တူနီးရှား စစ်ဆင်ရေး (အင်္ဂလိပ်: Operation Tunisia) သည် အင်တာနက် အဖွဲ့အစည်းဖြစ်သော အမည်မဖော်လိုသူများမှ တူနီးရှားနိုင်ငံ အစိုးရအား တူနီးရှား တော်လှန်းရေးကာလအတွင်း တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာစစ်ဆင်ရေး ဖြစ်သည်။

ဗျူဟာများ ပြင်ဆင်ရန်

အနောနီးမစ်သည် မူလလက်ဟောင်း နည်းလမ်းအတိုင်း အစိုးရဝဘ်ဆိုဒ်များအား DDoS တိုက်ခိုက်မှုအား အတွဲလိုက် ခိုင်းစေသည်။[၁][၂] ထို့ပြင် ပြည်သူများအား ဆန္ဒပြကြရာတွင် အကူညီပေးခဲ့သည်။ ပိတ်ပင်ထားသော အင်တာနက်ကွန်ယက်များအား Tor ကဲ့သို့ ကိုယ်ယောင်ဖျောက် ကျော်လွှားနိုင်သည့် နည်းပညာများ စာရွက်စာတမ်းများ ကူညီပေးခဲ့သည်။ [၃] အနောနီးမစ်အဖွဲ့မှ တူနီးရှား အစိုးရအား DDOS တိုက်ခိုက်မည့်အကြောင်း ပထမဆုံး ကြေညာချက် ဗီဒီယိုအား YouTube ၌ ထုတ်ပြန်ခဲ့သည်။[၄] တိုက်ခိုက်မှုကြောင့် သိပ်မကြာခင် တူနီးရှား အစိုးရဝဘ်ဆိုဒ်များ offline ဖြစ်ကုန်သည်။[၁][၅] အနောနီးမစ်သည် ဆန္ဒပြသူများအား လိုအပ်သည့် အကူညီများကို တူနီးရှား ဘလော်ဂါဖြစ်သူ Slim Amamou မှတဆင့် ထောက်ပံ့ပေးခဲ့သည်။[၆] ယင်းအတွက် ၂၀၁၁ ခုနှစ်တွင် Slim Amamou သည် အဖမ်းခံရသည်။ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ တူနီးရှား စစ်ဆင်ရေးကြောင့် ယင်းအချိန်က တူနီးရှား သမ္မတ ဘန် အာလီသည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Anonymous Operation Tunisia rages, US Govt grows worried | MyCE – My Consumer Electronics။ Myce.com။ 2011-05-01 တွင် ပြန်စစ်ပြီး။
  2. Yasmine Ryan (2011-01-06)။ Tunisia's bitter cyberwar - Features။ Al Jazeera English။ 2011-05-01 တွင် ပြန်စစ်ပြီး။
  3. Norton၊ Quinn။ "2011: The Year Anonymous Took On Cops, Dictators and Existential Dread"၊ Wired၊ 2012-01-11။ 
  4. Anonymous - Operation Tunisia - A Press Release။ YouTube။ 2011-05-01 တွင် ပြန်စစ်ပြီး။
  5. Brian's Coffeehouse: Operation Tunisia။ Bjulrich.blogspot.com (2011-01-03)။ 2011-05-01 တွင် ပြန်စစ်ပြီး။
  6. The new media: Between revolution and repression – Net solidarity takes on censorship - Reporters Without Borders။ En.rsf.org။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-01 တွင် ပြန်စစ်ပြီး။

ပြင်ပလင့် ပြင်ဆင်ရန်