တံဇောင်းကြီးပင်သည် မိုးခေါင်ရေရှားရပ်ဝန်း၊ အပူပိုင်းဒေသများတွင် များစွာ ပေါက်ရောက်သော အပင်မျိုး ဖြစ်ပြီး၊ တံဇောင်းပြဿဒ်ပင်ဟုလည်း တွင်သည်။ အဖူးအပွင့်များသည် နားကပ်နှင့် တူသောကြောင့်လည်း အချို့အရပ်တွင် စိန်နားကပ်ပင်ဟု ခေါ်သေးသည်။။။[၁]

ပုံပန်း ပြင်ဆင်ရန်

အဖုအထစ်နှင့် ခွများပြားသည်။ အနက်ရောင်ဆူးရှိသည်။ အစေးဖြူ ထွက်သည်။ ဆူးသည် ခြေထောက်ကို စူးမိသော် မြွေဆိုး ကိုက်ခံရသကဲ့သို့ ပူကနဲ ဖြစ်ပြီး၊ ပေါင်တွင် အကြိတ်ဖြစ်၊ ခြေလေး၊ မိနစ်ပိုင်းနှင့် လမ်းမလျှောက်နိုင်လောက်အောင် အဆိပ်ရှိသည်။

အကျိုး ပြင်ဆင်ရန်

  • နွားများ ကူးစက်ရောဂါ ဖြစ်သော် အပင်ကို နွားခြံဝဝယ် စောက်ထိုး ချိတ်၊ ကင်းပယ်သည်။
  • အစေးကို ရွေးကြီးစေ့ခန့်မြို၊ ငှက်ဖျားသေသည်။
  • အအေးဝမ်းပိတ်သူ၊ ရေလုပ်သား၊ ရေငုပ်စသူများ ဝမ်းချုပ်က အစေး တရွေးသားမြို၊ ဝမ်းလျှောပြီးနောက် သက်သာစေသည်။
  • တံဇောင်းကြီးပင်မှ ရသော တံဇောင်းကြီးနှစ်သည် အစီအရင် တန်ဖိုးရှိလှသောကြောင့် ရလျှင် ဈေးကြီးမပေးက မရောင်းသင့်ဘဲ မိမိကိုယ်တိုင် ဆောင်ထားပါက ပိုမို၍ အကျိုးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. စိန်ဓူဝံ (စက်တင်ဘာလ, ၁၉၉၈)။ တံဇောင်းကြီးနှစ်၁၄၆။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၁၁၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)