တုရင်ပုထိုးကျောက်စာ
တုရင်ပုထိုးကျောက်စာ သည် ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင် တည်ရှိသော တုရင်တောင်ကျောက်စာရုံတွင် တည်ရှိသော ပုဂံခေတ် ကျောက်စာတစ်ချပ် ဖြစ်သည်။ အလှူရှင်မင်းသမီး အစောပ၏ အလှူမှတ်တမ်းအဖြစ် အေဒီ ၁၂၇၆ ခုနှစ်တွင် ရေးထိုးခဲ့သည့် ကျောက်စာ ဖြစ်သည်။[၁]
တုရင်ပုထိုးကျောက်စာ (မျက်နှာဘက်)
၁၊၂၊၄၊၁။
၁၅ | ...“ထိုဝ် |
၁၆ | လာယ်ကိုဝ် သ္ခိင်မထိသာဂိုရ် သ္ခိင်ပြည်လေ ငာအသက် |
၁၇ | ဟိယ္အ်သောလယ်ကာ ငာစာအံ ငာအသက်တေ မဟိယ္အ် |
၁၈ | သော ကူငာယ်ပုရှာအာ ပိတကတ် ငာလှူတုံဧအ်ဟုရုယ္အ် လှူခယ် |
၁၉ | ဧအ်” |
[ထိုလယ်ကို သခင်မထေရ်သာဂရ သခင်ပညာလည်း ငါအသက်ရှိသောလယ်ကား ငါစားအံ့ ငါအသက် တည်းမရှိသော ဂူငယ်ဘုရားအား ပိဋကတ် ငါလှူတုံ၏ ဟူ၍ လှူခဲ့၏။]
၁၊၂၊၄၊၂။
၁၉ | ...“ဤယ်အလှူ ငာ |
၂၀ | ပိယ်သောသည်ကာ မ္လိယ်ကြီဗသုန္ဓ ရိကိုဝ်လှေင် |
၂၁ | သက်သိယ်ငာမူသောတေ” |
[ဤအလှူ ငါပေးသောသည်ကား မြေကြီးဝသုန္ဓရေကိုလျှင် သက်သေငါမူသတည်း။]
ကိုးကား
ပြင်ဆင်ရန်- ↑ "ပုဂံဒေသ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အထောက်အထားများ | Ministry Of Information"၊ www.moi.gov.mm၊ ၂၈ အောက်တိုဘာ ၂၀၂၁။
- ↑ ၂.၀ ၂.၁ မြန်မာစာအဖွဲ့ဦးစီဌာန (၂၀၀၉)။ စာကိုးအဘိဓာန်။