ထားထားနွယ် (ရုပ်ရှင်သရုပ်​ဆောင်)

ရုပ်ရှင်သရုပ်ဆောင် ထားထားနွယ်သည် ရုပ်ရှင်သရုပ်ဆောင် တင်တင်ညို၏ အစ်မအရင်း ဖြစ်သည်။ ဇာတိမှာ ရန်ကုန်မြို့ဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက်ရှိသည့်အနက် အကြီးဆုံးဖြစ်သည်။ နာမည်အရင်းမှာ သန်းသန်းမြင့် ဖြစ်သည်။ သန်းသန်းမြင့် အဖြစ်နှင့်ပင် ရုပ်ရှင်ထဲ စတင်ရောက်ခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် သူ၏ လက်ဦးဆရာ ဒါရိုက်တာ၊ စာရေးဆရာ ရွှေဒုံးဘီအောင်၏ ဒေါက်တာအောင်ကျော်ဦး ဇာတ်ကားတွင် (၈)နှစ် သမီးအရွယ်တွင် ကလေးဇာတ်လိုက်အဖြစ် စတင်၍ ပါဝင်ခဲ့သည်။


ကိုးကား ပြင်ဆင်ရန်