‌တောကျီးကန်းသည် ‘ပက်ဆာရီ‌ဖောမီး’ မျိုးစဉ်၌၎င်း၊ ‘ကော်ဗီဒီ’ မျိုးရင်း၌၎င်း ပါဝင် သည်။ ‌တောကျီးကန်း၏ အလျားမှာ ၂၀ လက်မမှ ၂၂ လက်မထိရှိသည်။ ပျံသန်းရာတွင် အ‌တောင်ကို မှန်မှန်ရိုက်၍ ‌နှေး‌နှေးနှင့် ‌ဖြောင့်‌ဖြောင့် ပျံတတ် သည်။ အ‌တောင်စွန်းရှိ အ‌မွေးများသည် မြို့ကျိးကန်းထက်ပို ကြီး၍ ကျဲသည်။

အား၊ အားဟု အာတတ်သည်။ တစ်ခါတစ်ရံစူးရှစွာ မြည် တတ်၏။ တစ်ခါတစ်ရံတွင်လည်း သာယာစွာ မြည်‌လေ့ရှိသည်။ လည်‌ချောင်းသံနှင့် မြည်သည့်အခါ ‘အားဝါး၊ အားဝါး’ဟု အသံထွက်သည်။ ‌နေ့ခင်း ‌နေပူချိန်၌ အရိပ်‌ကောင်းသည့် သစ် ကိုင်း‌ပေါ်တွင်နားကာ ‌လေးတွဲ့စွာ ညဉ်း၍လည်း ‌နေတတ်သည်။ ‌တောကျီးကန်းကို မြန်မာနိုင်ငံတွင် အနှံ့အပြား ‌တွေ့နိုင် သည်။ အထူးသဖြင့် ‌မေမြို့၌ ‌တောကျီးကန်း ‌ပေါများသည်။ ည‌နေအချိန်တွင် ‌မေမြို့မှ ‌တောင်ဘက်သို့ ‌ထောင်‌ပေါင်းများစွာ ပါရှိ‌သော ‌တောကျီးကန်းအုပ်ကြီးများ အိပ်တန်းတက်ရန် ပျံ သွားကြသည်ကို မြင်နိုင်သည်။ အရုဏ်တက်ချိန်၌ မြို့တွင်းသို့ ပြန်ဝင်လာ‌လေ့ရှိကြသည်။

တနသင်္ာရီခရိုင်တွင် ဇန္နဝါရီနှင့် ‌ဖေ‌ဖေါ်ဝါရီလများတွင် ဥများကို အု‌လေ့ရှိသည်။ အခြား‌နေရာများတွင်မူ မတ်လနှင့် ဧပြီလအတွင်း၌ အုကြသည်။ လွင်ပြင်ရပ်များ၌ကား ‌ဖေ‌ဖေါ် ဝါရီလမှစ၍ပင် ‌တောကျီးကန်းအသိုက်များကို ‌တွေ့နိုင်သည်။ အသိုက်ကို သစ်ပင်များ‌ပေါ်၌ ‌စောက်နက်နက် ခွက်ပုံလုပ်‌လေ့ ရှိသည်။ အသိုက်လုပ်ရာတွင် သစ်ခက်များ၊ တုတ်‌ချောင်းငယ် များနှင့် လုပ်‌လေ့ရှိ၍ အတွင်း၌ အ‌မွေးအမှင်၊ သစ်မြစ်၊ မြက် ‌ခြောက်၊ ‌လျှော်ပင် စသည်တို့ကို ခင်းထားတတ်သည်။ တစ်မြုံ လျှင် အများအားဖြင့် ၄ ဥမှ ၅ ဥအထိရှိ၍ တစ်ခါတစ်ရံမှသာ ၆ ဥအထိရှိတတ်သည်။ ဥများမှာ အပြာ‌ဖျော့အ‌ရောင်ခံ‌ပေါ်တွင် အညိုကွက်နှင့် အစင်းများရှိသည်။

‌တောကျီးကန်းကို မြန်မာနိုင်ငံတစ်ဝှန်းလုံး၌သာမက အ‌ရှေ့ ဘက်နိုင်ငံများတွင်လည်း အနှံ့အပြား‌တွေ့နိုင်သည်။

ကိုးကားပြင်ဆင်

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)