တောက္ကရှပ်ကျေးရွာအုပ်စု

တောက္ကရှပ်ကျေးရွာသည် ကန့်ဘလူမြို့နယ် ကန့်ဘလူခရိုင် စစ်ကိုင်းတိုင်းဒေသကြီးဝယ် တည်ရှိပါသည်

တောက္ကရှပ်ကျေးရွာအုပ်စုဝယ် ရွာမကြီး ၅ရပ်ကွက် (အရှေဘက်က အောင်မင်္ဂလာကွက်သစ် အနောက်တောင်ဘက်က တောင်ရပ် အနောက်ဘက်က အနောက်ရပ် အနောက်မြောက်ဘက်က မြောက်ရပ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်က အရှေ့ရပ်)နှင့် လည်းကောင်းအရှေ့ဘက်က ပိတောက်ကုန်း (ခ) မကျီးကုန်းရွာ တောင်ဘက်က မင်းကုန်း (ခ) တောင်ကုန်း လည်းကောင်းတောင်ဘက်နားတွင် ကံကြီးကုန်းရွာ တောင်ဆက်လားသော် သာယာခက်သင့်ရွာ မြောက်ဘက် ကံသာကုန်း (ခ) မြောက်ကုန်းရွာတို့ဖြင့် ဝန်းရံနေပါသည်

တောက္ကရှပ်ရွာကြီးဝယ် ရွာလည်တွင် ထီးထီးမားမား ရပ်ရွာထက် မြေသား ၇ ပေခန့်မြင့်ပြီး တံတိုင်း အကာအရံ ကျောင်းဆောင်အသီးသီး စုံညီစွာ စည်းစနစ်ကျစွာ တည်ထောင်ဖန်ဆင်းသွားတော်မူသော ရွာရှေ့ကျောင်း ဆရာတော်ဘုရား အရှင်ဇာဂရရဲ့ ရွာရှေ့ကျောင်းတိုက်ကြီး တည်ရှိပါသည်ပြီး တောင်ဘက်တွင် လမ်းမခြားကာ အထကခွဲကျောင်း တောင်ဘက်ရွာတွင် မဟာစည်သာသနာ့ရိပ်သာခေါ် တောင်ကျောင်းတည်ရှိပါသည်

တောင်သို့လားသော် ကံကြီးကုန်းကျေးရွာတွင် ဘုန်းတော်ကြီး ၁ ကျောင်းရှိပါသည် လည်းကောင်းကျောင်းတိုက်တာကိုလည်း အရှင်ရေဝတရဲ့ စွမ်းဆောင်မှုဖြင့် ထည်းထည်းမားမား ရှိနေပါသည်

အထကခွဲကျောင်းတော်ကြီးရဲ့ တောင်ဘက်ကပ်လျက်တွင် ကန်တော်မင်္ဂလာကြီးကလည်း အဆက်ဆက် စောက်ရှောက်မှုဖြင့် ထည်ထည်ဝါဝါ တည်ရှိနေပါသည်

လည်းကောင်းကန်ကြီး၏ အရှေ့ဘက်တွင် ကန်ဖျားတွင်းခေါ်သော ရေတွင် ၂ တွင်း တည်ရှိပါ၍ ကန်လယ်လောက်တွင် ပြည်တော်သာညောင်ပင်တွင်းနှင့် ကန်လယ်မင်္ဂလာရေတွင်း တည်ရှိပါသည်

လည်းကောင်းကန်ကြီးရဲ့ တောင်ဘက်တွင် ကွက်လပ်မြေကို ကောင်စီလက်ထက်က ကျောင်းဘောလုံးကွင်းအဖြစ် သတ်မှတ်သိမ်းဆည်းထားသော မြေကွက်ရှိပါသည်

အရှေ့ဘက်တွင် လမ်းရှိပြီး တောင်ဘက်တွင် ထန်းတောအနီးက ညောင်ပင် အနောက်ဘက်တွင် ကန်ဘောင်ရိုးတည့်တည့်ဟု သိရပါသည်

ယင်းသို့ သတ်မှတ်မှုရှိသော်လည်း ခုချိန်ထိ ခေတ်အဆက်ဆက် အုပ်ချုပ်သူများသည် ဘောလုံးကွင်းအဖြစ် ပုံပေါ်အောင် မဖော်ဆောင်ကြပါပေ

တောက္ကရှပ်ကျေးရွာကြီးရဲ့ မြောက်ဘက်အရပ်ဝယ် အရိုးအိုးစေတီနှင့် ကျေးဇူးတော်ရှင် ရွာရှေ့ကျောင်းဆရာတော်ဘုရားကြီး၏ လွမ်းစေတီလည်း ဖူးတွေ့နိုင်ပါသည်

ရွာရှေ့ကျောင်းမြောက်ဘက် လမ်းခြားနေရာဝယ် အုပ်ချုပ်ရေးမှူးရုံးနှင့် လည်းကောင်းထဲတွင်ပင် အိပ်ချိန်းရုံး လျှပ်စစ်ထရမ်စမာနှင့် ဘဝတက္ကသိုလ်စာကြည့်တိုက် တည်ရှိနေပါသည်

ရွာရှေ့ကျောင်းတိုက်အတွင်းဝယ် အလယ်ဗဟိုနေရာလောက်တွင် ကျောင်းတော်ကြီး လည်းကောင်းအရှေ့ဘက်တွင် ရွာရှေ့ကျောင်းဆရာတော်၏ အထိမ်းအမှတ်ဗိမာန် အရှေ့တောင်ထောင့်တွင် သတ္တဋ္ဌာနဘုရား တောင်ဘက်တွင် ဇရပ်ဟောင်း ကျောင်းဝင်ပေါက် ဇရပ်သစ်ကြီးရှိပြီး အနောက်တောင်ဘက်တွင် ရေတွင်းရှိကာ အနောက်မြောက်ဘက်တွင် အဝီစိရေတွင်း အင်ဂျင်မီးစက်ရုံ ကားဂိုဒေါင်ရှိ၍ မြောက်ဘက်တွင်ကပ်လျက် ကောသလအိပ်မက် ၁၆ ချက် သရုပ်ဖော် တန်ဆောင်း ဆွမ်းစားကျောင်း ကုလားပုတ်တဲခေါ် မီးဖိုချောင် စည်စင် ခေါင်းလောင်းစင် ဝစ္စကုဋီ ၂ဆောင်နှင့် လေးဆူပေါင်းတည် ကိုးစေတီဘုရားဝန်းရှိပါသည် လည်းကောင်း ဘုရားဝန်းတွင်းဝယ် အရှေ့ဘက်က ယခုဘုန်းကြီးတည်ထားသော လျောင်းတော်မူတန်ဆောင်း အရှေ့တောင်ဘက်တွင် သိမ်ကျောင်း တံတိုင်းကပ်လျက် ရေအုတ်ကန် ကဆွန်(ခ)ဂန္ဓကုဋီတိုက် တောင်ဘက်က ပဋ္ဌာန်းကျောင်း ဘုရားဝန်း အနောက်မြောက်ဘက်တွင် မာလေးကားတိုင် မြောက်ဘက်တွင် ဟံသရာဇဇာတ်သရုပ်ဖော် တံခွန်တိုင် အရှေ့မြောက်ဘက်တွင် နိမိတ်ကြီး ၄ ပါး ပုံဖော်ထားသော သူအိုရုံ တံတိုင်ခြားပြီး ရေစင် ရေတွင်း တည်ရှိပါသည်

ကံသာကုန်းရွာဝယ် အလကခွဲ ကျောင်းရှိပြီး ကံကြီးကုန်ရွာတွင်လည်း ထိုနည်းလည်းကောင်းပင် ရှိပါသည်

ယခုနှစ်တွင် ကန့်ဘလူမြို့ စာဖြေဌာနဝယ် တောက္ကရှပ်ကျေးရွာမှ ဒသမတန်း ၇၀ ဦး ဖြေ၍ စာဖြေအပြန်တွင် အိုးစည်ဗုံမောင်း ရွှေရိုးဒေါ်မိုးအကများဖြင့် ရပ်ရွာတွင်း လှည့်လည်၍ အထကခွဲကျောင်းတွင်း လူစုခွဲကြပါသည်

အထကခွဲကျောင်းတွင် အရှေ့ဘက်တွင် ကျောင်းဆောင်ကြီး အရှေ့တောင်ဘက်တွင် ဆရာမများတွက် နေစရာအဆောင်နှင့် ရေတွင်း ရေသန့်စက် အိမ်သာများ တောင်ဘက်တွင် ကန်ဘောင်မေးတင်ပြီး ကျောင်းဆောင်ကြီး ၂ ဆောင် ကျောင်းတွင်း ပန်းခြံ အနောက်တောင်ဘက်တွင် အိမ်သာ ဆရာများတွက် နေစရာအဆောင် အနောက်ဘက်တွင် ဟောခန်းအဆောင်ကြီး ရေတွင်း အနောက်မြောက်ဘက်တွင် အဝင်ပေါက် မြောက်ဘက်တွင် အားကစားကွင်း အရှေ့မြောက်ဘက်တွင် ကေဂျီကျောင်းဆောင်တို့ တည်ရှိပါသည်