ပုံပန်းသဏ္ဌာန် ပြင်ဆင်ရန်

တောထန်းမြစ်သည် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပြီး အပင်ပေါက်ခါစအရွယ် ထွက်လာသည့်အခါ ထန်းရွက်ပုံသဏ္ဌာန် အရွက်သုံးရွက် ရှိသောကြောင့် တောထန်းမြစ်ဟု ခေါ်ဆို၍ ထန်းပင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းကို အစိမ်းလိုက်စားနိုင်ပြီး စိမ့်သော အရသာရှိသည်။ အပင်ကို အခြောက်လှန်း အမှုန့်ကြိတ်ပြီး ပျားရည်နှင့်ရောကာ ဆေးအဖြစ် သောက်သုံးလေ့ ရှိသည်။

မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင်သည့်ဒေသ ပြင်ဆင်ရန်

တောထန်းမြစ်ကို မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ အဓိက ထွက်ပြီး တရုတ်ဈေးကွက်သို့ အဓိက တင်ပို့သည်။

ကိုးကား ပြင်ဆင်ရန်