမင်း တို့က သက္ကရာဇ် ၁၂၇၆ ခုနှစ် သီတင်းကျွတ်လပြည့်‌ကျော် ၁၄ ရက် စ‌နေ‌နေ့ (၁၉၁၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်) တွင် ဖွားမြင်သည်။ ‌မွေးချင်း ‌ခြောက်‌ယောက်တွင် သားဦးရတနာဖြစ်သည်။

‌ကျောင်းသားဘဝတွင် ပိုင်ကမာရွာ၊ ‌ကော့ကလုတ် ‌ကျောင်း၌ မွန်သင်ပုန်းကြီး၊ ‌လောကသိဒ္ဓိကျမ်း၊ ပရိတ်ကြီး ဘုရားရှိခိုးတို့ကို သင်ကြားသည်။ ထို့‌နောက် ‌ကော့ကလုတ် ‌ကျောင်း ဆရာ‌တော် ဦးပုပ္ဖရမ္မကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမ‌ဏေ အဖြစ်သို့‌ရောက်သည်။ သာမ‌ဏေဘွဲ့မှာ ရှင်တိဿဖြစ်သည်။၁၂၉၉ ခုနှစ် တန်‌ဆောင်မုန်းလပြည့်‌ကျော် ၁၁ ရက်တွင် ဖား‌အောက် ‌တောရ ‌ခေမိကသိပ္ပံ‌ကျောင်းတိုက် ဗဒ္ဓသိမ်၌ ဆရာ‌တော် ဦးစန္ဒိမာကို ဥပဇ္ဈာယ်ပြု၍ အဘိုးဦးဒက်၊ ဦး‌လေး ဦးသဲတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ‌ရောက်‌တော်မူ သည်။

ဆရာ‌တော်သည် ရှင်သာမ‌ဏေဘဝတွင် ‌ပေါင်မြို့၊ ကဒါ တိုက်‌ကျောင်းဆရာ‌တော် ဦးဂုဏဝံသ၊ ဦးပုပ္ဖရမ္မ တို့ထံ၌ လည်း‌ကောင်း၊ ဦးဝံသ‌တေဇထံ၌လည်း‌ကောင်း သဒ္ဒါ၊ သင်္ဂြုဟ်၊ မာတိကာ၊ ဓာတုကထာ၊ ‌ဒွေမာတိကာ စ‌သော ကျမ်းတို့ကို သင်ကြားခဲ့ပြီး အစိုးရပထမပြန် စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုရာ ပထမငယ်တန်းကို ‌အောင်မြင်သည်။

ရဟန်းဖြစ်ပြီး‌နောက် မုဒုံမြို့နယ်၊ အခွန်ရွာ‌ကျောင်းတိုက် စာချဆရာ‌တော် ဦးသီရိန္ဒထံတွင် ရူပသိဒ္ဓိ၊ ကင်္ခါ၊ ဋီကာ‌ကျော် စ‌သော ကျမ်းစာများကို သင်အံ‌လေ့ကျက်ခဲ့သည်။ ထို့‌နောက် ရမည်းသင်းမြို့နယ် ‌ညောင် လွန့်‌တောရ‌ကျောင်းတိုက် ဆရာ‌တော် ဦးနာယကထံတွင် သုတ်၊ အဘိဓမ္မာ၊ ဝိနည်း၊ ‌နေ့ဝါညဝါများကို ‌လေးနှစ်တိုင် သင်ကြား‌တော်မူခဲ့သည်။ စာ‌ပေသင်ကြားယင်း အစိုးရပထမပြန် စာ‌မေးပွဲကို ဝင်‌ရောက် ‌ဖြေဆိုရာ အကြီးတန်းအထိ ‌အောင်မြင်‌တော်မူခဲ့သည်။ တဖန် သုဝဏ္ဏဘုမ္မိ ပရိယတ္တိအသင်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုရာ ဝိနယဓရတန်းကို ‌အောင်မြင်‌တော်မူသည်။

၁၃၁၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သွား‌ရောက်၍ အင်္ဂလိပ်ဘာသာကို ‌ခြောက်နှစ်ပတ်လုံး သင်ယူ‌လေ့လာခဲ့ သည်။ ၁၃၁၉ ခုနှစ်တွင် ဓမ္မာစရိယ(စာချ)တန်းကို ဝင်‌ရောက် ‌ဖြေဆိုရာ သာသနဓဇ ဓမ္မာစရိယဘွဲ့ ကိုလည်း‌ကောင်း၊ ၁၃၂၂ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုလည်း‌ကောင်း ‌အောင်မြင်ရရှိ‌တော်မူသည်။

ဆရာ‌တော်သည် သာသနာ‌ရေးကိစ္စအဝဝကို ‌ဆောင်ရွက် ‌တော်မူရာ ၁၃၁၆ ခုနှစ်တွင် ကျိုက်သီမွန်ပါဠိ တက္ကသိုလ် ကထိက၊ ၁၃၁၈ ခုနှစ်မှ ၁၃၄၆ ခုနှစ်အထိ အစိုးရပါဠိပထမ ပြန်နှင့် စာချတန်းစာ‌မေးပွဲ စာစစ်၊ အစိုးရပါဠိပထမပြန် စာ‌မေးပွဲ၊ မွန်ဘာသာပြန်စသည်ဖြင့် ‌ဆောင်ရွက်‌တော်မူခဲ့သည်။ထို့ပြင် ကျိုက်သီမွန် ပါဠိတက္ကသိုလ်‌ကျောင်းတိုက် ဦးစီး ပဓာန နာယကအဖြစ်ဖြင့် စာ‌ပေပို့ချခြင်း၊ နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်‌ဆောင် ဆရာ‌တော်အဖြစ် ‌ဆောင်ရွက်ခြင်း၊ ဝါဆိုသံဃာ စာရင်း‌ကောက်ယူ‌ရေးဆိုင်ရာ ပြဿနာ‌ဖြေရှင်း‌ရေးအဖွဲ့ဝင် ဆရာ‌တော်အဖြစ် ‌ဆောင်ရွက်ခြင်း စ‌သော တာဝန်များကိုထမ်းရွက်‌တော်မူလျက် ရှိသည်။

ဤသို့ သာသနာ‌တော်အကျိုးကို သယ်ပိုး‌ဆောင်ရွက်‌တော် မူ‌သော‌ကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံ‌သော ဆရာ‌တော်ဘဒ္ဒန္တတိဿသည် ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ပြည်‌ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ‌တော်၊ နိုင်ငံ‌တော်‌ကောင်စီက ဆက်ကပ်လှူဒါန်း‌သော အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ကို အလှူခံရရှိ‌တော်မူသည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)