တေးမြုံငှက် တေးစုသည် အဆိုတော် ခိုင်ထူး ၏ ပထမဆုံး ပွဲဦးထွက် တေးစုဖြစ်သည်။

တေးစုအကြောင်း ပြင်ဆင်ရန်

တေးစု ၏ တကယ့်အမည်မှာ "လူစိမ်းချစ်သူ့အလွမ်းပြေတေးစု" ဖြစ်သော်လည်း တေးမြုံငှက် တေးစုဟုသာ လူသိများခဲ့သည်။ ခိုင်ထူး နှင့် အဆိုတော် ရီဇော် တို့ နှစ်ဦး၏ သီချင်းများကို တေးစု တခုထဲတွင် အတူ ထုတ်လုပ်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ ပွဲဦးထွက် အောင်မြင်မှုရခဲ့ပြီး ခိုင်ထူးကို အဆိုတော် အဖြစ် မြန်မာဂီတလောကတွင် အသိအမှတ်ပြုလာစေသော ယင်းတေးစုကို ၁၉၇၉ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ထုတ်လုပ်ကာ မြန်မာတနိုင်ငံလုံးတွင် ဖြန့်ချီခဲ့သည်။ မူပိုင် မှာ တေးသံလွင် တေးသံသွင်း ပဲခူး ဖြစ်သည်။ တိပ်ခွေ အဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၆၀ တိပ်ခွေ၏ Side A နှင့် Side B တို့တွင် သီချင်း ရှစ်ပုဒ်စီ ပါသဖြင့် စုစုပေါင်း သီခြင်း (၁၆) ပုဒ် ပါဝင်သည်။ ခိုင်ထူး၏ သီချင်း (၁၁) ပုဒ် နှင့် ရီဇော်၏ သီချင်း (၅) ပုဒ် ဖြစ်သည်။ တိပ်ခွေ၏ မျက်နှာဖုံး ဒီဇိုင်းမှာ ငှက် တကောင် နားနေပုံဖြစ်ပြီး ပန်းချီဆရာ မောင်မောင်လှမြင့်က ရေးဆွဲဖန်တီးပေးထားသည်။ သီချင်းများကို ခိုင်ထူး၏ သူငယ်ချင်း လိဒ်ဂစ်တာသမား မိုးကျော် ဦးဆောင်သည့် တေးမြုံငှက် (Phoenix) တေးဂီတအဖွဲ့ က တီးခတ်ပေးထားသည်။ [၁] ကိုရဲခေါင်မေ စတူဒီယို တွင် အသံသွင်းခဲ့သည်။ တေးစာသားများကို ကိုနေဝင်းမောင်သစ်မင်းရာပြည့် တို့က ရေးသား ခဲ့ကြသည်။ တေးမြုံငှက် (Phoenix) တေးဂီတအဖွဲ့တွင် လိဒ်ဂစ်တာ မိုးကျော်၊ ရစ်သမ်ဂစ်တာ ခိုင်ထူး၊ ဘေ့စ် ဂစ်တာ ရဲလွန်း၊ အော်ဂင် ရဲခေါင်၊ ဒရမ် အော်စကာသန်းတင် တို့ ပါဝင် တီးခတ်ထားသည်။ [၂] ထူးခြားချက်အနေနှင့် အဆိုတော် နှစ်ဦးတွင် ခိုင်ထူး ကိုသာ လူသိများခဲ့ပြီး အဆိုတော် ရီဇော် မှာ များစွာ အောင်မြင်ခဲ့ခြင်း မရှိပေ။

တေးမြုံငှက်တေးစုတွင် ပါဝင်သော သီချင်းများ ပြင်ဆင်ရန်

Side A ပြင်ဆင်ရန်

  • စဉ်းစားထား (တေးရေး ကိုနေဝင်း၊ တေးဆို ခိုင်ထူး)
  • လမ်းခွဲဖို့လိုပြီလား (တေးဆို ရီဇော်)
  • မျက်ရည်လက်နက် (တေးရေး တေးဆို ခိုင်ထူး)
  • တေးမြုံငှက် (တေးရေး စာသား မောင်သစ်မင်း သံစဉ် ရဲလွင် ၊ တေးဆို ခိုင်ထူး)
  • အဝေးဆုံး (တေးရေး စာသား ရာပြည့် သံစဉ် ခိုင်ထူး ၊ တေးဆို ခိုင်ထူး)
  • ပေးတဲ့ဆုနဲ့ပြည့်ပါစေ (တေးရေး တေးဆို ခိုင်ထူး)
  • ကိုယ့်ရင်ထဲမှာနွေ (တေးရေး တေးဆို ခိုင်ထူး)
  • တဗွေထဲ (တေးဆို ရီဇော်)

Side B ပြင်ဆင်ရန်

  • တဘက်သတ်အချစ် (တေးရေး တေးဆို ခိုင်ထူး)
  • ချစ်သူ့အလွမ်းပြေ (တေးဆို ရီဇော်)
  • ကဝေ (တေးရေး တေးဆို ခိုင်ထူး)
  • လောကကြီးရဲ့အရင်လူ (တေးရေး တေးဆို ခိုင်ထူး)
  • ဝဋ်ရှိရင်လဲပြေပါစေ (တေးဆို ရီဇော်)
  • နောက်ဆုံးတွေ့ဆုံခြင်း (တေးရေး တေးဆို ခိုင်ထူး)
  • လူစိမ်း (တေးဆို ရီဇော်)
  • လမ်းပြမဲ့လူ (တေးရေး တေးဆို ခိုင်ထူး)

ကိုးကား ပြင်ဆင်ရန်

  1. https://www.youtube.com/playlist?list=PLVRmX9aOVsn859w716JypeXd7E2PHWQzI ခိုင်ထူး - တေးမြုံငှက် (Album) (Khine Htoo Youtube Channel)
  2. https://www.youtube.com/watch?v=g86RsZyxxL8 ခိုင်ထူး၊ရီဇော် - တေးမြုံငှက် (Sky Mysic Youtube Channel)