ဦးတူးဂျာ(၁၉၅၉ ဖွား) သည် ကချင်တိုင်းရင်းသားတရားသူကြီးတစ်ဦး ဖြစ်သည်။လက်ရှိ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တာဝန်ထမ်းဆောင်နေသည်။[၁] သူသည် အငြိမ်းစားပြည်နယ်တရားသူကြီးလည်း ဖြစ်သည်။

တူးဂျာ
ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကချင်ပြည်နယ်တရားရုံး၊ ပြည်နယ်တရားသူကြီး
တာဝန်သက်တမ်း
၂၀၀၇ – ၂၀၁၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၉
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်အဝေးသင်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ပညာရေးနှင့်ဝန်ထမ်းဘဝ ပြင်ဆင်ရန်

ရန်ကုန်အဝေးသင်တက္ကသိုလ် မှနေ၍ ဥပဒေဘွဲ့ကို ၁၉၈၁ခုနှစ် တွင်ရရှိခဲ့သည်။၁၉၈၃ ခုနှစ်ကစပြီး တရားရေးဌာနသို့ တရားရေးအရာရှိအဆင့်(၄) ဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ထိုမှတဆင့် ရာထူးအဆင့်ဆင့် တိုးပြီး ၂၀၀၇ ခုနှစ်တွင် ကချင်ပြည်နယ်တရားရုံး ပြည်နယ်တရားသူကြီးအဖြစ် တိုးမြှင့်ခြင်းခံရသည်။ထိုတာဝန်ကို သမ္မတဦးသိန်းစိန်လက်ထက် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသည်အထိ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။

တရားလွှတ်တော်တရားသူကြီးဘဝ ပြင်ဆင်ရန်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒေအရ တိုင်ဒေသကြီးနှင့်ပြည်နယ်အလိုက် တရားလွှတ်တော်များပေါ်ပေါက်လာချိန်တွင် ၎င်းသည် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် သမ္မတ၏အဆိုပြုမှုကို ခံရသည်။ကချင်ပြည်နယ်လွှတ်တော် ကလည်း သဘောတူမကန့်ကွက်သည့်အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်က စပြီး ထမ်းဆောင်သည်။သူသည် သမ္မတဦး သိန်းစိန်လက်ထက်၊သမ္မတ ဦးထင်ကျော် လက်ထက်၊သမ္မတ ဦးဝင်းမြင့် လက်ထက် အပါအဝင် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် အထိ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ရှိနေခဲ့သည်။[၂] [၃]

မိသားစုဘဝ ပြင်ဆင်ရန်

အိမ်ထောင်သည် တစ်ဦး ဖြစ်ကာ သား ၃ဦး၊သမီး ၁ဦးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကချင်ပြည်နယ်တရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ ဥပ‌ဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်မှာကြားကာ ထောက်ပံ့ငွေများပေးအပ်ကချင်ပြည်နယ် ခရိုင်ပြန်ဆက် (၆ မေ ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့Myanmar Digital News (၄ ဇွန် ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။