တောင်သားလူမျိုး
တောင်သားလူမျိုး သို့မဟုတ် ရောင်တူလူမျိုး[၁] သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်မပြုထားသည့် လူမျိုးအုပ်စုတစ်ခု ဖြစ်ပြီး[၂] မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် နေထိုင်ကြသည်။[၃] တောင်သားလူမျိုးအား တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄] တောင်သားလူဦးရေသည် ၃၀,၀၀၀ မှ ၃၅,၀၀၀ အကြားရှိမည်ဟု ခန့်မှန်းထားသည်။[၅][၆]
လူဦးရေ စုစုပေါင်း | |
---|---|
၃၀၀၀၀ – ၃၅၀၀၀ | |
အများစု နေထိုင်သည့် နေရာ | |
မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ | |
ဘာသာစကား | |
ရုန်းတူဘာသာစကား၊ မြန်မာဘာသာစကား | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ၊ ရိုးရာနတ် | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဗမာလူမျိုး |
တည်နေရာ
ပြင်ဆင်ရန်တောင်သားလူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းမကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်တွင် ချင်းပြည်နယ်နှင့် နယ်စပ်ဒေသ၌ ရွာများအနေဖြင့် ပျံ့နှံ့နေထိုင်ကြသည်။[၇][၈] ထီးလင်းမြို့နယ်တွင် ၂၃ ရွာ၊ ဂန့်ဂေါမြို့နယ်တွင် ၃ ရွာနှင့် ဆောမြို့နယ်တွင် ၂၂ ရွာ ဖြစ်သည်။[၇]
သမိုင်းကြောင်း
ပြင်ဆင်ရန်တောင်သားလူမျိုးများ၏ ဇစ်မြစ်မှာ ရှင်းလင်းခြင်းမရှိပေ။ တောင်သားလူမျိုးများသည် ပျူလူမျိုးများမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ပုဂံခေတ်ကာလတွင် တောင်သားလူမျိုးများသည် ပုပ္ပားအရပ်ဒေသမှ ယခုနေထိုင်ရာ အရပ်ဒေသသို့ ပြောင်းရွှေ့လာကြသည့် ပျူလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြပြီး[၆] "တောင်သား" ဟူသည်မှာ "တောင်တန်းများ၏ သား" သို့မဟုတ် "တောင်ပိုင်းသား" ဟု ဆိုသည်။[၇] တောင်သားလူမျိုးများသည် သမုဒ္ဓရာဇ်မင်းကြီး အုပ်စိုးစဉ်ကာလကတည်းက တည်ရှိခဲ့သူများဖြစ်သည်ဟု ဆိုကြသည်။[၉] တောင်သားလူမျိုးတို့ ပြောဆိုသော ရုန်းတူဘာသာစကားသည် တောင်ပိုင်းကူကီး-ချင်းနွယ် ဘာသာစကားများအုပ်စုဝင်ဖြစ်ပြီး ချင်းပြည်နယ်ပြင်ပနေ ချင်းစကားပြောလူမျိုးများနှင့် ဆင်တူသော်လည်း တောင်သားလူမျိုးများသည် ချင်းမျိုးနွယ်ဟု မသတ်မှတ်ကြပေ။[၁၀]
တရားဝင်အသိအမှတ်ပြုမှု
ပြင်ဆင်ရန်ယခင်က တောင်သားလူမျိုးအား မှတ်ပုံတင်တွင် "တောင်သား"ဟု ဖော်ပြခဲ့သော်လည်း ယခုအခါတွင် ဗမာလူမျိုးအဖြစ်သာ မှတ်တမ်းရေးသွင်းလျက်ရှိသည်။[၁၁] ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ဦးကျော်မြင့်က တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုတ်နံပါတ်ရရှိရေးအတွက် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလျက် တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန်အဆိုကို တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄][၁၂] was to preserve the cultural heritage, literature, and language of the Taungtha people.[၁၃] ကန့်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တိမ်မြုပ်ပျောက်ကွယ်လုနီး တိုင်းရင်းသားများကိုဖော်ထုတ်ခြင်းကို ထောက်ခံခဲ့သော်လည်း တောင်သားမျိုးနွယ်တို့၏ သမိုင်းအချက်အလက်များကို ပြုစုစစ်ဆေးရန်အတွက် နက်နဲကျယ်ပြန့်ပြီး ပညာရှင်များပါဝင်ရမည့် အခြေအနေနှင့် ငွေကြေးသုံးစွဲရမည့် အခြေအနေများကို ထောက်ပြခဲ့ကြသည်။[၄]
ဘာသာစကား
ပြင်ဆင်ရန်တောင်သားလူမျိုးများသည် တောင်ပိုင်းကူကီး-ချင်းနွယ် ဘာသာစကားများအုပ်စုဝင် ရုန်းတူဘာသာစကားအပြင် ဗမာဘာသာစကားကိုလည်း ပြောဆိုကြသည်။ ကိုလိုနီခေတ်တွင် တောင်သားနှင့် မွင်းဘာသာစကားတို့သည် အရှိုချင်းဘာသာစကားနှင့် နီးစပ်ကြောင်း ပညာရှင်များက လေ့လာမှတ်သားခဲ့သည်။[၁၄] တောင်သားတို့သည် စာပေရေးသားသည့် ဘာသာစကားမရှိသလို ပြောဆိုသည့် ဘာသာစကားမှာလည်း ပျောက်ကွယ်လုနီး ဖြစ်နေသည်။ တောင်သားလူမျိုးတို့ ပြောဆိုသော ဘာသာစကားတွင် မြောက်ပိုင်း (ထီးလင်းမြို့နယ်) နှင့် တောင်ပိုင်း (ဆောမြို့နယ်) လေသံဟူ၍ ကွဲပြားသည်။[၇]
ယဉ်ကျေးမှု
ပြင်ဆင်ရန်ဝတ်စားဆင်ယင်မှု
ပြင်ဆင်ရန်ယောက်ျားများသည် ဗမာလူမျိုးများကဲ့သို့ ပင် ဝတ်ဆင်ကြသည်။ သိုသော် လုံချည်ကို ပခုံးတွင် တင် ထားသည်။ မိန်းမများသည် (တောင်သမဝတ်) ဟုခေါ်သော အဖြူရောင် ဝတ်လုံရှည်နှင် အနီရောင်နှင် အမဲရောင်ပုဝါကို ရင်သားမှ ခါးအထိ ဝတ်ဆင်ကြသည်။[၃] ပုဝါ၏အရောင်သည် အမျိုးသမီးတစ်ဦး၏ အသက်အရွယ်နှင့် အိမ်ထောင်ရေးကို ပြောပြသည်။ မိန်းကလေးများသည် အဖြူရောင်ပုဝါကို ဝတ်ဆင်ကြပြီး၊ အမျိုးသမီးငယ်အပျိုများသည် အနီရောင်ပုဝါကို ဝတ်ဆင်ကြပြီး၊ အိမ်ထောင်သည် အမျိုးသမီးများသည် အမဲအရောင် ပုဝါကို ဝတ်ဆင်ကြသည်။[၃]
နေထိုင်မှု
ပြင်ဆင်ရန်တောင်သားလူမျိုးတို့သည် လယ်ယာနှင့် ခြံများ စိုက်ပျိုးလုပ်ကိုင်ကြ၏။ စပါး၊ ပဲ၊ ရှောက်၊ လိမ္မော်၊ ကြက်သွန်၊ ငရုတ် စသည့် ကောက်ပဲသီးနှံများ စိုက်ပျိုးကြသည်။[၃] နေထိုင်စားသောက်ရာတွင် ဒေါင်းလန်းကြီးတစ်ခု တွင် ထမင်းဟင်းပြည့်စုံစွာထည့်၍ အိမ်သားအားလုံးဝိုင်းဖွဲ့ကာ လက်ရေတစ်ပြင်တည်း စားသောက်လေ့ရှိသည်။[၃] တောင်သားလူမျိုး အပျိုလူပျိုသည် မိဘသဘောတူသူနှင့်သာ လက်ထပ်ရ လေသည်။[၁၅] ရိုးရာအိမ်များကို သစ်သားဖြင့်တည်ဆောက်ထားပြီး သံချောင်းများမပါရှိဘဲ သစ်သားပတ္တာများကို အသုံးပြု၍ အဆောက်အဦများ တွဲချိတ်ထားသည်။
ဘာသာရေး
ပြင်ဆင်ရန်တောင်သားလူမျိုးတိုသည် ထေရဝါဒ ဗုဒ္ဓဘာသာနှင် ရိုးရာနတ် ကိုးကွယ်ကြသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ တောင်သား(ခေါ်) ရောင်တူမျိုးနွယ်စု တို့ရဲ့ လူနေမှုဘဝများ၊ 2020-06-16 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ၊ 2020-05-17 တွင် ပြန်စစ်ပြီး
- ↑ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း။ 3 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ မြန်မာ့စွယ်စုံကျမ်း။ 5။ Sarpay Beikman။ 1961။
- ↑ ၄.၀ ၄.၁ ၄.၂ ပျူမျိုးနွယ်စုခေါ် တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုတ်နံပါတ်ရရှိရေးအဆိုကို မကွေးတိုင်းကိုယ်စားလှယ် ထက်ဝက်ကျော် ကန့်ကွက်ခဲ့သောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိ (in my)။ 2023-03-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-09 တွင် ပြန်စစ်ပြီး။
- ↑ ဆောမြို့နယ်၌ ပျူလူမျိုးစု (ခေါ်) တောင်သားလူမျိုးစုများ တွေ့ဆုံပွဲကျင်းပမည် (in my)။ 2020-05-09 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၆.၀ ၆.၁ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစုထားရှိရေး " အဆိုကို ဦးခင်မောင်ဌေး (ထီလင်းမဲဆန္ဒနယ်) ကဆွေးနွေးခြင်း | Pyithu Hluttaw (in my)။ 2020-05-09 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ၇.၀ ၇.၁ ၇.၂ ၇.၃ နေအောင် (2018-05-23)။ ပုံတောင်ပုံညာတောင်တန်းကြီး အကွယ်က တောင်သားလူမျိုးစု (in my)။ 2021-02-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-09 တွင် ပြန်စစ်ပြီး။
- ↑ မကွေး တိုင်းဒေသကြီး အတွင်းရှိ ပျူလူမျိုး(ခေါ်) တောင်သားလူမျိုးများ ပထမအကြိမ် တွေ့ဆုံပွဲကျင်? (in my) (2017-12-04)။ 2020-05-09 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မောဟေမာန် (2019-12-28)။ တတိယအကြိမ်မြောက် တောင်သားလူမျိုးများ တွေ့ဆုံပွဲကျင်းပ (in my)။ 2023-03-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-09 တွင် ပြန်စစ်ပြီး။
- ↑ Mang၊ Kee Shein (November 2006)။ A Syntactic and Pragmatic Description of Verb Stem Alternation in K'chò, a Chin Language။ 2020-05-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-09 တွင် ပြန်စစ်ပြီး။
- ↑ "တောင်သား လူမျိုးတွေ လူမျိုးစု ကုဒ်နံပါတ်ရဖို့ အစိုးရ ကိုတောင်းဆို" (in my)၊ DVB၊ 2019-12-28။
- ↑ "မကွေးတိုင်းဒေသကြီး ယောဒေသအတွင်း အများဆုံးနေထိုင်သည့် ရှေးဟောင်းပျူလူမျိုးများဟု သိရှိကြသော တောင်သားလူမျိုးများသည် ကုတ်နံပါတ်ရရှိသည်အထိ တင်ပြဆောင်ရွက်သွားမည်ဟု ဆို"၊ Eleven Media၊ 2017-12-05။
- ↑ တောင်သားလူမျိုး ကုတ်နံပါတ်ရရှိရေးအဆို ရှုံးနိမ့် (in my) (2018-01-17)။ 2021-02-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-09 တွင် ပြန်စစ်ပြီး။
- ↑ Grierson၊ G.A. (1904)။ Linguistic Survey of India - Tibeto-Burman Family: Specimens of the Kuki-Chin and Burma Groups (အင်္ဂလိပ်ဘာသာစကားဖြင့်)။ III။ Office of the Superintendent of Government Printing, India။ 2023-03-24 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 2021-03-24 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ ၁၉၆၁