တီမိုတေး ရှာလာမက်

အမေရိကန်နှင့် ပြင်သစ်လူမျိုး သရုပ်ဆောင်

တီမိုတေး ရှာလာမက် (အင်္ဂလိပ်: Timothée Hal Chalamet; ၁၉၉၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ တွင် မွးဖွား) သည် အမေရိကန်နှင့် ပြစ်သစ်လူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။

တီမိုတေး ရှာလာမက်
A photograph of Timothée Chalamet smiling away from the camera
Chalamet in 2019
မွေးဖွားTimothée Hal Chalamet
(1995-12-27) ဒီဇင်ဘာ ၂၇၊ ၁၉၉၅ (အသက် ၂၈)
New York City, U.S.
နိုင်ငံသား
  • United States
  • France
မိခင်ကျောင်း
အလုပ်အကိုင်Actor
တက်ကြွလှုပ်ရှားနှစ်များ2007–present
ဆွေမျိုးသားချင်း
ရရှိသည့်ဆုများFull list
လက်မှတ်

ရှာလာမက်သည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် ရုပ်မြင်သံကြား စတင်သရုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒရာမာစီးရီး Homeland တွင် ပါဝင်ခဲ့သည်။ 2014 ခုနှစ်တွင် သူသည် ဟာသ-ဒရမ်မာ Men, Women & Children တွင် ရုပ်ရှင်ဖြင့် ပွဲဦးထွက်ခဲ့သည်။ ခရစ္စတိုဖာ နိုလန် ၏ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Interstellar တွင် ပါဝင်ခဲ့သည်။ ရှာလာမက်သည် Luca Guadagnino ၏ Call Me by Your Name (2017) ဇာတ်ကားတွင် အချစ်ခံရသော ဆယ်ကျော်သက်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိင်ငံတကာတွင် လူသိများလာသည်။ ထိုဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်ဆုအတွက် အကယ်ဒမီ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ Greta Gerwig ၏ဇာတ်ကားများဖြစ်သော Lady Bird (2017) နှင့် Little Women (2019) တို့တွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ သူသည် 2018 တွင် မူးယစ်ဆေးစွဲနေသော ကာရိုက်တာဖြင့် Beautiful Boy (2018) တွင် ပါဝင်ခဲ့ပြီး။ Guadagnino ၏ ရိုမန်းတစ်ထိတ်လန့်ဖွယ်ဇာတ်ကား Bones and All တွင် လူသားစားအဖြစ် သရုပ်ဆောင်ထားသည်။ ထို့နောက် ရှာလာမက်သည် Denis Villeneuve ၏ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Dune (2021) နှင့် ၎င်း၏နောက်ဆက်တွဲ Dune: Part Two (2024) တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။ ဂီတစိတ်ကူးယဉ်ရုပ်ရှင် Wonka (2023) တွင်လည်း သရုပ်ဆောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်