ထန်းပင်တက် လက်မှတ်ဆိုသည်မှာ ဂျပန်ခေတ်က ဂျပန်စစ်တပ်ရွာထဲဝင်လာလို့ ထန်းပင်မြင်ရင် နီးစပ်ရာရွာသားတစ်ယောက်ကို လက်ရပ်ခေါ် လက်ဟန်၊ ခြေဟန်နဲ့ ထန်းသီးတက်ခူးခိုင်းတယ် ။ ထန်းသီခူးပေးတဲ့ ရွာသား ထန်းပင်ပေါ်ကဆင်းလာရင် ဂျပန်စာတွေရေးထားတဲ့ ပုံစံစာရွက်တစ်ရွက်ပေါ်မှာ စာနည်းနည်းရေး တံဆိပ်တုံး နိုပ်ပြီး အဲရွာသားကို ပေးတယ် ။ ဘာမှသုံးမရတဲ့ ဂျပန်ငွေ တစ်မတ်စေ့ ၊ ငါးမူးစေ့ လိုဟာမျိုး နှစ်စေ့ ၊ သုံးစေ့ပါ ပေးသွားပါသေးတယ်။ ဂျပန်ရေးပေးတဲ့ စာရဲ့ အဓိပ္ပာယ်က "ဒီလူဟာ ထန်းပင်တက် ကောင်းတယ်"ဆိုတာပဲဖြစ်တယ် ။ ထန်းသီးခူးပေးတဲ့ ရွာသားကလည်း ဂျပန်စာရဲ့ အဓိပ္ပာယ်ကို မသိတော့ နောက်ထပ်ရောက်လာတဲ့ ဂျပန်စစ်တပ်ကို (မျက်နာချိုသွေး)ပြီး အဲဒီလက်မှတ်ကို ထုတ်ပြတယ် ။ အဲနောက် ဂျပန်တပ်လည်း အဲဒီလူကိုပဲ ထန်းပင်တက်ခိုင်းတယ် ။ ကြာလာတော့မှ ထန်းပင်တက်တဲ့ ရွာသားလည်းသဘောပေါက်သွားတယ် ။ အဲဒီ အချိန် ခေတ်ကစပြီး ဒီကောင်ဟာ ထန်းပင်တက်ကောင်းတဲ့ လက်မှတ် ရထားတာ”လို့ ပြောဆိုသုံးနှုန်း ခိုင်းနှိုင်း ဥပမာပေးတဲ့ စကားပေါ်ပေါက်လာတာ ဖြစ်ပါတယ်။[]

  1. ကျွန်တော်ရေးတဲ့ ကျွန်တော့်အကြောင်း (ရေး) ဦးဖေသိန်း (B.Sc.Engg.Electrical)