တောမီးလောင် တောကြောင်လက်ခမောင်းခတ်
တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်တောမီးလောင်၍ တောတွင်းရှိ ယုန်၊ ပုတတ်စသော သတ္တဝါငယ်များ ပြေးလွှားနေချိန်တွင် တောကြောင်က အခွင့်ကောင်းပေါ်ပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်သကဲ့သို့ လူအများ ဘေးဒုက္ခရောက်၍ ကြံရာမရ ဖြစ်နေချိန်တွင် လူယုတ်မာများက အခွင့်ကောင်းပေါ်ပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "တောမီးလောင်သော်၊ တောကြောင်လက်ပမ်း၊ ခတ်သောငြမ်းသို့၊" [၁၂၆၆] မဃ * ၂၁၈
- "တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုတဲ့ စကားကဲ့သို့..." [၁၂၈၁] နောင်ဝတ်၊ ပ။ ၁၃၁။