ထရိုင်ရာရှိ ရောမအဆောက်အဦးများ ၊ စိန့်ပီတာ ကသီဒရယ် နှင့် အာဝါလေဒီ ဘုရားကျောင်း

ထရိုင်ရာရှိ ရောမအဆောက်အဦးများ ၊ စိန့်ပီတာ ကသီဒရယ် နှင့် အာဝါလေဒီ ဘုရားကျောင်း သည် ဂျာမနီနိုင်ငံ ထရိုင်ရာမြို့တွင် တည်ရှိပြီး အရေးပါထင်ရှားသော ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်ကာ ၁၉၈၆ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းခဲ့သည်။ [၁]

ထရိုင်ရာရှိ ရောမအဆောက်အဦးများ ၊ စိန့်ပီတာ ကသီဒရယ် နှင့် အာဝါလေဒီ ဘုရားကျောင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Augusta Treverorum
တည်ရှိသည့် နိုင်ငံ  ဂျာမနီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, iv, vi
ကိုးကား ၃၆၇
ဒေသ** ဥရောပ နှင့်မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ယူနက်စကို ယဉ်ကျေးမှုကော်မရှင်၏ ကမ္ဘာ့အမွေအနှစ် ညီလာခံ၏ အဆိုအရ

"ထရိုင်ရာသည် ရောမအင်ပါယာ ပြိုကွဲပြီးနောက် ပေါ်ပေါ်သော ကြီးမာသော ရောမ မြို့တော်ကြီးတစ်ခု၏ ဥပမာ ဖြစ်သည်။ တော်ဝင်နန်းတော် အပါအဝင် အော်လာ ပါလာတီနာနှင့် တော်ဝင်ရေချိုးဆောင် တို့၏ အကြွင်းအကျန်များသည် သူတို့နည်း သူတို့ဟန်နှင့် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သည်။ မြို့တော်သည် ရောမ ယဉ်ကျေးမှုလောက၏ ပြောင်မြောင်သော သက်သေခံအထောက်အထားအဖြစ် ထိန်းသိမ်းထားသော အထိမ်းအမှတ်အဆောက်အဦးများ ဖြစ်သော ခံတပ်တံတိုင်းများ၊ ရေချိုးဆောင်များ၊ ပြဇာတ်ရုံများ၊ ကုန်လှောင်ရုံများ စသည်တို့၏ အရည်အတွက်နှင့် အရည်အသွေးတို့က ပြသနေသည်။ အထူးသဖြင့် မြို့တော်အတွင်း ထွန်းကားခဲ့သော ဈာပနဆိုင်ရာ အနုပညာများ နှင့် အိုးထိန်းသည်များ၊ မှန်ထည်ပြုလုပ်သူများ နှင့် ငွေကြေးသွန်းလုပ်သများ၏ လက်မှုပညာများ ဖြစ်သည်။" [၁]

၂၀၀၉ ခုနှစ်တွင် ဖော်ပြပါနေရာအား ၁၀၀ တန် ရွှေ ယူရိုကွိုင်တွင် ထည့်သွင်း ထုလုပ်ခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ UNESCO World Heritage Centre။ Roman Monuments, Cathedral of St Peter and Church of Our Lady in Trier – UNESCO World Heritage Centre။ UNESCO။ 2005-10-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-01-31 တွင် ပြန်စစ်ပြီး။
  2. "UNESCO-Welterbe-Dom zu Speyer" prägt 100-Euro-Goldmünze (in de)။ Deutsche Welle (12 December 2018)။ 6 February 2022 တွင် ပြန်စစ်ပြီး။ “Die Münzserie begann 2002 mit der ersten Goldmünze in Euro-Währung...In den Folgejahren wurden Weltkulturerbestätten in Deutschland als Motiv verwendet:..UNESCO Welterbe - Römische Baudenkmäler Dom und Liebfrauenkirche in Trier (2009)(The coin series started in 2002 with the first gold coin in euro currency...In the years that followed, World Heritage Sites in Germany were used as motifs:...UNESCO World Heritage - Roman monuments Cathedral and Church of Our Lady in Trier (2009)”