ဒုယင် သို့မဟုတ် တုယင် သည် အထက်တန်းကျသည့် မြန်မာတို့၏ ရှေးခေတ်အင်္ကျီတစ်မျိုး ဖြစ်သည်။ မင်းနှင့်စပ်ဆိုင်သည့် နေရာများတွင် သုံးစွဲလေ့ ရှိသည်။ “အထက်တန်းကျလျှင် ဒုယင်၊ အောက်တန်းကျလျှင် ဖျင်” ဟူသည့် ရှေးဆိုရိုးစကားလည်း ရှိသည်။ []

သမိုင်းအထောက်အထား

ပြင်ဆင်ရန်

အထောက်အထားအနေနှင့် အနော်ရထာမင်း၏ ကောင်းမှုဖြစ်သည့် ပုဂံလက်သည်းရှည်ကျောက်စာတွင် “တုယင်လည်း တစ်ထည်လွှမ်းတော်မူ၏” ဟု ရေးထားသည်ကို တွေ့နိုင်သည်။ ထို့အပြင် အာနန္ဒာလိုဏ်အတွင်းရှိ ကျန်စစ်သားမင်း၏ ပုံတွင်လည်း ဒုယင်ဝတ်လုံကို ဝတ်ဆင်ထားသည်ကို တွေ့မြင်နိုင်ပေသည်။ []

  1. ၁.၀ ၁.၁ ရွှေကိုင်းသား (၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ)။ ဆင်ယင်ထုံးဖွဲ့မှု။ အမှတ် ၁၁၂၊ ၈၄ လမ်း၊ မန္တလေး: ကြီးပွားရေးစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)