တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်း

တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီးဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။


တောင်ငူမင်းဆက်

ပြင်ဆင်ရန်
  1. မင်းကြီးညို
  2. တပင်ရွှေထီး
  3. နန္ဒဘုရင်
  4. မင်းကြီးဆွေ
  5. တောင်ငူမင်းခေါင်
  6. ဘုရင့်နောင်
  7. မင်းရဲသီဟသူ
  8. နတ်သျှင်နောင်

တို့ဖြစ်ကြသည်။