တောင်ကရမက်ပင်သည် ပင်လတ်မျိုးဖြစ်၍ စိုပြေသည်။ အရွက်သည် သနပ်ရွက်ခန့် ရှိ၍ စန္ဒဝါဟူလည်းကောင်း၊ မှိုက်ချောက် ဟူ၍ လည်းကောင်း ခေါ်ကြသည်။ တောင်ကရမက်ဟု ခေါ်သော်လည်း နံ့သာမျိုးထဲမှ မဟုတ်ဘဲ ကရမက်ပင်နှင့် များစွာ ကွာခြားသည်။ ကရမက်နှင့် တောင်ကရမက်တို့သည် အပင်ပေါက်ခါစတွင် အရွက်ချင်း လွန်စွာတူကြသည်။ ကြီးသော အခါတွင် ကရမက်၏ အရွက်သည် သေးငယ်သည်ကို တွေ့ရသည်။ ၎င်း၏ အနှစ်အသားတို့သည် အနံ့မွှေး၍ ကရမက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ အရွက်သည် နုစဉ်အခါက ကတ္တီပါ အမွှေးများ ရှိသော်လည်း အရွက်ရင့်တွင်မူ အမွှေးအမှင် မရှိပေ။ အဖျားပေါ်၌ အကြေးအဖြူကလေး များ ရှိသည်။ အခေါက်ဖတ်များ ကွာကျသော အခါတွင် အပြားလိုက် ကွာကျလေ့ ရှိသည်။ အရွက်သည် ၅ လက်မမှ ၁၀ လက်မ အထိ ဖြစ်ပြီး အညှာမှာ ၁ လက်မမှ ၂ လက်မ အထိ ဖြစ်သည်။ အသီးသီးသော အခါ ပွင့်ချပ်ကွက်တွင် တဝက်မြုပ် သီးသည်။ ၎င်းသည် သနပ်ပင်မျိုးတွင် ပါဝင်သည်။ သက္ကတ ဘာသာဖြင့် ဗဟု ဝါရကဟုလည်း ခေါ်ကြသည်။ သိပ္ပံ အခေါ်အဝေါ်အားဖြင့် Cordia frangrantis sima ဟု ခေါ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်