တုန်းချွမ်းခရိုင်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော်

တုန်းချွမ်းခရိုင်((ရိုးရှင်းတရုတ်: 东川区; ရိုးရာတရုတ်: 東川區; ပင်ယင်: dōng chuān qū;အင်္ဂလိပ်: Dongchuan District[မှတ်စု ၁])သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သော ကူမင်းမြို့(Kunming) ၏ စီရင်စုအဆင့်ရှိခရိုင် (၇) ခုအနက်မှတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြည်နယ်ကောင်စီမှ တုန်းချွမ်မြို့(Dongchuan City)ကို ခရိုင်အဆင့်သို့ ပြောင်းရန်အတည်ပြုခဲ့သည်။[၂]

တုန်းချွမ်းခရိုင်
东川区
District
လော့ရှာကိုး(ရိုးရှင်းတရုတ်: 落霞沟; ရိုးရာတရုတ်: 落霞溝; ပင်ယင်: luò xiá gōu)(Sunset Valley)
လော့ရှာကိုး(ရိုးရှင်းတရုတ်: 落霞沟; ရိုးရာတရုတ်: 落霞溝; ပင်ယင်: luò xiá gōu)(Sunset Valley)
ယူနန်ပြည်နယ် (အညိုပြော့)၊ ကူမင်းဒေသ (အဝါ)အတွင်းရှိ တုန်းချွမ်း၏တည်နေရာ (ပန်းရောင်)
ယူနန်ပြည်နယ် (အညိုပြော့)၊ ကူမင်းဒေသ (အဝါ)အတွင်းရှိ တုန်းချွမ်း၏တည်နေရာ (ပန်းရောင်)
တုန်းချွမ်းခရိုင် သည် ယူနန်ပြည်နယ် တွင် တည်ရှိသည်
တုန်းချွမ်းခရိုင်
တုန်းချွမ်းခရိုင်
Location of the district seat in Yunnan
ကိုဩဒိနိတ် (Dongchuan government): 26°04′58″N 103°11′16″E / 26.0829°N 103.1878°E / 26.0829; 103.1878ကိုဩဒိနိတ်: 26°04′58″N 103°11′16″E / 26.0829°N 103.1878°E / 26.0829; 103.1878
Countryတရုတ်နိုင်ငံ
ပြည်နယ်(Province)ယူနန်ပြည်နယ်
စီရင်စု(Prefecture)ကူမင်းဒေသ
ဧရိယာ
 • စုစုပေါင်း၁၈၅၈ စတုရန်းကီလိုမီတာ (၇၁၇ စတုရန်းမိုင်)
လူဦးရေ
 • စုစုပေါင်း၃၀၂၀၀၀
 • သိပ်သည်းမှု၁၆၀/km (၄၂၀/sq mi)
Postal code၆၅၄၁၀၀
ဧရိယာကုဒ်(များ)၀၈၇၁
ဝက်ဘ်ဆိုဒ်kmdc.gov.cn
တုန်းချွမ်းခရိုင်
ရိုးရာ တရုတ်東川
ရိုးရှင်းသော တရုတ်东川
ဆိုလိုရင်းအရှေ့မြစ် ခရိုင်

သမိုင်း ပြင်ဆင်ရန်

တုန်းချွမ်းကို ၁၉၅၈-ခုနှစ်တွင် စီရင်စုရုံးစိုက်ရာမြို့အဖြစ်သို့ အဆင့်မြှင့်ခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် ကူမင်းအုပ်ချုပ်ရေးဒေသ၏ ခရိုင်တစ်ခုအဖြစ်သို့ ပေါင်းထည့်ခဲ့ပြီး၊ ခရိုင်အဆင့် ရုံးစိုက်ရာ ဖြစ်လာခဲ့သည်။[၂]

ပထဝီအနေအထား ပြင်ဆင်ရန်

တုန်းချွမ်းသည် ကူမင်းအုပ်ချုပ်ရေးဒေသ၏ မြောက်ဘက်တွင်တည်ရှိပြီး မြောက်ဘက်တွင် စီချွမ်ပြည်နယ်(Sichuan )နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ခရိုင်၏အမြင့်ဆုံးနေရာဖြစ်သော ကျောက်ကျီနှင်းတောင်(Jiaozi Snow Mountain)သည် ၄၃၄၄ မီတာ[၃]မြင့်ပြီး၊ အနိမ့်ဆုံးနေရာမှာ ၆၉၅ မီတာဖြစ်သည်။

ဝူးမုန်းတောင်တန်း(乌蒙山)ဒေသရှိ ဟွားကိုးရွာ(花沟村)အနီးတဝိုက်သည် ၁၉၉၀ ပြည့်လွန်နှစ်များကစတင်ပြီး ထူးခြားလှပသည့်ဒေသရှုခင်းနှင့် ၎င်း၏ အနီရောင်မြေကြီးကြောင့် တရုတ်ဓာတ်ပုံဆရာများ အကြား အလွန်ကျော်ကြားသည်။ [၄]

လူဦးရေ ပြင်ဆင်ရန်

၂၀၀၀ ပြည့်နှစ်တွင် တုန်းချွမ်းတွင် လူဦးရေ ၂၇၅,၅၆၄ ရှိသည်။ ၂၀၀၆တွင် လူဦးရေမှာ ၃၀၂,၀၀၀ ဖြစ်လာခဲ့သည်။ [၅]

စီးပွားရေး ပြင်ဆင်ရန်

တုန်းချွမ်းခရိုင်သည် ဓာတ်သတ္တုရင်းမြစ် ကြွယ်ဝသောဒေသဖြစ်ပြီး၊ တရုတ်ပြည်ရှိ အကြီးမားဆုံး ကြေးနီသတ္တုသိုက် ၆-ခုထဲမှ တစ်ခု ဖြစ်သည်။ ကြေးနီ တန်ပေါင်း ၃.၃၅-သန်းရှိကြောင်း တွေ့ရှိထားပြီး၊ ယူနန်ပြည်နယ်တစ်ခုလုံးရှိ ကြေးနီရင်းမြစ်အားလုံး၏ သုံးပုံတစ်ပုံ တည်ရှိနေသောခရိုင် ဖြစ်သည်။[၅]

 
တုန်းချွမ်းခရိုင်၊ Hongtudiရှိ မြေနီပြင်များနှင့် စိုက်ခင်းများ
 
တုန်းချွမ်းခရိုင်တွင် တွေ့ရသော အနီရောင် မြေလွှာပြင်
 
နုန်းကျောက်(Shale)တွင် အခဲလိုက်အခဲလိုက်စုနေသော Pyrite(ရွှေနှင့်တူသော ဓာတ်သတ္တုတစ်မျိုး)
 
တုန်းချွမ်းရှိ Chrysocolla နှင့် Malachiteဟုခေါ်သော ဓာတ်သတ္တုများ

စာတိုက်လိပ်စာ ပြင်ဆင်ရန်

တုန်းချွမ်းခရိုင်၏ စာတိုက်သုံး နယ်မြေကုဒ်မှာ ၀၈၇၁ ဖြစ်ပြီး၊ စာပို့သင်္ကေတကုဒ်(postal code)မှာ ၆၅၄၁၀၀ ဖြစ်သည်။(၂၀၀၇)[၆]

မှတ်စုများ ပြင်ဆင်ရန်

  1. Tung-chuen or Tung-chuen-fooဟုလည်း အင်္ဂလိပ်အက္ခရာဖြင့် အသံဖလှယ်မှု(romanization) ပြုခဲ့ဖူးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. EB (1878), Vol. V, "China".
  2. ၂.၀ ၂.၁ တုန်းချွမ်းခရိုင်ပြောင်းလဲလာမှုသမိုင်း(东川区历史沿革) (in zh-hans)။ xzqh.org (2014-11-05)။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-19 တွင် ပြန်စစ်ပြီး။
  3. Spinescent patterns in the flora of Jiaozi Snow Mountain, Southwestern China (2020-03-19)။ 2020-07-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-31 တွင် ပြန်စစ်ပြီး။
  4. Dongchuan Red Soil at Chinatrekking။ 2018-04-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-31 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Kunming Pengcheng Trade Co., Ltd။ 2008-07-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-06-14 တွင် ပြန်စစ်ပြီး။
  6. ယူနန်ပြည်နယ် စာတိုက်သုံး နယ်မြေကုဒ်များနှင့် စာပို့သင်္ကေတကုဒ်များ။ 2007-11-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။