ရှင်‌တေ‌ဇောသာရသည် အင်းဝ‌ခေတ်တွင် ထင်ရှား‌သော ပျို့ ကဗျာစာဆိုတစ်ဦး ဖြစ်သည်။ အင်းဝမြို့သား ဇာတိဖြစ်၍၊ စာဆိုအ‌ကျော် ရှင်မဟာရဋ္ဌသာရ၏ တပည့်ရင်းလည်းဖြစ်သည်။ ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌ သာရတို့သည် အပြိုင်စာဆိုကြသကဲ့သို့ ထိုဆရာ‌တော်နှစ်ပါး၏ တပည့်များဖြစ်ကြ‌သော ရှင်အုံးညိုနှင့် ရှင်‌တေ‌ဇောသာရတို့သည် အပြိုင်စာဆို‌လေ့ရှိကြသည်။ (မဟာသီလဝံသ၊ ရှင်။ ရှင်အုံးညို- ရှု။) ရှင်‌တေ‌ဇောသာရသည် ဓတရဋ္ဌ သုဝဏ္ဏဟံသပျို့‌ခေါ် ‌ရွှေဟဟင်္သာမင်းပျို့၊ ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်‌တော်ခန်းပျို့နှင့် အာဒါသမုခပျို့များကို ‌ရေးသားစီကုံးခဲ့သည်။ ဓတရဋ္ဌသုဝဏ္ဏဟံ သပျို့ခေါ် ‌ရွှေဟဟင်္သာမင်းပျို့ကို ၈ရ၁ ခုနှစ်၌ စီကုံးပြုစုသည်။ ယင်းပျို့သည် ဘုရား‌ဟော အသီတိနိပါတ် မဟာဟံသဇာတ် ‌တော်လာ ဘုရား‌လောင်းဟင်္သာမင်း၏ အ‌ကြောင်းကို ဖွဲ့နွဲ့ထား ခြင်းဖြစ်သည်။

ထိုပျို့၌ ရှင်‌တေ‌ဇောသာရသည် ရာဇအ‌ကြောင်း ကိုနွှယ်၍ အရှင်သခင်တို့၏ ‌ကျေးဇူးသစ္စာကို အမတ် လုလင် အရာရှိဟူသမျှတို့က ‌စောင့်ထိန်းကြ‌စေရန် ရည်ရွယ်‌ရေးသား သည်။ ပျို့ကဗျာအဖွဲ့အနွဲ့၌ ရှင်‌တေ‌ဇောသာရသည် ပင်ကို ဉာဏ်ကိုသုံး၍ အသစ်အဆန်းတီထွင် ဖွဲ့နွဲ့တတ်‌သော သဘာဝရှိ သည်။ ဥဒါဟရုဏ်အားဖြင့် ရိုး‌နေ‌သော ‌ရှေးပျို့အဖွဲ့အနွဲ့တို့ဖြင့် မငြီး‌ငွေ့ကြ ၇‌စေခြင်းငှာ၊ ‌ရွှေဟင်္သာပျို့၏ အပိုဒ်အဖျားချများ တွင် ‘လက်ထပ်သင်သည် သင်ရသို့’၊ ‘ငါလျှင်ကြင်သည် ကြင်ရသို့’၊ ‘ကြီးရာတင်သည် တင်ရသို့’စသည်ဖြင့် ထူးခြားစွာ ထွင်၍ ဖွဲ့စပ်ဆိုခဲ့‌လေသည်။

သက္ကရာဇ် ၈၈၈ ခုနှစ်တွင် ရှမ်းဖျက်၍ အင်းဝပျက်‌လေ ‌သော်၊ ရှင်‌တေ‌ဇောသာရသည် ပြည်မြို့သို့ ဝင်‌ရောက်ခိုလှုံ၍ သီတင်းသုံးသည်။ ထိုသို့ပြည်မြို့သို့ ‌ရောက်ပြီး‌နောက် သက္ကရာဇ် ၈၉၈ ခုနှစ်၌ ပြာဋိဟာခန်းပျို့ကို ပြုစု‌လေသည်။ ထိုပျို့ကို ပြုစုရခြင်းအ‌ကြောင်းမှာ ရှမ်းမင်းသိုဟန်ဘွား၏ ရက် စက် ကြမ်းကြုတ်မှု‌ကြောင့်၊ အလွန်စိတ်နာကြည်းလျက်ရှိ‌သော ကန္နီမြို့စားသီရိ‌ဇေယျ‌နော်ရထာသည် ရှင်‌တေ‌ဇောသာရအား မိစ္ဆာဒိဋ္ဌိအယူနှင့် သမ္မာဒိဋ္ဌိအယူကို နှိုင်းရှည့်ပြ၍ သာသနာ ကိုပြုစုရန် ကဗျာလင်္ကာ ဖွဲ့နွဲ့ပါမည့်အ‌ကြောင်း ‌တောင်းပန် သဖြင့် ပြုစုခြင်းဖြစ်‌လေသည်။

ထိုပျို့သည် ‌ဂေါတမမြတ်စွာ ဘုရားလက်ထက် သိဉ္စည်းအစရှိ‌သော တိတ္ထိ‌ခေါင်း‌ဆောင်ကြီးများက မြတ်စွာဘုရားနှင့် တန်ခိုးပြိုင်မည်ဟု အုတ်‌အော်‌သောင်း သဲ ‌ကြော်ငြာလျက် ရှိခြင်း‌ကြောင့် သာဝတ္ထိပြည် ကဏ္ဍမ္ဗမည် ‌သော သရက်ဖြူပင်ရင်း၌ ဝါဆိုလပြည့်‌နေ့တွင် ‌ရေမီးအစုံ တန်ခိုး ပြာဋိယာပြ‌တော်မူ‌ကြောင်းများကို အလင်္ကာတန်ဆာဆင် ယင် ဖွဲ့နွဲ့ထားခြင်းပင်ဖြစ်သည်။

ရှင်တေဇောသာရ

ပြင်ဆင်ရန်

ရှင်တေဇောသာရ သည် အင်းဝမြို့တွင် ဖွားမြင်သည့် အင်းဝဇာတိ ဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ၏ တပည့်ဖြစ်သည်။ ရှင်မဟာသီလဝံသ၏ တပည့် ရှင်အုန်းညိုနှင့် စာဆိုအပြိုင် ဖြစ်ပြီး အနုစာပေတွင် တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဟု ကျော်ကြားသည်။

သက္ကရာဇ်(၈၇၁)ခု၊ ရွှေနန်းကြော့ရှင်မင်း လက်ထက် "ရွှေဟင်္သာမင်းပျို့"၊ (၈၉၇)ခုတွင် "ပြာဋိဟာခန်းပျို့"တို့ကို ရေးသားခဲ့သည်။ "အာဒါသမုခပျို့"၊"အာသောမာဝချီ နှစ်ကျိပ်ရှစ်ဆူဘုရားလင်္ကာ"တို့ကို စပ်ဆိုခဲ့သည်။

အင်းဝဒုတိယ မင်းခေါင်နှင့် စစ်ကိုင်း စည် သူကျော်ထင် လက်ထက်တိုင် ထင်ရှားကျော် ဇောသည်။ ပျံလွန်သည့်သက္ကရာဇ်ကား မသိရ။ သိုဟန်ဘွားလက်ထက်တွင် မိုးညှင်းစလုံက စေလွှတ်လိုက်သော ရှမ်းသံတမန်များနှင့် အတူ ရခိုင်သို့ ပါသွားသည်။ အကြောင်းသော်ကား သိုဟန်ဘွားလက်အောက်တွင် မနေချင်၍ မဟာမြတ်မုနိဘုရားဖူးရန်ဟု အကြောင်းပြကာ ပါသွားခြင်း ဖြစ်သည်။

ရခိုင်မင်းက ကြည်ညို၍ ပြန်မလွတ်သည်ကို ရခိုင်အမတ် ဇေယျသင်္ကြန်အမတ်က ကူလျှောက်သော်လည်း ပြန်ခွင့်မရ။ ရခိုင်မင်းနှင့်ပြည်သူတို့ ကြည်ညိုလွန်း၍ ရခိုင်သူမြတ်ဟူ၍လည်း အမည်ရသည်။

ပြန်ခွင့်မရ၍ မပြန်ဘဲ ရှိနေစဉ် တစ်ညနေချမ်း၌ အမှတ်မထင် တွေ့မြင်ခဲ့ရသော ရခိုင်မင်း၏ သမီးတော်ကို မေတ္တာသက်ဝင်ဟန်သဘောပါသော ရခိုင်းမင်းသမီးအလှကို ဖွဲ့ဆိုသည့် ရခိုင်တန်ဆောင်ရတုဟု ထင်ရှားသော "ဌာနတည်၍ချီ ရွှေရုပ်သွင်ပိုဒ်စုံရတု"ကို ရေးဖွဲ့လေရာ ထိုအကြောင်းကို ရခိုင်မင်း ကြားသိလျှင် "ဤသို့ အကျင့်တန်သောရဟန်းမျိုး၊ ငါ့နိုင်ငံတွင် မနေစေရ၊ ပြန်စေ" အမိန့်ကြောင့် အင်းဝကို ပြန်ခဲ့ရ‌လေသည်။ ထိုပိုဒ်စုံရတု အကြောင်းကြောင့်လည်း ရခိုင်မင်းသမီးနှင့် ရခိုင်မင်းသမီးကို ချစ်မြတ်နိုးကြသည့် ရခိုင်ပြည်သူတို့၏ လေးစားချစ်ခင်မှုကို ပိုရပြီး ရခိုင်သူမြတ်ဟု ခေါ်ခံရဟန် တူသည်။

ရွှေရုပ်သွင်ပိုဒ်စုံရတု။ ။ ဌာနတည်၍၊ ရွှေပြည်ကဲ့သို့၊ ရခိုင်မြို့ဝယ်၊ ဆန်းတို့ပေစွ၊ မျှော်ပါရသား၊ သိင်္ဂရောင်ရွှန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလတ်လတ်၊ လိုက်ဘက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလှ၊ ထုံးနောက်-စ-နှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည် ။ ။ ရှင်သာ ရခိုင့် တန်ဆောင်လော။

သာလှစည်၍၊ ရွှေပြည်ရပ်သူ၊ ထိုမျှလူဝယ်၊ ပြိုင်တူမထင်၊ သည်သခင်မူ၊ ရုပ်သွင်ပျိုချော၊ တင့်မောပေစွ၊သဘောတည်ကြည်၊ မြတ်မူနည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွန်းပြုသို့၊ ပျို့နုထွတ်ထွတ်၊ ဝင်းရှိမ်းလတ်မူ၊သွယ်ပတ်ဝေ၀၊ ထုံးနောက်ခွေနှင့်၊ တင့်နေ စ-လှ၊ ဆည်းရီညဝယ်၊ လွလွဖြူစင်၊ ပေါ်ရုံတင်၍၊ ထမ်းစင်ယဉ်သာ၊ စီးစ-ကာတည်း၊ သူဇာပေပင်၊ ရှင့်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည် ။ ။ သောက်ရှူး သော်တာ အရောင်လော ။

ဝါလလည်၍၊ ရွှေပြည်ရောက်စ၊ ရှေးသော်ကမူ၊ မမျှဆင်းပြင်၊ သည်သခင်ကို၊ မြင်လျှင်လွန်ကြူး၊ သောက်ရှူးသော်တာ၊ လ-အဝါသို့၊ ပြင်လျာ ဆုံ့ဆည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့၊ သည်လျာမချွတ်၊ နောင်မင်း မှတ်သည်။ ။ မိုးနတ်သူဇာ အရောင်လော ။

ရှင်တေဇောသာရသည် ဝီသတိနိပါတ်လာ စူဠဟံသဇာတ်ကို မှီငြမ်းပြု၍ ရွှေဟင်္သာမင်းပျို့ကို ဂေါစာသသက္ကရာဇ် ၈၇၁ ခု၊ သာသနာတော်နှစ် ၂၀၅၃ ခု ဝါခေါင်လပြည့် တနင်္လာနေ့ နေဝန်းပေါ်စ အချိန်တွင် ရေးသား၍ ပြီးဆုံးကြောင်း စာဆိုရှင်၏ နိဂုံးလင်္ကာစာပိုဒ်များအရ သိရှိရသည်။ ရှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့သာမက ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်တော်ခန်းပျို့၊ အာဒွသမုခပျို့ဟောင်းများကိုလည်း ရေးသားခဲ့သေးကြောင်း ပိဋကတ်တော်သမိုင်း အဆိုအရ ထပ်မံ၍ သိရ၏။

[] [] [] [] [] [] [] []

ရခိုင်တန်ဆောင်ဘုရား

ပြင်ဆင်ရန်

ကောဇာသက္ကရာဇ် ( ၈၄၂ - ၈၆၃ ) အင်းဝရွှေမြို့တော်ကို ဒုတိယ-မင်းခေါင်မင်း အုပ်စိုးနေချိန်တွင် အင်းဝမြို့မှ ရှင်မဟာရဋ္ဌသာရနန့် ရှင်တေဇောသာရတို့သည် ရခိုင်နိုင်ငံတော် မြောက်ဦးမြို့သို့ ရောက်ရှိလာသော အချိန်မှာ သက္ကရာဇ် ( ၈၄၈ )ခန့်တွင် ရခိုင်ဘုရင်မင်းဒေါလျာ အုပ်စိုးနေသောအချိန် ဖြစ်ပြီး ထိုအရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့ရွှေနန်းတော်၏ တောင်ဘက် မိုင်ဝက်ခန့်အကွာ ဘုရင်မင်းစောမွန်လက်ထက်က သာသနာပိုင် ဆရာတော်ကြီး ရှင်မဟာဝိဇယ၏ သီတင်းသုံးနေထိုင်တော်မူရာ မဟာဝိဇယရံသီကျောက်တိုက်၌ သီတင်းသုံးဝါဆိုခဲ့ကြသည်။ ဝါဆိုနေစဉ် ရှင်မဟာရဋ္ဌသာရသည် နှစ်ကူးလည်၍ တစ်ကျူးမြည်၍ ရှစ်ဦးတည်၍ အစချီ ရတုသုံးပိုဒ်ကို ရေးစပ်ခဲ့သည်။

တစ်နေ့တွင် အရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့၌ ရာသီဥတု ကြည်လင်သာယာသဖြင့် ဘုရားဖူးထွက်ခဲ့ကြသည်။ ဘုရားဖူးပြီး၍ ညနေဆည်းဆာ အချိန်တွင် မိမိတို့သီတင်းသုံးနေထိုင်ရာကျောင်းတော်သို့ ပြန်ကြွလာခဲ့ရာ ရခိုင်ဘုရင်မင်းဒေါလျာ၏သမီးတော် စောနန်းမင်းဖြူသည်လည်း ဘုရားဖူး၍ နန်းတော်သို့ အပြန်လမ်းခရီး၌ ရဟန်းတော်နှစ်ပါးနန့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြင့်သဖြင့် မင်းသမီစောနန်းဖြူသည် ဝေါယာဉ်မှဆင်း၍ ရဟန်းတောမနှစ်ပါးကို ဂါရဝပြုက လမ်းဘေးတွင် ပုဆစ်ဒူတုပ်၍ အရိုအသေပြုနေခဲ့သည်။

အရှင်နှစ်ပါးမှာ မင်းသမီးကို နီးနီးကပ်ကပ်မြင်တွေ့ခဲ့ရပြီး ရဟန်းတော်များနန့်ဝေးသွားမှ မင်းသမီးသည် ဝေါယာဉ်ကိုပြန်စီလျက် နန်းတော်သို့ဝင်ခဲ့သည်။ ရှင်တေဇောသာရသည် ကျောင်းတော်သို့ ရောက်လာသည်အခါမှာ ညနေချုပ်ညရီတွင် မြင်တွေ့ခဲ့ရသော မင်းသမီး၏ရုပ်ပုံလွှာက နှလုံးသားမှာ ပြန်လည်စွဲထင်လာသည်။ မျက်စိထဲဝယ် တဝဲဝဲလည်လည် ပေါ်လာ၍ ဆည်းဆာနေခြည်အောက်တွင် ရွှေကဲ့ ဝင်းဝါစိုပြေနေသော မင်းသမီး၏အသားအရောင်နန့် လွလွကလေးလက်နေသောဆံခြည်နုတို့ကို မြင်ယောင်နေခဲ့သည်။ ဝင်းဝါသောအသားအရောင်နန့်လိုက်ဖက်သော အဖြူရောင်ပိုးဝတ်ရုံကို ဆင်ယင်ထားပုံမှာ မျက်စိထဲ၌မထွက်နိုင်အောင် ရှိနေခဲ့သော မင်းသမီး၏ အလှပသာဒ အဆင်အပြင်တို့ကား မေ့မူးလောက်ပါပေသည်။ ရဟန်းဘဝနန့်လူဘဝ ကုသိုလ်ကြမ္မာမတူသဖြင့် လက်လျှော့ခဲ့ရသည်။ ဤသို့လျှင် ရှင်တေဇောသာရ၏ မင်းသမီးအပေါ် စွဲလမ်းမှု နှလုံးသားမှခံစားရသောပုံရိပ်ကို အောက်ပါ ရတုပိုဒ်ဖြင့် ဖွဲ့နွဲ့ခဲ့သည်။

 ဌာနေတည်၍ ရွှေပြည်ကဲ့သို့
 ရခိုင်မြို့ကို ဆန်းတို့ပေစွ
 မျှော်ပါရသား သိင်္ဂရောင်ရွှန်း
 ရွှေပုံသွင်သို့ လန်းလန်းလက်လက်
 လိုက်ဖက်တင့်မော မချောစရာ
 ချောစရာလျှင် ကေသာဆံလွ
 ထုံးနောက်စနှင့် ချုပ်ညရီတွင်
 ဖြုတ်ချည်းမြင်သည် 
 ရှင်သာရခိုင်တန်ဆောင်လော။
 သာလှစည်၍ ရွှေပြည်ရပ်သူ
 ထိုမျှလူငယ် ပြိုင်သူမထင်
 သည်သခင်မူ ရုပ်သွင်ပျိုချော
 တင့်မောပေစွာ သဘောတည်ကြည်
 မျိုးမြတ်မည်နှင့် ရွှေရည်ရုပ်တု
 ပုံသွင်းပြုသို့ ပျိုနုလတ်လတ်
 ဝင်းရှိန်မတ်မူ သွယ်ပတ်ပေဝေ
 ထုံးနောက်ခွေနှင့် တင့်နေစလှ
 ဆည်းရီညဝယ် လွလွဖြူစင်
 ပေါ်ရုံတင်၍ ထမ်းစင်ယာဉ်သာ
 စီးစကာတည် သူဇာပေပင်
 ရှင့်ဆင်ပြင်မူ မြင်လျှင်လွန်ကျူး
 အံ့မိန့်မူသည် 
 သောက်ရှူးသောတာအရောင်လော။
 ဝါလလည်၍ ရွှေပြည်ရောက်စ
 ရှေးသော်ကမူ မမျှဆင်းပြင်
 သည်သခင်ကို မြင်လျှင်လွန်ကျူး
 သောက်ရှူးသော်တာ လအဝါသို့
 ပြင်လျာဆုံးဆည်း ရွှေပြင်မည်းဝယ်
 စုံလည်းမဆင် နောက်ထုံးရှင်နှင့်
 မြင်လျှင်ပင်ကို ကြိုးပါလိုလည်း
 ကုသိုလ်ကြမ္မာ မမှီပါခဲ့
 သည်းချာမချွတ် နောင်မင်းမှတ်သည်
 မိုးနတ်သူဇာအယောင်လော။   ။

ဤရတုသုံးပိုဒ်ကို ရေးစပ်ပြီးလျှင် ရှင်တေဇောသာရသည် မင်းသမီးစောနန်းမင်းဖြူထံသို့ ပို့ဆက်စေခဲ့သည်။ မင်းသမီးသည် နရတ်စားဘုရားကို ဖူးမြော်နေရစဉ်တွင် ဤရတုများကို ဖတ်ရှုခဲ့ရသည်။ ထိုရတု မင်းသမီးအား ရခိုင်တန်ဆောင်ဟူ၍ ဖွဲ့ဆိုထားသည်ကို မင်းသမီးက သဘောကျကာ မင်းသမီးဖူးမြော်နေသော နရတ်စားဘုရားကို ရခိုင်တန်ဆောင်ဘုရားဟူ၍ အမည်ပြောင်းလဲတွင်စေခဲ့သည်။ ထိုအချိန်မှစ၍ နရတ်စားဘုရားကို ယနေ့ထိတိုင် ရခိုင်တန်ဆောင်ဘုရားဟူ၍ တွင်နေကြသည်။ စောနန်းမင်းဖြူ မင်းသမီး၏ အမည်ကိုလည်း ရခိုင်တန်ဆောင်မင်းသမီးဟူ၍ တွင်စေခဲ့လေသည်။ ဤသည်ကား ရှင်တေဇောသာရ၏ သင်သည် ရခိုင်တန်ဆောင်လောဟူသော ရတု ဖြစ်သည်။

[] [၁၀]

  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  2. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  3. ရွှေဟင်္သာမင်းပျို့နိဒါန်း
  4. စာဆိုတော်များ အတ္ထုပ္ပတ္တိး
  5. မြန်မာစာပေသမိုင်း
  6. မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ
  7. ကဗျာသာရတ္ထသင်္ဂြိုဟ်း
  8. ထွန်းသခင်၊ ရခိုင်ဘုရားများသမိုင်း
  9. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
  10. ထွန်းသခင်၊ ရခိုင်ဘုရားများသမိုင်း