တောက်ခြင်း
တောက်ခြင်း ဆိုသည်မှာ အရာဝတ္တု တစ်မျိုးမျိုးနှင့် မတည့်သောကြောင့် အနာရောဂါတစ်ခုခု၇သော အခြေအနေမျိုး ပေါ်တတ်ခြင်းပင်ဖြစ်သည်။ အချို့လူများသည်အစားအသောက်နှင့် ဆေးဝါးတစ်ခုခုကို စားသောက်မိသောကြောင့် အင်ပျဉ်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း ဖြစ်တတ်သည်။ အချို့လူများသည် သားမွေး၊ သိုးမွေး၊ ကိုယ်လိမ်းပေါင်ဒါ၊ လိမ်း ဆေး၊ ဆိုးဆေး၊ ဓာတုဗေဒဆေးဝါးစသည်တို့နှင့် ထိတွေ့မိသော ကြောင့် အသားအရေ ယားယံခြင်းနှင့် အဖုအပိမ့်ထွက်ခြင်း ဖြစ် တတ်သည်။ အမွှေးအမှင် ဖုန်မှုန့်၊ ပန်းဝတ်မှုန်စသော နှာခေါင်း နှင့် လည်ချောင်းအတွင်း ဝင်ရောက်သော အရာဝတ္တုများကြောင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်းလည်း ဖြစ်တတ်သည်။ ထို့ပြင် ထိုး ဆေး၊ မေ့ဆေး၊ သွေးကြည်ရည်တို့နှင့် မတည့်သူများလည်း ရှိ သေးသည်။
မကြာသေးမီက တောက်ခြင်းနှင့် ပတ်သက်၍ လေ့လာ သော ပညာရပ်ခွဲတစ်ခုပေါ်ခဲ့သည်။ စမ်းသပ် လေ့လာချက်များ အရ ယခင်က သွေးရိုးသားရိုးဟု ထင်ခဲ့၇သော ရောဂါအများ အပြားမှာ လုံးလုံးလျားလျားသော် ၎င်း၊ တစ်စိတ်တစ်ဒေသသော် ၎င်း တောက်ခြင်းကြောင့် ဖြစ်၇ကြောင်း သိရှိလာကြရသည်။ မြတ် သီးနှာစေးဖျားမှာ အမှန်စင်စစ် တောက်ခြင်းကြောင့်ဖြစ်တတ်သော ရောဂါတစ်မျိုး ဖြစ်သည်။ ပန်းနာ၊ အင်ပျဉ်၊ နှင်းခူ၊ မျက်မြှေး ရောင်နာ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် တကွအခြားတက်သော ရောဂါအချို့မှာလည်း တောက်ခြင်းကြောင့် ဖြစ်တတ်သည်ကို တွေ့ရှိကြသည်။
ဆေးပညာပါရဂူအချို့က လူ့ခန္ဓာကိုယ်အတွင်းရှိ အဂင်္ါ အစိတ်အပိုင်း အားလုံးလိုလိုပင် တောက်ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။ လူဆယ်ယောက်တွင် တစ်ယောက်သည် တောက်ခြင်းဖြစ်တတ်ပြီး လူဆယ်ယောက်တွင် ခြောက်ယောက် သည် တစ်ချိန်မဟုတ် တစ်ချိန်တွင် တခုခုကြောင့် တောက်ခြင်း ဖြစ်ခဲ့ဘူးရမည်ဟု ယုံကြည်ကြသည်။ သို့သော် ရောဂါဖြစ်တိုင်း တောက်ခြင်းကြောင့် ဖြစ်ရမည်ဟူ၍ကား လွယ်လင့်တကူမမှတ် ယူနိုင်ပေ။
တောက်ခြင်းသဘောသည် အချို့သော မိသားစုတွင် မျိုးရိုး လိုက်တတ်ဟန်ရှိကြောင်း တွေ့ရှိရသည်။ လူအချို့တွင် တောက်ခြင်းတစ်မျိုးမျိုး အချိန်မှန်မှန် ဖြစ်ပေါ်လာတတ်သည်။ တစ်ဖန် လူတစ်ဦးတည်း၌ တစ်သက် တာအတွင်းတောက်ခြင်း အမျိုးမျိုးဖြစ်တတ်ပုံကိုလည်း တွေ့ရှိရပြန်သည်။
ဖြစ်ပွားပုံ
ပြင်ဆင်ရန်အရာဝတ္တုတစ်ခုသည် အခြားလူအများနျင့်တည့်ပါလျက် အဘယ့်ကြောင့် တစ်စုံတစ်ယောက်သော သူနှင့်မတည့်ရသနည်း ဟူသည့်အချက်ကို ကောင်းစွာမသိ၇သေးပေ။ လူတစ်ယောက်၏ ခန္ဓာကိုယ်သည် လက်ဦးတွင် အရာဝတ္တု တစ်ခုနှင့် ထိတွေ့သော် လည်း ဘာမျှဖြစ်ခဲ့ခြင်းမရှိပေ။ သို့သော် နောင်တွင်ထိုအရာဝတ္တု နှင့် တဖြည်းဖြည်းမတည့်ဖြစ်လာပြီး နောက်ဆုံး၌ ထိုအရာဝတ္တု အနည်းငယ်နှင့် ထိတွေ့ရုံမျှဖြင့်ခေါင်းကိုက်ခြင်း၊ ဖျားခြင်းစသော ရောဂါများဖြစ်ပေါ်လာတတ်သည်။ ထို့အတူလူတစ်ယောက်သည် အစားအသောက် တစ်မျိုးမျိုးကို လက်ဦးတွင် စားသောက်၍ရခဲ့ ရာမှ နောင်အခါတဖြည်းဖြည်း ထိုအစားအသောက်နှင့်မတည့်ဖြစ် လာ ကာထိုအစားအသောက်ကို စားသောက်မိတိုင်း ဝမ်းနှင့်ပတ် သက်သောရောဂါတစ်ခုခု ဖြစ်ပေါ်တတ်သည်ကိုလည်း တွေ့ကြ၇ သည်။
မတည့်သော အရာဝတ္တုများနှင့် ထိတွေ့သောအခါသွေး ကြောများအတွင်းသို့ ဟစ္စတာမင်းခေါ် ဓာတ်ပစ္စည်းတစ်မျိုး ဝင် ရောက်သွားသောကြောင့် ဤကဲ့သို့ ဖြစ်ဟန်တူသည်ဟု ယုံကြည် ကြသည်။ လူ့ခန္ဓာကိုယ်ရှိ ဆဲများအတွင်း၌ ဟစ္စတာမင်းကိုတွေ့၇ သည်။ သွေးကြောများအတွင်းသို့ ဟစ္စတာ မင်းခမ်များများ ဝင် ရောက် လျှင်သွေးကြောနှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကိုရောင် ရမ်းစေတတ်သည်။ ဟစ္စတာမင်းကြောင့် နှာခေါင်း အတွင်းရှိ အမြှေးများရောင်ရမ်းလျှင် အမြှေးရောင်နာဖြစ်တတ်သည်။ အဆုတ် ပြွန်များ၏ အတွင်းနံရံများရောင်ရမ်းလျှင် ပန်းနာဖြစ်တတ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများနှင့် တစ်ရှူးများရောင်ရမ်းလျှင် အတက်ရောဂါ၊ သို့မဟုတ် ခေါင်းကိုက်ရောဂါ ဖြစ်တတ်သည်။ အစာချေအဂင်္ါများ၏ အတွင်းနံရံများ ရောင်ရမ်းလျှင် ဝမ်းနှင့်ပတ် သက်သော ရောဂါများ ဖြစ်တတ်သည်။ သို့သော် တောက်ခြင်း ကြောင့်ဖြစ်သော ရောဂါများကို အခြားသွေးရိုးသားရိုး ရောဂါများ ဟု မကြာခဏ အထင်မှားတတ်သောကြောင့် ကုသရေးအတွက် အခက်အခဲ တွေ့ရတတ်သည်။
စမ်းသပ်နည်း
ပြင်ဆင်ရန်တောက်စေသော အရာဝတ္တုကို သိရှိနိုင်ရန်အတွက်ဝေဒ နာရှင်၏ အိမ်တွင်းနှင့် အလုပ်ဌာနတွင်းရှိ အရာဝတ္တုအားလုံးကို သေချာစွာ အချိန်ယူ၍ လေ့လာရန်လိုသည်။ အိမ်မွေး တိရစ္ဆာန် တို့၏ ကိုယ်မှ အမွေးနှင့် ဗောက်နာများ၊ ကိုယ်လိမ်းပေါင်ဒါနှင့် ေ၇မွှေးစသော အလှပြုပြင်ရေး ပစ္စည်းများ၊ အဝတ်အစားများမှ အမွေးအမင်များ၊ မွေ့ရာခေါင်းအုံးများ အတွင်း သွတ်ထားသော ပစ္စည်းများ၊ ဆိုးဆေး၊ အိမ်သုံးဆေး၊ ပိုးသတ်ဆေးမှအစ အစား အသောက်များအားလုံးပင် ဝေဒနာရှင်အား တောက်ခြင်းဖြစ်စေ သည့် အရာဝတ္တုများဖြစ်နိုင်သည်။ ထို့ကြောင့် သံသယဖြစ်သော အရာဝတ္တုများကို တစ်ခုပြီးတစ်ခုလေ့လာ၍ ဝေဒနာရှင်၌ ရောဂါ သက်သာမှုရမရ စမ်းသပ်ကြည့်ခြင်းဖြင့် တောက်ခြင်းဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေနိုင်သည်။ သို့ရာတွင် ဤနည်း၌တစ်ခါ တစ်ရံ အခက်အခဲများ ရှိတတ်သည်။
ဆရာဝန်များ အသုံးပြုလေ့ရှိသော အလွယ်ကူဆုံးစမ်း သပ်နည်းတစ်ခုမှာ ခြစ်ရာဖြင့် စမ်းသပ်နည်းဖြစ်၏။ဤနည်းတွင် ပထမဝေဒနာရှင်၏ လက်မောင်း၌ဖြစ်စေ၊ ကျောပေါ်၌ဖြစ်စေခြစ် ရာကလေးများ ပြုလုပ်ပေသည်။ ထို့နောက် ခြစ်ရာတစ်ခုစီပေါ်၌ သံသယဖြစ်သော အရာဝတ္တု အနည်းငယ်မျှစီကို လိုက်တင်ထား သည်။ အကယ်၍ တအောင့်လောက်ကြာသောအခါခြစ်ရာတခုခု သည် နီမြန်းလာမည်၊ ရောင်ရမ်းလာမည်၊ယားယံလာမည်ဆိုပါက ရောဂါဖြစ်စေသော လက်သည်မှာ ထိုခြစ်ရာပေါ်၌ တင်ထားသော အရာဝတ္တပင် ဖြစ်ကြောင်း သိသာနိုင်သည်။
အစားအသောက်ကြောင့် ဖြစ်တတ်သော တောက်ခြင်း ကို စမ်းသပ်ရာ၌ ဖော်ပြပါ အရေပြားစမ်းသပ် နည်းမျိုးဖြင့် စမ်းသပ်ရန် မလွယ်ကူလှပေ။ အစားအသောက်တစ်ခုခုကြောင့် တောက်ခြင်းဖြစ်ရသည်ဟု ထင်ရလျှင် လက်တွေ့အကောင်းဆုံး နည်းမှာ ပထမဦးစွာ ဝေဒနာရှင်အား တောက်ခြင်းလက္ခဏာများ လုံးဝကင်းစင် သွားသည်အထိ အလွန်ရိုးသော စားနေကျအစား အသောက်များကိုသာ ခြိုးခြံစွာကျွေးရမည်။ ထို့နောက် အစား အသောက် အသစ်အဆန်းများကို တဖြည်းဖြည်းချင်းတိုး၍ကျွေး ကြည့်ရမည်။ ဤသို့အားဖြင့်ဝေဒနာရှင်သည် မည်သည့် အစား အသောက်နှင့် တည့်ပြီး မည်သည့် အစားအသောက်နှင့်မတည့် ကြောင်းကို တွေ့ရှိလာရသည်။ အစားအသောက်ကြောင့်တောက် ခြင်းဖြစ်ရာ၌ များသောအားဖြင့် ပရိုတင်းဓာတ်များကြောင့် ဖြစ် တတ်ခြင်းနည်းသည်။
ကုသနည်း
ပြင်ဆင်ရန်တောက်ခြင်းပျောက်ကင်းရန် အကောင်းဆုံးကုသနည်းမှာ မိမိနှင့် မတည့်သော အရာဝတ္တုများကို တတ်နိုင်သမျှသတိထား၍ ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။
ရှောင်ကြဉ်ရန်ခက်သော အရာဝတ္တုများအတွက် တောက် ခြင်းမဖြစ်စေရန် ကုသပေးရာ၌ သိလွယ်မှုလျော့ခြင်းနည်းကိုအသုံး ပြုလေ့ရှိသည်။ ဤနည်းတွင် မတည့်သော အရာဝတ္တုကို အင် ဂျက်ရှင်းထိုးဆေးပြုလုပ်၍ ဝေဒနာရှင်အား လက်ဦးတွင် နည်း နည်းချင်းထိုးပေးသည်။ နောက်တဖြည်းဖြည်းတိုး၍ထိုးပေးသည်။ ဤနည်းဖြင့် ဝေဒနာရှင်သည် မိမိနှင့်မတည့်သော အရာဝတ္တုများ ကို ပို၍ခံနိုင်ရည် ရှိလာတတ်သည်။
အစားအသောက်ကြောင့် တောက်ခြင်းမဖြစ်စေရန် ကုသ ပေးရာ၌ ရှေးဦးစွာ ဝေဒနာရှင်အား မတည့်သောအစားအသောက် ကို လပေါင်းအတော်ကြာမျှ လုံးဝရှောင်ကြဉ်ထားစေသည်။နောက် မှမတည့်သော ထိုအစားအသောက်ကို တဖြည်းဖြည်းချင်းအနည်း ငယ်စီပြန်စားစေသည်။ ဤသို့အားဖြင့် ဝေဒနာရှင်သည် မတည့် သော အစားအသောက်ကို များများစားလာနိုင်တတ်သည်။ အချို့ သော ဝေဒနာရှင်များကို ဗီတာမင်စီနှင့် ဗီတာမင်ဒီများတိုက်ကျွေး ခြင်းဖြင့် တောက်ခြင်းလျော့ပါးစေအောင် ပြုလုပ်ပေးနိုင်ကြောင်း တွေ့ကြရသည်။
ကိုးကား
ပြင်ဆင်ရန်မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)