ဒေါက်တာ တေဇာဆန်းသည် မြန်မာအမျိုးသား ဆရာဝန်၊ နိုင်ငံရေးသမားနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။[၁] သူသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် ထင်ရှားသော ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်သည်။[၂][၃] သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။[၄]

၂၀၂၁ ခုနှစ် VOA အင်တာဗျူးတခုတွင်တွေ့ရသော တေဇာဆန်း

ဘဝလမ်းကြောင်း ပြင်ဆင်ရန်

သူသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် စာကြည့်တိုက်မှူးနှင့် NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။[၂] ၂၀၁၀ ခုနှစ်တွင် ချို့တဲ့သူများအတွက် အခမဲ့ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးသော Beautiful Mind Foundation ကို တည်ထောင်ခဲ့သည်။ သူသည် မန္တလေး ယုံကြည်ရာအသိပညာ​ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၅]

နိုင်ငံရေးလှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီတွင် အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်။ မန္တလေးမြို့မှ စတင်သော အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက် စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဆန့်ကျင်ဆန္ဒပြခြင်းများ ပေါ်ပေါက်လာခဲ့သည်။[၂][၆][၇]

၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် အာဏာပိုင်များက ဒေါက်တာတေဇာဆန်းအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။[၅]

၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပတ်ဂျုံချော လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar Daily Post-Coup Update: June 3"၊ The Irrawaddy၊ 2021-06-04။ 
  2. ၂.၀ ၂.၁ ၂.၂ "Prominent Protest Leader Escapes Arrest by Myanmar Junta"၊ The Irrawaddy၊ 2021-04-20။ 
  3. "”ALL I OWN IS BOOKS'" (in en)၊ Progressive Voice၊ 2021-04-20။ 
  4. "အကြမ်းဖက်နှိပ်ကွပ်မှုကြားက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆက်နွှဲမည် (တေဇာဆန်း)" (in my)၊ VOA၊ 22 April 2021။ 
  5. ၅.၀ ၅.၁ "Interview: ‘This Revolution is Something That Cannot be Stopped or Postponed’" (in en)၊ Radio Free Asia၊ 21 April 2021။ 
  6. "In Myanmar, Pair of Protest Activists Share Common Goal: Root Out Dictatorship"၊ The Irrawaddy၊ 2021-04-09။ 
  7. "Rallying hope for democracy (Part 3)" (in en)၊ jamaica-gleaner.com၊ 2021-04-07။ 
  8. "박종철인권상 받은 미얀마 시위지도자 "한국 응원 감사"" (in ko)၊ 매일경제၊ 2021-06-10။ 12 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 10 June 2021။