တူဝေစေတီတော် သည် ဘားအံမြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ တော်ပုံတောင်စခန်းတောင်ဘက် ဇွဲကပင်တောင်ခြေတွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

မြတ်စွာဘုရား ပွင့်တော်မူပြီး နှစ် ၅၀၀ ခန့်တွင် ဖြစ်၏။ သေဆုံးသွားသည့် ကရင်အကြီးအကဲတစ်ဦးအား မီးသင်္ဂြိုဟ်ရာ ပြာပုံမှ ထူးဆန်းစွာဖြင့် သခွားပင် ပေါက်လာ၏။ ထိုအပင်မှ အသီးတစ်လုံးသာ သီး၏။ ထိုအသီးမှ သူငယ်တစ်ဦး ပေါက်ဖွားလာရာ သုဝဏ္ဏဘုမ္မိ မွန်ဘုရင်က မွေးစားထားခဲ့သည်။ ထိုကလေးကို အရွယ်ရောက်သည့်အခါ သာမဏေဝတ်ပြီး သီဟိုဠ်ကျွန်းသို့ ပို့ကာ ပိဋကတ်စာပေ သင်ကြားရန် စေလွှတ်ခဲ့သည်။

သာမဏေသည် အသက် ၂၆ နှစ်အရွယ်သို့ ရောက်သည့်အခါ အာသဝေါကုန်ခမ်းသည့် ရဟန္တာဖြစ်ခဲ့သည်။ ထို့နောက်တွင် မိမိနေရပ်သို့ ပြန်ကာ သာသနာပြု၏။ ထို့ပြင် သခွားပင်ပေါက်ရာနေရာတွင် ညောင်စောင့်နတ်အစား ကိုးကွယ်ပူဇော်ရန် သစ္စာစေတီတော် တည်ထားခဲ့သည်။

စေတီတော်တွင် ဒုံရင်းကရင် အမျိုးသားတို့သည် လက်ထပ်ပြီးစ မောင်မယ်များ သစ္စာပြုလေ့ရှိကြသည်။[၁]

အမည် ပြင်ဆင်ရန်

လူမျိုးအပေါင်တို့ အတူအညီခွဲဝေ၍ စိုက်ပျိုးလုပ်ကိုင်စားသောက်စေရန် ရည်ရွယ်ချက်ဖြင့် "တူဝေစေတီတော်" ဟု သမုတ်ခဲ့သည်။[၁]

အတိုင်းအတာများ ပြင်ဆင်ရန်

  • စေတီတော်မှာ အုတ်စေတီဖြစ်ကာ ဉာဏ်တော် ၉ တောင်မျှ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၁၆၊ ၁၁၇။