ထပ်တယူငှက် ထပ်တယူငှက်ကို သိသူအလွန်နည်းပါးသည်။ တုတ္ထရူဟု လည်း ခေါ်ကြသည်။ ဇီဝဗေဒအခေါ်မှာ 'ဟာပက်တပ် အီရစ် သရိုစဲဖလပ် အီရစ်သရိုစဲဖလပ်' ဖြစ်သည်။ ထိုငှက်သည် အလျား ၁၃ လက်မရှိ သည်။ ငှက်မ၏ ဦးခေါင်း၊ လည်ပင်း နှင့် ရင်အုပ်အပေါ်ပိုင်းမှာ လိမ်မော်ရင့်ရောင်ရှိသည်။ ပျံသန်း သည့်အခါ တွင် အမြီးနှင့် တောင်ပံများ ဖြူဖွေးနေသည်ကို တွေ့ရသည်။ အမြီးသည်ကျယ်ပြန့်၍၊ လေးထောင့်စပ်စပ်ဖြစ် ၏။ ငှက်ကလေးများ၏ တောင်ပံသည် မည်းနက်သည်။

ထပ်တယူငှက်
Harpactes erythrocephalus - Khao Yai.jpg
Red-headed Trogon, Harpactes erythrocephalus
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
Infraclass:
မျိုးစဉ်:
Trogoniformes

AOU, 1886
မျိုးရင်း:
Trogonidae

Lesson, 1828
Genera

Apaloderma
Euptilotis
Harpactes
Apalharpactes
Pharomachrus
Priotelus
Trogon

ထပ်တယူငှက်သည် တစ်ခါတစ်ရံတွင် ကြောင်အော်သကဲ့သို့ တိုးတိုးအောင်တတ်၍၊ သားပေါက်ချိန်၌ မကြာမကြာ ညည်းသံ ပေးလေ့ရှိသည်။ ယင်းသည် ကျွန်းတောများတွင်သာ နေလေ့ ရှိ၍၊ အများအားဖြင့် ချုံဖုတ်နှင့် ဝါးတောများတွင် တစ်ကောင် ချင်းဖြစ်စေ၊ စုံတွဲဖြစ်စေ တွေ့ရတတ်သည်။ တစ်နေ့လုံး ငြိမ် သက်စွာနေ၍ နံနက်ခင်းနှင့် ညနေခင်းများ၌သာ ပိုးဖလံများကို ရှာဖွေစားသောက်သည်။ အစာကို ပျံသန်းယင်း စားတတ်သည်။ တစ်ခါတစ်ရံ၌သာ မြေပေါ်တွင်အစာစားသည်။ ယင်း၏အစာမှာ ပိုးဖလံနှင့် ပိုးမွှားအမျိုးမျိုးဖြစ်သည်။

ထပ်တယူငှက်များသည် မတ်လမှ မေလအတွင်း သား ပေါက်ကြ၏။ တစ်မြုံလျှင် ၂ ဥမှ ၄ ဥအထိရှိ၍၊ ဥများကို ဝါးပင် သို့မဟုတ် သစ်ငုတ်အခေါင်းတွင် အုလေ့ရှိကြသည်။ ထပ်တယူငှက်ဥသည် ရှည်မျောမျောဖြစ်၍ ဖြူယော်သော အရောင်ရှိ၏။ ဥ၏ပျမ်းမျှအလျားမှာ ၁.၁၃ လက်မဖြစ်၍၊ ပြက် ဝ.၉၅ လက်မရှိလေသည်။

ထပ်တယူငှက်များကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့နိုင်၏။ ယင်းတို့သည် နီပေါနိုင်ငံမှ အာသံပြည်ကိုဖြတ်၍ မြန်မာနိုင်ငံတစ်လျှောက် တနင်္သာရီတိုင်းအထိ ကျက်စားကြ သည်။ ထပ်တယူငှက်သည် အမြင့် ပေ ၆ဝဝဝ အထိပျံတက် ကျက်စားနေနိုင်၍ မြန်မာနိုင်ငံ သစ်တောများတွင် ယင်းတို့ကို အမြဲတမ်းတွေ့ရလေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)