[၁] တောဒေယျလုလင်၏ မေးလျှောက်ချက်အရ ကာမတို့မကိန်းအောင်း၊ တပ်မက်မှုတဏှာမရှိ၊ ဝိစိကိစ္ဆာကို လွန်မြောက်ပြီးသူသည် အခြားတစ်ပါးသော ဝိမောက္ခကို အလိုမရှိအပ်၊ တွယ်တာမှုအာသာကင်းပြီးသူ၊ တွယ်တာမှုအာသာမရှိတော့သူ၊ ပညာရှိသူ၊ သမာပတ္တိအစရှိသောဉာဏ်ဖြင့် တဏှာကပ္ပ၊ ဒိဋ္ဌိကပ္ပကို မဖြစ်စေတော့သူ၊ ကြောင့်ကြမရှိသူ၊ ကာမ၌လည်းကောင်း ဘဝ၌လည်းကောင်း ကပ်ငြိမှုတဏှာမရှိတော့သူဖြစ်၍ ထိုသူကို “မုနိ”ဟု သိလေလော့ဟု ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။

ဒေသနာတော်၏အဆုံး၌ အန္တေဝါသိက တပည့် တစ်ထောင်နှင့် တောဒေယျလုလင် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်လေသည်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။

စူဠနိဒ္ဒေသ(၁၃၀-၄)၌ တောဒေယျမာဏဝ ပုစ္ဆာနိဒ္ဒေသဟု အရှင်သာရိပုတ္တရာ ဖွင့်ဆိုဟောကြားတော်မူပါသည်။ စူဠနိ၊ဋ္ဌ၊၃၂။ ၌လည်း အရှင်ဥပသေနက ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၄၄၃-၄။ သုတ္တနိ၊မြန်၊၄၂၁။ သုတ္တနိ၊ဋ္ဌ၊၂၊၃၁၂။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၅-ပါရာယနဝဂ္ဂ၊ နဝမပုစ္ဆာ။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ