တောင်ကိုရီးယား နိုင်ငံတော်ကောင်စီ
ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ (ဟန်းဂု: 국무회의; ဟန်းဂျာ: 國務會議; အတိုကောက်အားဖြင့် SC-ROK) သည် တောင်ကိုရီးယားနိုင်ငံ၏ အဓိက အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဝန်ကြီးဌာနများမှာ အုပ်ချုပ်ရေးအဖွဲ့၏ အရေးပါဆုံး အစိတ်အပိုင်းဖြစ်သည်။[၁]
အဖွဲ့ဝင်များ
ပြင်ဆင်ရန်၂၀၁၈ ဇွန်လတွင် ဝန်ကြီးဌာန ၂၃ ခု၊ အာဏာပိုင်အဖွဲ့အစည်း ၁၇ ခု၊ ဘုတ်အဖွဲ့ ၂ ခု၊ ရုံး ၄ ခု၊ ကော်မတီ ၆ ခု ရှိသည်။[၂] နိုင်ငံတော်ကောင်စီတွင် အမျိုးသားညီလာခံ (လွှတ်တော်) က ခန့်အပ်သော ဝန်ကြီး ၁၈ ဦး၊ ဝန်ကြီးချုပ်၊ သမ္မတတို့ ပါဝင်သည်။ သမ္မတသည် ကောင်စီဥက္ကဋ္ဌဖြစ်ပြီး၊ ဝန်ကြီးချုပ်မှာ ဒုတိယဥက္ကဋ္ဌဖြစ်သည်။[၃]
အောက်ပါပုဂ္ဂိုလ်များသည် ကောင်စီဝင်မဟုတ်သဖြင့် မဲပေးခွင့်မရှိသော်လည်း ကောင်စီအစည်းအဝေးများသို့ တက်ရောက်နိုင်ပြီး မိန့်ခွန်းပြောကြားနိုင်သည်။[၄]
- သမ္မတရုံး အတွင်းရေးမှူးချုပ်၊
- အမျိုးသားလုံခြုံရေးရုံး ညွှန်ကြားရေးမှူး၊
- မူဝါဒပိုင်းဆိုင်ရာ သမ္မတရုံး အတွင်းရေးမှူးချုပ်၊
- အစိုးရမူဝါဒချမှတ်ရေးရုံးဝန်ကြီး၊
- ဝန်ထမ်းရေးရာဝန်ကြီး၊
- စစ်မှုထမ်းဟောင်းရေးရာဝန်ကြီး၊
- ဥပဒေပြုရေးဝန်ကြီး၊
- အစားအသောက်နှင့် ဆေးဝါးလုံခြုံရေးဝန်ကြီး၊
- တရားသော ကုန်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊
- ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင် ဥက္ကဋ္ဌ၊
- သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး၊
- ကုန်သွယ်ရေးဝန်ကြီး၊
- ဆိုးလ်မြို့တော်ဝန်။
ဆိုးလ်မြို့တော်ဝန်သည် ဗဟိုအစိုးရနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဆိုးလ်မြို့သည် အထူးမြို့တော်ဖြစ်သဖြင့် ကတ်ဘိနက်အဖွဲ့ဝင်အဆင့်ရှိ တစ်ဦတည်းသော မြို့တော်ဝန်ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Executive Branch။ Government of South Korea။ Prime Minister's Office of South Korea။ 6 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Korea.net : The official website of the Republic of Korea။ 2020-05-21 တွင် ပြန်စစ်ပြီး။
- ↑ Government Organization Act (정부조직법) Art. 12 (Promulgation No. 14839, Last amended 2017-07-26). https://elaw.klri.re.kr/eng_service/lawView.do?hseq=44197&lang=ENG
- ↑ 대한민국 국무회의 규정 제8조