ထိပ်တင်ဆန်း
ထိပ်တင်ဆန်းသည် မန္တလေးမြို့မ အပျော်တမ်း တူရိယာ အဖွဲ့အသင်းကြီး၏ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ပြီး ပင်တိုင်အဆိုတော်တစ်ယောက် ဖြစ်သည်။
ထိပ်တင်ဆန်းသည် မန်းစည်ပင်တေးဂီတကိုလဲ စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ဂီတမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေးတိုင်း)တွင်လဲ တိုင်းတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြို့မနှင့်အတူ စီးရီးများစွာထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက် သီချင်းများစွာ သီဆိုခဲ့သူလဲ ဖြစ်သည်။
သူ၏စတိုင်
ပြင်ဆင်ရန်မန္တလေးတွင် ထိပ်တင်ဆန်းအား တွေ့လိုက်လျှင် သူ၏ ဝတ်စားပုံသည် သူများနှင့်မတူ တမူထူးခြားနေ၏။ ဘိတ်သိပ်ဆရာ မင်္ဂလာဆောင် သွားမည့်ပုံစံနှင့် တူနေသည်။ တစ်ခါတစ်လေ ထိုအဝတ်အစားများနှင့် စက်ဘီးစီးပြီးသွားတာ တွေ့ရတတ်သည်။ မြန်မာဆန်လှသည်။ အလှူများ၊ မင်္ဂလာဆောင်များတွင် မြန်မာသီချင်းများကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်သည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၂၀၀၉-ခုနှစ်၊ ဇူလိုင် ၁ဝရက် မွန်းလွဲပိုင်း မန္တလေးမြို့ နန်းတော်ရှေ့ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်မှာ အသက် (၆၃)နှစ်ရှိပြီဖြစ်ပြီး သမီးငယ်တစ်ဦး ကျန်ရှိခဲ့သည်။ ကွယ်လွန်ချိန်အထိ အနုပညာတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မန်းစည်ပင်တေးဂီတက အနားယူပြီးနောက်တွင် မြို့မအသင်းကြီးမှာပင် တစ်စိုက်မတ်မတ် ပါဝင်လှုပ်ရှား ဆောင်ရွက်သွားခဲ့သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 22 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။