တူဒေါင်း အမ်ဒို(Tadao Ando)သည် ဂျပန်လူမျိုး အာခီတက် တစ်ယောက် ဖြစ်သည်။ Architectural historian Francesco Dal Co ကိုမှီငြမ်းကာ Architecture နှင့် Landscape ပညာရပ်ကို ကိုယ်တိုင်လေ့လာသင်ယူခဲ့သော အာခီတက်တစ်ယောက် ဖြစ်သည်။ သူ၏ ဒီဇိုင်းများသည် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု အငွေ့အသက်များ ပါဝင်လေ့ရှိပြီး Haiku effect ထည့်သွင်းထားသည်ဟု ဆိုသည်။ သူ၏ ဒီဇိုင်းများတွင် ရှင်းလင်းသော နေရာလွတ်များကို များများထည့်သုံးပြီး ရိုးရှင်းမှု၏ လှပခြင်းကို အထူးပြုလေ့ ရှိသည်။ Spatial Circulation ကို ဆန်းကြယ်စွာ အသုံးပြုပြီး ရိုးရှင်းသော အသွင်အပြင်ကို ရရှိစေရန်လည်း ထိန်းသိမ်းကာ ဒီဇိုင်းရေးဆွဲလေ့ ရှိသည်။ Architecture သည် Society ကို ပြောင်းလဲပြစ်နိုင်သည်ဟု ယုံကြည်ထားသူလည်း ဖြစ်သည်။ အဆောက်အဦများကို ကွန်ကရိနှင့်သာ အသုံးပြုဖန်တီးလေ့ ရှိပြီး ကွန်ကရိ၏ သဘာဝအတိုင်း အရောင်အသွေးများကိုပါ မပြုမပြင်အသုံးပြုသည်။ သူ၏ လက်ရာများထဲတွင် ခရစ်ယာန်ဘာသာ ဘုရားကျောင်း တစ်ခုဖြစ်သော the Church of the light မှ ကွန်ကရိကို အသုံးပြုကာ Cleanliness, weightless-ness ဖြစ်သောခံစားမှုနှင့် အတူ နာမည်ကြီးသော အဆောက်အအုံ တစ်ခုဖြစ်သည်။

Tadao Ando
Tadao Ando (2004)
မွေးဖွား (1941-09-13) ၁၃ စက်တင်ဘာ၊ ၁၉၄၁ (အသက် ၈၂)
Minato-ku, Osaka, ဂျပန်နိုင်ငံ
နိုင်ငံလူမျိုးဂျပန်
အလုပ်အကိုင်Architect
ရရှိသည့်ဆုများ
PracticeTadao Ando Architects & Associates
Buildings
  • Row House, Sumiyoshi, 1979
  • Church of the Light, Osaka, 1989
  • Water Temple, Awaji, 1991
ProjectsRokko Housing I, II, III, Kobe, 1983–1999

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၄၁-ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် မွေးဖွားခဲ့သည်။ မိမိဘာသာ လေ့လာခြင်းဖြင့် ထူးချွန်သော ဗိသုကာဖြစ်လာသူ ဖြစ်သည်။ သူ့ထံတွင် မိနစ်အနည်းငယ်သာ ကွာပြီး မွေးဖွားလာသော အမွှာညီငယ်တစ်ဦး ရှိပြီး အသက် နှစ်နှစ် အရွယ်ခန့်တွင် မိသားစုက ၎င်းတို့ကို ကွဲကွာစေခဲ့သည်။ တူဒေါင်းသည် အဖွားဖြစ်သူ လက်ထဲတွင် ကြီးပြင်းလာခဲ့ရသည်။ စစ်ပြီးကာစ ဂျပန်နိုင်ငံတွင် ကြီးပြင်းရသည့် အလျောက် သူ၏ အချိန်တော်တော်များများကို အိမ်၏ ပြင်ပတွင်သာ ကုန်ဆုံးခဲ့သည်။ ပရော်ဖက်ရှင်နယ် ဗိသုက ဘဝကို ခြေမချရသေးခင် အထိ လက်ဝှေ့သမားအနေဖြင့် အလုပ်လုပ်ခဲ့ရသေးသည်။ အထက်တန်းကျောင်း ဒုတိယနှစ်တွင် တိုကျိုမြို့သို့ လေ့လာရေး ခရီးသွားရာမှ Frank Llyod ဒီဇိုင်းဆွဲထားသော Imperial-Hotel ၏ ဖမ်းစားမှုကို ခံခဲ့ရပြီး အထက်တန်းကျောင်း ဘွဲ့ရအပြီး နှစ်နဗစ်ခန့် အကြာတွင် ဗိသုကာပညာကို လေ့လာလိုက်စားရန် အတွက် သူ၏ လက်ဝှေ့သမားဘဝကို ရပ်တန့်ပစ်ခဲ့သည်။ သူသည် Interior Design နှင့် သက်ဆိုင်သော သင်တန်းများနှင့် ပုံရေးဆွဲနည်းသင်တန်းများကို ညပိုင်း သင်တန်းအချိန်များတွင် သင်ယူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Author - Laurene Cen , Date - July. 12. 2018 , Website - www.archdaily.com