ထနော့လူမျိုးတို့သည် မွန်-ခမာ အုပ်စုတွင် ပါဝင်ပြီး "'ဝ"'-ပလောင် အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင် သွေးနှောသည့် လူမျိုးဟု ယူဆသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ် တစ်ဝန်းတွင် မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာမှ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်သော ရှမ်းပြည်(တောင်ပိုင်း)သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် မွန်လူမျိုးများနှင့် ကွဲပြားပြီး ရှမ်းပြည်နယ် တစ်ဝန်း ကြွင်းကျန်ရစ်သော လူမျိုးစုဟု ယူဆခဲ့ကြသည်။

ထနော့လူမျိုးတို့သည် ရှမ်းပြည်(တောင်ပိုင်း) ကလောမြို့နယ်ရှိ တောင်ပို့လှရွာ(ထနော့ရွာ)ကို ထနော့ပင်ရင်းရွာအဖြစ် ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့နှင့် အနောက် လေးမိုင်ခန့် ကျယ်ဝန်းပြီး တောင်နှင့်မြောက် ငါးမိုင်ခန့်သာ ကျယ်ဝန်းသော တောင်ပို့လှရွာသည် ထနော့လူမျိုးများ သီးသန့်နေထိုင်သော ရွာဖြစ်သည်။ ရှေးယခင်က ရွာ၏ အနောက်တောင်ဘက်တွင် လှပသော တောင်ပို့တစ်ခု ရှိခဲ့သည်။ ယင်းတောင်ပို့ ရှိရာတွင် ယခုအခါ ယင်းတို့ ကိုးကွယ်သော ရွာစောင့်နတ် မောင်နှမကို နတ်ကွန်းများဖြင့် ထားရှိ ကိုးကွယ်ကြသည်။ လှပသော တောင်ပို့ကို အစွဲပြုခေါ်ဆိုရာမှ တောင်ပို့လှဟု အမည်ခေါ်တွင်လာကြောင်း သိရသည်။

ယခုအခါ တောင်ကြီးမြို့နယ် အေးသာယာမြို့အနီးနောင်အင်ရွာတွင် အများဆုံး ပြောင်းရွှေ့နေထိုင်လာကြသည်။ နောင်အင်ရွာသည် ထနော့လူမျိုးတို့၏ မူရင်းဒေသ မဟုတ်သောကြောင့် ရိုးရာအိမ်၊ ရှေးယခင်က ဓလေ့ထုံးတမ်းများကိုလည်း အနည်းငယ်ဖြင့်သာ တွေ့မြင်ရသည်။ နောင်အင်ရွာတွင် ထနော့လူမျိုးများသည် ပအိုဝ်း၊ တောင်ရိုး၊ ဓနုလူမျိုးများနှင့် ရောနှောနေထိုင်ခဲ့ကြသည်။

အသွင်သဏ္ဌာန်နှင့် စိတ်နေစိတ်ထား ပြင်ဆင်ရန်

ထနော့လူမျိုးတို့သည် အရပ်အမောင်းမှာ မြန်မာတို့နှင့် ခြားနားမှု မရှိ အသားလတ်သူများ ဖြစ်ကြသည်။ ဆံပင်နက်၍ ဖြောင့်သည်။ အမျိုးသား၊ အမျိုးသမီးများသည် အိမ်မှာနေထိုင်ကြသည့် အချိန်မှာသော်လည်းကောင်း၊ တောင်ယာလယ်ယာသွားသည့် အချိန်သော်လည်းကောင်း ခေါင်းပေါင်းပေါင်းလေ့ ရှိကြသည်။ ထနော့လူမျိုးတို့သည် ဘာသာတရားကိုင်းရှိုင်းကြသူများ ဖြစ်သကဲ့သို့ စိတ်နေစိတ်ထားမှာလည်း ရိုးသားဖြူစင်ကြသည်။ ဧည့်ဝတ်ကျေပွန်ပြီး အေးအေးချမ်းချမ်း နေထိုင်လိုကြသည်။ ဘုရား၊ တရား၊ သံဃာအသက်ကြီးသူများ၏ အဆုံးအမကိုလည်း တစ်သဝေမတိမ်း လိုက်နာခဲ့ကြသည်။ "'လေးလံထိုင်းမှိုင်း ကိုင်းရှိုင်းရိုသေ မှတ်ပေ ထနော့တွေ"'ဟူသော ယင်းတို့၏ ဆိုရိုးနှင့်အညီ ခပ်အေးအေးနေတတ်ကြပြီး ဘာသာရေးကို ရိုသေကိုင်းရှိုင်းကြသည်။

ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု ပြင်ဆင်ရန်

ထနော့လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အိမ်တိုင်းတွင် ဘုရားစင်ရှိကာ ဗုဒ္ဓဘုရားဆင်းတုတော်ကို ထားရှိကိုးကွယ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်နှင့်အညီ ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ ထနော့လူမျိုးတို့သည် နတ်ကိုးကွယ်မှုလည်း ရှိကြသည်။ တစ်နှစ်တစ်ခါ နတ်စင်ကုန်းသို့ သွားရောက်၍ ပူဇော်ပသလေ့ ရှိသည်။

စာပေနှင့် ဘာသာစကား ပြင်ဆင်ရန်

ထနော့လူမျိုးတို့သည် ရှေးပဝေသဏီကပင် ဘာသာစကား ရှိခဲ့သည်။ လူမျိုးတစ်မျိုး၏ သမိုင်းကို ရေးသားရာတွင် ရှေးလူကြီး သူမတို့၏ စကားကို မူတည်၍ သမိုင်းအဖြစ် ရေးမှတ်ကြစမြဲပင် ဖြစ်သည်။ ရှေးယခင်က ရေးမှတ်စရာ ဝေငှစရာ ပစ္စည်းများ မပေါ်ပေါက်သေးသဖြင့် တစ်ဦးနှင့် တစ်ဦး မိမိတို့၏ ပုံပြင်၊ ဒဏ္ဍာရီ၊ တေး၊ ကဗျာ၊ လင်္ကာတို့ကိုသာ လက်ဆင့်ကမ်း ဝေမျှခဲ့ကြသည်။ ထို့ကြောင့် လူမျိုးတစ်မျိုး၏ မူလအစနှင့် သမိုင်းကြောင်း အစဉ်အလာတို့ကို မှတ်တမ်းပြုစုရာတွင် ထိုလူမျိုးတို့၏ စာပေမှတ်တမ်းနှင့် အိမ်နီးချင်း လူမျိုးတို့၏ စာပေမှတ်တမ်းများကို အားကိုးအားထားပြု၍ လေ့လာရမည် ဖြစ်သည်။

ထနော့တိုင်းရင်းသားတို့သည် မူလက စာပေသမိုင်း မရှိသော လူမျိုးဖြစ်သည်။ ရှေးလူကြီးများ၏ ပြောစကားအရ ယခင်က စာပေရှိခဲ့သော်လည်း လက်ဆင့်ကမ်း သင်ကြားခဲ့ခြင်း မရှိခဲ့သဖြင့် ခိုင်လုံသော စာပေအထောက်အထားများကို မတွေ့ခဲ့ရပေ။ သို့ရာတ္ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကြေးမုံသတင်းစာ၊ ဇွန်လ (၃၀)ရက်၊ ၂၀၁၈၊ အချပ်ပို တိုင်းရင်းသားရေးရာ အထူးကဏ္ဍ(က)